““ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ၊
တရား၏အပြစ်ကိုဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ““ဤစကားသည် ဤအကြောင်းကြောင့်လည်းမဟုတ်၊
ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ”” ဟု မဟုတ်သည်ကို
မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းရမည်။”” (ဒီဃနိကာယ်၊ သီလက်္ခန်ပါဠိတော်၊ ဗြဟ်္မဇာလသုတ်)
(၁) ဗုဒ်္ဓ၀ါဒသည် ဖန်ဆင်းရှင်အား ပစ်ပယ်သော ၀ါဒဟု မည်သို့မျှ ၀န်ခံနိုင်ခြင်းမရှိကြောင်း
ပိဋကတ် တော်အား ကြေညက်နှံ့စပ်သူတိုင်း ၀န်ခံရမည်ဖြစ်သည်။ --×××--
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်သည်လည်းကောင်း၊
အဘိညာဉ်ရ ထေရီ/ထေရာတို့သည် လည်းကောင်း၊ ဒေ၀တာတို့သည်လည်းကောင်း ဖန်ဆင်းဆင်းခြင်းဆိုင်ရာ
ဣဒ်္ဓိတန်ခိုးကို အဘိညာဉ်အစွမ်း၊ ကမ်္မကိဒ်္ဓိအစွမ်းဖြင့် ပြီးစေကြောင်း မြောက်မြားစွာသော
ပါဠိတော်တို့တွင် အလွယ်တကူလေ့လာနိုင်ပါသည်။ သို့သော် ထိုတန်ခိုးရှင် ဖန်ဆင်းရှင်တို့ထံ၌
ဝတ်ပြုမှု Worship ပြုခြင်းသည် မြတ်သောအကျိုးမရှိ။
တိုင်တည်ဆုတောင်းမှုသည်လည်း အချည်းအနှီးပင်ဖြစ်ကြောင်း ဟောကြားထားပါသည်။
(၂) မီးတိုင်ငယ်တစ်ခုလင်းရန် ပိန်းပိတ်အောင်ထူသည့် အမှောင်ထုကြီးမှာ အပံ့အပိုးသာဖြစ်၏။
အလားတူပင် ကိုယ်တော်ဂေါတမဟူသော ဗုဒ်္ဓဘွဲ့ဆောင် ဉာဏ်စဉ်တော်ဆောင် ပုဂ်္ဂိုလ်မြတ်တစ်ပါး
ပွင့်ပေါ်ရန်မှာ အခြားအခြားသော ဉာဏ်စဉ်တော်ဆောင်များ ပွင့်ပေါ်ရန်အတွက် လိုအပ်သော ပတ်ဝန်းကျင်
အပံ့အပိုးကြီး လိုအပ်ပေသည်။--×××--
တက်္ကနည်းမကျသော
ဥပမာမျိုးသာဖြစ်သည်။ မသင့်လျော်သောနည်းဖြင့် အကြောင်းကို ရှာခြင်းမျိုးဖြစ်နေသည်။ ဥပမာ
သူအဆင့် ၁ ရသည်မှာ အခြားသူများထက် စာကြိုးစား၍ ကောင်းစွာဖြေဆိုနိုင်ခြင်းဖြစ်သည်ဟု
ယူဆရမည့်အစား အခြားသူများ အဆင့် ၁ မရ၍ ဖြစ်သည် ဟု ယူဆသကဲ့သို့ ဖြစ်သည်။ အကျိုးအဆက်အားဖြင့်
အဆင့် ၁ ရလိုလျှင် ကောင်းစွာ စာကြိုးစား ဟု နားလည်ရမည့်အစား အဆင့် ၁ ရလိုလျှင် အခြားသူများ
စာမရအောင်လုပ်ဟူသည့် သဘော သို့သာ သက်ဝင်ပေမည်။ ဤဥပမာမျိုးသည် ထာဝရပရမတ်ဘုရားက တစ်ယောက်သောသူကို
ဉဏ်စဉ်ပေး ကံစမ်းမဲဖောက်ရန် အခြားသူများကို လမ်းလွှဲအမှောင်ဖုံးစေလျက် နောင်တွင် ထာဝရ
ငရဲ၌ ကျက်စားစေရမည်ဟု ဆိုသကဲ့သို့ပင်ဖြစ်သည်။
(၃) ကိုယ်တော်ဂေါတမ မပွင့်မီ ပတ်ဝန်းကျင်ကြီးသည် ဆရာစဉ်ဖွင့်ဆိုသော အတ်္တ၀ါဒကြီးနှင့်သာ
လွှမ်းခြုံလျက်ရှိ၏။ တစ်နည်းအားဖြင့် ဆရာစဉ်ဖွင့်ဆိုသော ဖန်ဆင်းရှင်ဝါဒ အုပ်ဆောင်းကြီးထဲမှ
ပတ်ဝန်းကျင်တစ်ခုလုံး ရုန်းထွက်နိုင်ခြင်း မရှိဘဲလျက် အမှန်စင်စစ် ပရမတ်ဘုရားရှင်
(အလ်္လာဟ်) အား ကိန်းဆိုက်သိမြင်နိုင်ခြင်းမရှိဘဲ တာတမံပိတ်ဆို့ထားသည့် မြစ်ကြီးတစ်ခုထဲသို့
စီးထွက်ခြင်းမရှိ အမှိုက်သနှစ်များဖြင့် ညစ်ထေးလျက်ရှိတော့၏။--×××--
ဆရာစဉ်ဖွင့်ဆိုသော
ဖန်ဆင်းရှင်အတ်္တ၀ါဒ မြစ်ဖျားခံရာကို ဗြဟ်္မဇာလသုတ် (ဒီဃနိကာယ် သီလက်္ခန်ပါဠိတော်) နှင့်
အဂ်္ဂညသုတ် (သုတ်ပါတိက၀ဂ်) များတွင် မြတ်စွာဘုရားရှင် ဟောကြား တော်မူခဲ့ပါသည်။ ထိုဒေသနာကို
ဗြဟ်္မဏပုဏ်္ဏားတို့ကလည်း ““ကြားဖူး၏”” ဟု လက်ခံခဲ့ပါသည်။ အတိတ်ဘ၀များကို ထင်ရှားသိနိုင်သော
သမဏ၊ ဗြဟ်္မဏတို့၏ မပြည့်စုံသည့် အမြင်ကို မြစ်ဖျားခံ သော ၀ါဒဖြစ်၏။ ““ကျမ်းစာအုပ်ထဲကပါသတဲ့””၊
““တစ်ယောက်သောကိုယ်စားလှယ်ကြီးရဲ့ စကားပဲ”” စသည့်အကြောင်းများကြောင့် အတ်္တ၀ါဒဖြစ်လာသည်မဟုတ်။
ဈာန်ကျင့်စဉ်များ ပေါက်မြောက်ပြီး သော ““အဋ္ဌက၊ ၀ါမက၊ ဂါမဒေ၀၊ ဝေသာမိတ်္တ”” စသည့် ရသေ့များ
ပို့ချခဲ့သည့်ဝေဒကျမ်းဂန်များဖြစ်ခြင်း၊ ရှေးက သီလရှိသော ဗြဟ်္မဏရသေ့များက ထိန်းသိမ်းလာခြင်း၊
ဥဒကရသေ့တို့ကဲ့သို့ မိမိကိုယ်တိုင် ဈာန်တရားကျင့်ကြံနိုင်ခြင်း စသည့်အချက်များကြောင့်
ဖန်ဆင်းရှင် အတ်္တ၀ါဒသည် အခြေခိုင်လျက် ရှိ၏။ သို့သော်နိဂဏ္ဌနာဋပုတ်္တ၊ မက်္ခလိဂေါသာလ၊
ပူရာဏကဿပစသော ဆရာများ၏ ၀ါဒများ လည်း ထိုအခါက ရှိခဲ့လေသည်။ (ဒီဃနိကာယ်၊ သီလက်္ခန်ပါဠိတော်၊
သာမညဖလသုတ်)
ဤလောက၌
အနတ်္တ၀ါဒမှအပ အလုံးစုံသော အယူဝါဒတို့သည်လည်းကောင်း၊ ဘာသာမဲ့ တို့သည်လည်းကောင်း၊ အဓိကအားဖြင့်
““ငါသည် အတိတ်ဘ၀ကဖြစ်ခဲ့သည်”” ““ငါသည် အတိတ် ဘ၀က မဖြစ်ခဲ့”” ““ငါသည် သေလွန်ပြီးနောက်ဖြစ်ဦးမည်””
““ငါသည် သေလွန်ပြီးနောက် မဖြစ်တော့”” ဟူသော ပုဂ်္ဂိုလ်သတ်္တ၀ါသူငါ ပညတ်အပါ် အတ်္တအမြင်စွဲရှိသည်သာတည်း။
တစ်ခုတည်းသော ပရမတ် ဘုရား (အလ်္လာဟ်)ကား မြဲ၏ အစိုးရ၏ဟူသောအယူသည် ဗြဟ်္မဇာလသုတ်လာ ““ဧကသစ်္စဿတ၀ါဒ””နှင့်
တိတ်္ထာယနသုတ်လာ ““ဣဿရနိမ်္မာန၀ါဒ”” များအတွင်း
အကျုံးဝင်၏။
(၄) ထိုသို့သော အခြေအနေတွင် ဘာသာတရား၏ မွေ့လျော်သူများက မူလဇစ်မြစ် ပရမတ်ဘုရားရှင်
(အရ်ဗီခေါ် အလ်္လဟ်) အဂ်္ဂညတရားအားတွေ့သိရန် အပြိုင်ကြိုးစားကြလေတော့သည်။--×××--
မြတ်စွာဘုရားရှင်လက်ထက်အခါတွင်
မိမိအတ်္တ(ငညိငလငိကျေူသကူ) စင်ကြယ်အောင် ယောဂကျင့်စဉ်မျိုးစုံ ဖြင့် ကြိုးစားကာ ပရမအတ်္တ (ကညငလနမျေူသကူ) နှင့် ပေါင်းစပ်သွားရန်
ကြိုးပမ်းကြသူများသာမက ပူရာဏကဿပ၊မက်္ခလိဂေါသာလစသော ဆရာကြီး (၆)ဦး၏ တပည့်များ၊ အယူဝါဒငြင်းခုန်သူ
ပရိဗိုဇ်များ၊ ဥပတိဿ၊ကောလိတတို့ကဲ့သို့မသေရာတရားရှာဖွေသူများ၊ ဥဒကရသေ့ကဲ့သို့ ဈာန်လမ်းသွားသူများ၊
ဥရုဝေလကဿပရသေ့များကဲ့သို့ မီးကို ပူဇော်သူ ကမ်္မကြိယာဝါဒီများ၊ ဒိဋ္ဌဓမ်္မသုခဟုဆိုကာ ကာမဂုဏ်မွေ့လျော်သူများ
စသည်ဖြင့် အယူဝါဒပေါင်းစုံရှိလျက်သား ဖြစ်၏။ သံသရာကို ငြီးငွေ့သောသူများက အမှန်တရားကို
ရှာဖွေရန် နည်းအစုံစုံ လက်လှမ်းမှီရာဖြင့် ကြိုးစားသကဲ့သို့ ဘ၀ နာကျဉ်းချက်ရှိသူများ၊
ဥပမာ မတရားစွပ်စွဲခံရသူ၊ ဒုစရိုက်မှုပြုခံရသူများက မူလဇစ်မြစ် ပရမတ် ဘုရားကို ရင်ဆိုင်ရန်
အပြိုင်ကြိုးစားခြင်းများလည်း ရှိနေနိုင်ပေတော့သည်။
(၅) ကိုယ်တော်ဂေါတမသည် ထိုသို့ အပြိုင်ကြိုးစားနေသူများမှ တစ်ဦးသာဖြစ်သည်။
ရှေးဘ၀အဆက် ဆက်က ပါရမီဖြည့်ဆည်းခဲ့ရသည်ဟူသော မိုးကျရွှေကိုမဟုတ်ချေ။--×××--
ဘုရားလောင်း
သိဒ်္ဓတ်္ထမင်းသားသည် ကိုယ်တိုင်က အိုတတ်သော သဘောရှိပါလျက်၊ နာတတ်သောသဘောရှိပါလျက်၊ သေတတ်သောသဘောရှိပါလျက်၊
အိုမင်းယိုယွင်းပျက်စီးတတ် သော သက်ရှိသက်မဲ့တို့ကို စွဲယူသိမ်းပိုက်လိုခြင်းမရှိတော့ဘဲ
ပါရမီဉဏ်ရင့်သန်သည့်အားလျော်စွာ လိုအပ်မှု အမှုကိစ်္စနည်းသောရဟန်းဘ၀ကိုယူ ၍ နန်းတွင်းမှထွက်ပြီး တရားရှာခြင်းဖြစ်သည်။ မည်သည်ကိုတွေ့အောင်
ဥပမာ ဗြဟ်္မာကိုတွေ့အောင်ဆိုပြီး အားထုတ်ခြင်းမျိုးမဟုတ်နိုင်ပေ။ မျက်မှောက်ဘ၀၌ပင် အထူးကဲဆုံးသော
သစ်္စာတရားကို ထင်ရှားသိရန်ဖြစ်သည်။ (ထိုငါသည် ဤဆိုခဲ့သည့် အတိုင်း ရဟန်းဖြစ်ပြီးလျက်
သာလျှင် အဘယ်အရာသည် အပြစ်ကင်းသော တရား ပေနည်းဟု ရှာဖွေလျက်, အဘယ်အရာသည် (အတုမရှိ) မြတ်သော
ငြိမ်းအေးရာ နိဗ်္ဗာန်နည်း ဟု ရှာဖွေလျက် ကာလာမ အနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးနောက်
ကာလာမ အနွယ်၌ ဖြစ်သော အာဠာရကို ““ငါ့သျှင်ကာလာမ ငါသည် ဤသာသနာတော်၌ မြတ်သော အကျင့်ကို
ကျင့်လို၏”” ဟု ဤစကားကို ပြောဆို၏အဂ်္ဂိဝေဿန ဤသို့ ပြောဆိုသော် ကာလာမ အနွယ်၌ ဖြစ်သော
အာဠာရက ““အသျှင်သည် နေပါလော့၊ဤတရားကား ပညာရှိ ယောက်ျားသည် မကြာမီပင် မိမိ၏ ဆရာအယူကို
ကိုယ်တိုင် ထူးသော ဉဏ်ဖြင့်မျက်မှောက် ပြုလျက် ပြည့်စုံစေ၍ နေနိုင်ရာသော သဘော ရှိပါ၏””
ဟု ငါ့အား ပြောဆို၏။အဂ်္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာ သာလျှင် ထိုတရားကို သင်ယူ၏။
အဂ်္ဂိဝေဿန ထိုငါသည် နှုတ်ခမ်း လှုပ်ရုံမျှသာ ဆိုပြသည်ကို လိုက်ဆိုရုံ မျှလောက်ဖြင့် သာလျှင်
သိပြီ ဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီ ဟူသော စကားကို လည်းကောင်း ပြောဆို နိုင်၏။
ငါကိုယ်တိုင်ကလည်း သိ၏မြင်၏ဟု ၀န်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြ ကုန်၏။ အဂ်္ဂိဝေဿန
ထိုငါ့အား ကာလာမ အနွယ်၌ ဖြစ်သော အာဠာရသည် ဤတရားကို “ကိုယ်တိုင် ထူးသော ဉဏ်ဖြင့် မျက်မှောက်
ပြုကာပြည့်စုံစေ၍ နေရာ၏” ဟု ယုံကြည်မှု သက်သက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ်အားဖြင့်ကာလာမ
အနွယ်၌ ဖြစ်သော အာဠာရသည် ဤတရားကို သိမြင်လျက် နေ၏”” ဟု အကြံ ဖြစ်၏။ မဇ္ဈိမနိကာယ် မူလပဏာသပါဠိတော်
မဟာယမက၀ဂ် မဟာသစ်္စကသုတ်။)
ထိုတရားသည်
မည်သို့မည်ပုံရှိမည်ကို ကြံတွေးမနေတော့ဘဲ အနှိုင်းမဲ့အထူးကဲဆုံးကို ကိုယ်တော်တိုင်သိလျှင်
လုံလောက်ပြီသာဖြစ်၏။ ထို့ကြောင့် ဥဒကနှင့် အာဠာရရသေ့များထံ၌ ဈာန်တရား ရစဉ်ကပင် ပါရမီအလျောက်
စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ထိုခေတ်က ဒုက်္ကရစရိယာတပအကျင့်သည် ထင်ရှား သည်။ ၎င်းင်းကျင့်စဉ်လည်း
အမှန်မဟုတ်ကြောင်း သိချိန်၌ စွန့်ခွာသည်။ ဘုရားလောင်း သိဒ်္ဓတ်္ထ မင်းသားသည် ပါရမီဉဏ်
ရင့်သန်ချိန်ဝယ် ““သမ်္မာသံဗုဒ်္ဓ””ဟု ဆရာမကူ အလိုလို မိမိပါရမီအစွမ်း ဖြင့် သိစရာတရားတို့ကို
မကြွင်းမကျန် ထင်ရှားသိမြင်လေ၏။ မြတ်စွာဘုရားအဖြစ် ရောက်တော် မူရန် ပါရမီဖြည့်ကျင့်ရကြောင်း
ဥဒ်္ဒကနိကာယ် စရိယာပိဋကတ်တော်၌ ထင်ရှားလေ့လာနိုင်သည်။ ဗုဒ်္ဓသည် အိမ်ခေါင်မိုးကိုခွဲ၍
ဉာဏ်ပညာကို သူတပါးက နှလုံးအတွင်း ထည့်သွင်းပေးခြင်းခံရသူ မဟုတ်ချေ။
(၆) အဘယ်ကြောင့်ဆိုသော် အရာရာအား မွေးရာပါ သိခဲ့ခြင်းမဟုတ်ဟူသော သူ့ဘ၀မှတ်တမ်းများက
သက်သေခံလျက်ရှိတော့သည်။--×××--
အရာရာကို မွေးရာပါသိသူဖြစ်မှသာ
ဖန်ဆင်းရှင် ထာဝရဘုရား၏ ကံစမ်းမဲဖောက်ခြင်း ခံရသူဟု ဆိုထိုက်ပါသည်။ ဘုရားလောင်း သိဒ်္ဓတ်္ထမင်းသားသည်
မရှိသော ဖန်ဆင်းရှင်၏ အကူအညီမပါ အဟုတ်ရှိသော ပါရမီကံတရားအစွမ်းဖြင့် သဗေ်္ဗညုတဉဏ်တော်မြတ်ကို
ရခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် မည်သည့်သာသနာနှင့်မျှ မတူသော သီလ၊ သမာဓိ၊ ပညာ၊ မဂ်္ဂင်လမ်းမြတ်
ကို ဟောကြားတော်မူခဲ့ပါသည်။ စိတ်စေတသိက်ရုပ်တို့၏ အပြန်အလှန်ကြောင်းကျိုးဆက်နွယ် သံသရာလည်ပတ်
ဖြစ်ပျက်နေပုံကို ရှင်းလင်းပြည့်စုံစွာ ဟောကြားတော်မူခဲ့ပါသည်။ ဓနြူငန် ငည တသမျ့ငစဓ
မှ လွန်မြောက်သော ဗုဒ်္ဓသာသနာဝင်ဖြစ်ရခြင်းသည် ရှေးကုသိုလ် အလွန်ကောင်း၍ ဖြစ်ပေမည်။
(၇) သူသည်မိရိုးဖလာမှ ပြောဆိုသွန်သင်ခဲ့သော တရားပေါက်မြောက်ရန် ဘာသာရေး
လူတန်းစားသို့ ကူးပြောင်းရမည် လောကီသာမန်လူသားဘ၀ကို စွန့်လွှတ်ရမည်၊ တရားဘာဝနာ ကျင့်ကြံရမည်
စသည့် မိရိုးဖလာ သွန်သင်မှုများအလျောက် သူကိုယ်တိုင်ရှေးအစဉ်အလာအတိုင်း လိုက်နာ ကျင့်ကြံခဲ့ရသည်သာ
ဖြစ်သည်။ --×××--
ထိုအကြောင်းကို
အမှတ် (၅)မှာ ရှင်းခဲ့ပြီးဖြစ်သည်။ သိဒ်္ဓတ်္ထမင်းသားရဲ့ လောကီဘ၀သည် သာမန်ကုလားအုတ်ကုန်သည်၊
မုဆိုးမယောက်ျားမဟုတ်ဘဲ မယ်တော် နတ်ရွာစံ သွားသဖြင့် အလိုလိုက်ခံရသော မင်းသားဘ၀ဖြစ်သည်။
ထို့အပြင် သံယောဇဉ်တွယ်စရာ သားတော် လေးက ချည်နှောင်ထားပြန်ပါ၏။ သိဒ်္ဓတ်္ထမင်းသားက လောကီကို
နည်းလမ်းနှလုံးသွင်း မှန်ကန်စွာဖြင့် ငြီးငွေ့၍ တောထွက်ကျင့်ရခြင်းဖြစ်သည်။ ““ငါသည်
အပူဇော်ခံဘုရားရှင်လုပ်အံ့”” ဟူသော စိတ်ထားဖြင့် တကိုယ်ကောင်းဆန်စွာ တောထွက်ခြင်းမဟုတ်ဘဲ
အများချမ်းသာရေးအတွက် တောထွက်ကျင့်ကာ မိသားစုနှင့် ခွဲခွာခဲ့ရခြင်းဖြစ်သည်။ အနစ်နာခံပေးဆပ်ခဲ့ကြောင်း
စရိယာ ပိဋကတ်မှာ လေ့လာနိုင်ပါသည်။ ““အနစ်နာခံသည်”” ဆိုသည်မှာ ဒေါသဖြင့် တုန့်ပြန်ခြင်းမပြု၊ဆန်္ဒဖြင့်
တုန့်ပြန်ခြင်းမပြု လုပ်သင့်ရာကို လုပ်ရပါသည်ဆိုသော သဘောမျိုးဖြစ်သည်။ အကုသလဟိတ်ပါသော
တုန့်ပြန်ခွင့် အခွင့်အရေးများကို စွန့်ခြင်းပင်ဖြစ်သည်။
ဗုဒ်္ဓဘာသာတွင် ငါသူတပါးမရှိဟုဆိုလိုက်၊
ဘ၀အဆက်ဆက် ပါရမီဖြည့်လာသည်ဆိုလိုက်၊ အမျိုးမျိုးဖြစ်နေသည်မဟုတ်ပါ။ မိလိန်္ဒအမေးများ
တွင် လွယ်လင့်တကူ လေ့လာနိုင်ပါသည်။ ပါဠိတော် တွင်လည်း သာတိရဟန်း၏ အဓမ်္မအယူကို ရှင်းလင်းပေးခြင်း၌
လေ့လာနိုင်ပါသည်။ ကံတရားဖြင့် ကြောင်းကျိုး ဆက်နွယ်ဖြစ်ပျက်မှု အစဉ်သန်္တာန် အစဉ်ကိုအစွဲပြု၍
ပုဂ်္ဂိုလ်သတ်္တ၀ါသူငါ ခွဲခြား သတ်မှတ်နေကြောင်း သိမြင်နိုင်ပါသည်။
(၈) ထိုအချက်ကို အခြေခံလျက် ဘာသာရေးလူတန်းစား ဂိုဏ်းဆရာများက မိမိတို့ကိုယ်တိုင်ပင်လျှင်
အတ်္တများအဖြစ် တစ်သားတည်းဖြစ်လျှက် မူလဇစ်မြစ်အတ်္တအဖြစ်ခံယူကာ အခြားသူများနှင့်မတူ
တမူထူးခြားလျက် ကိုးကွယ်ပူဇော်ခံဘုရားများအဖြစ် ဖန်တီးယူခဲ့ကြတော့သည်။--×××--
ထိုသို့
ဖန်တီးယူသော ဂိုဏ်းဆရာများသည် အကယ်၍များ ဆိုးဝါးသည်ဟု မှတ်ယူအံ့။ ထို ဂိုဏ်းဆရာများနှင့်
ထိုအဖြစ်အပျက်များကို ဖန်တီးသော ဣဿရနိမ်္မာန ထာဝရဘုရား ဖန်ဆင်းရှင်သည် သာ၍ ယုတ်မာဆိုးဝါးသူဖြစ်လတ်္တံ့။
အကယ်၍ ထိုအခြင်းအရာသည် ဖန်ဆင်းရှင်၏ အလို မပါဘဲ ဖြစ်အံ့။ ထိုဖန်ဆင်းရှင်သည် မကောင်းမှု
မတားဆီးနိုင်သူ၊ ဉဏ်ပညာ စဉ်းစားတွေးခေါ်ခြင်းမရှိ ဖန်ဆင်းသူ၊ အနာဂတ်ကို မသိသူသာဖြစ်လတ်္တံ့။
(မှီငြမ်း-တိတ်္ထာယနသုတ်)။ အကယ်၍ အဖန်ဆင်းခံများအား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးငြားအံ့။
ထိုဂိုဏ်းဆရာ၏ အပြုအမူကြောင့် အခြားသူများအပေါ် အကျိုးသက်ရောက်မှု အပေါ် ကရုဏာမထား ပညာမရှိသူ
ဖန်ဆင်းရှင်သာဖြစ်လတ်္တံ့။ အကယ်၍ အဖန်ဆင်းခံများသည် မည်သည့်အကြောင်းကြောင့် မည်သည့်အကျိုးဖြစ်မည်ကို
မွေးရာပါ သိနိုင်စွမ်းပေးထားအံ့။ ထိုအခါ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသည်မည်၏။ ကြောင်းကျိုး
ဆက်စပ်မှု နိယာမ၌ အနည်းငယ်မျှပင် အသုံးမ၀င် နေရာမရသော ဖန်ဆင်းရှင်၌ ဓနြူငန် ငည တသမျ့ငစဓ
ပြုခြင်းသည် အကျိုးမရှိ။ ထိုနိယာမကို ဖန်ဆင်းသည်ပဲဆိုပါစေဦး ရေသောက်လိုလျှင် ကိုယ်တိုင်သောက်မှရ၏။
Worship ဖြင့် ရေငတ်မပြေ။ ဖန်ဆင်းရှင်သည် ဤနည်းအား ဖြင့် အပိုသက်သက်သာဖြစ်ကြောင်း
တက်္ကီပုဂ်္ဂိုလ်တို့ ကြံဆ၏။ ပါရမီတော်တည်းဟူသော အကြောင်းကြောင့် သဗေ်္ဗညုဉဏ်ရှင် မြတ်ဗုဒ်္ဓတွင်
““ရုပ်၊စိတ်၊ စေတသိတ်၊ နိဗ်္ဗာန်”” သာ ပရမတ် ရှိကြောင်း နှင့် ထိုပရမတ်များ အပေါ် သတ်မှတ်ခေါ်ဆိုမှု
ပညတ် ရှိကြောင်း သာ ညေယျဓံတရား အနေဖြင့် သိမြင်၏။
(၉) သို့ဖြစ်၍ လူသားချင်းကြား အမျိုးဇာတ်များ ကွဲပြားလာရတော့သည်။--×××--
အတိတ်ကံများ
မတူခဲ့ကြ၍ မွေးရာဇာတိအခြေအနေချင်း မတူ၊ ငယ်စဉ်ကအခြေအနေ ကလည်း မျက်မှောက်ဘ၀ လုပ်ရပ်များအပေါ်မူတည်၍
ကွဲပြားခြားနားလာပေတော့သည်။ ဖန်ဆင်းရှင်၏ အလိုမပါဘဲ ဂိုဏ်းဆရာများကြောင့် ဆရာ၊ တပည့်
ကွဲပြားသွားသည်ဟု ဖန်ဆင်းရှင် ကိုးကွယ်သူများက မဆိုအပ်ပေ။
(၁၀) အရာရာတွင် ဇစ်မြစ်အတ်္တဗြဟ်္မာကြီး၏ ဂုဏ်ဒြပ်များ ကိန်းဝပ်လျက်ရှိသည်။
(အာရ်ဗီစကားဖြင့် အရာရာ၌ အလ်္လာဟ်ဆွေဖာ့တ်တော်များ ကိန်းဝပ်လျက်ရှိသည်) ဟူသော အကြောင်းပြချက်ဖြင့်
ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်သည့် ဓလေ့များ ဖြစ်တည်လာတော့သည်။--×××--
အခြားသော
အမြင်ဖြင့် လေ့လာသုံးသပ်လျှင် အရာရာ၌ ဂုဏ်ဒြပ်ဆွေဖာ့တ်တော်များ ကိန်းဝပ်လျက်ရှိသည်ဟူသော
အကြောင်းပြချက်ဖြင့် ခန်္ဓာကိုယ်မှထွက်သော အညစ်အကြေးများကို ရွံရှာစွာ စွန့်ပစ်လျက်ရှိသည့်
သင်ယူစရာ မလိုသော ဓလေ့များဖြစ်တည်လာတော့သည်။ ထိုသို့ ဥပမာမျိုးဖြစ်သွားလျှင် မသင့်လျော်တော့ပေ။
ဖြစ်သင့်သည်မှာ တောရွာလေးတွင် မွေးဖွားလာ သော မွေးကင်းစကလေးသည် ဗြဟ်္မရော အလ်္လာဟ့်ကိုပါ
ကြားပင် မကြားစဖူး။ ငယ်စဉ်က ကစားစရာ ပုံတူအရုပ်လေးတွေထုသည်။ လယ်ယာလုပ်လျှင် ကျွဲနွားပုံလေးပြုမည်။
အထိမ်းအမှတ် သင်္ကေတများ ပြုလုပ်သည် စသည့် ဥပမာမျိုးများသာ ဆီလျော်ပေသည်။
(၁၁) ထိုအခြေအနေဆိုးများမှ လူသားအပေါင်းအား ကယ်တင်နိုင်ရန် ကိုယ်တော်ဂေါတမသည်
သဗေ်္ဗ သင်္ခါရာအနိစ်္စာ-ဖြစ်တည်လာသမျှသော သင်္ခါရသညာများသည် မြဲခြင်းမရှိဟု ကြွေးကျော်လျက်၊
သင်တို့ဆရာစဉ်ထင်မှတ်နေသော အတ်္တများသည် အနတ်္တများသာဖြစ်၏ဟု အတ်္တနှင့် အနတ်္တအား သရုပ်သဏ္ဌာန်စွဲပြခဲ့ခြင်းသာဖြစ်သည်။--×××--
ရှင်တော်ဂေါတမဗုဒ်္ဓသည်
သံသရာဝဋ်ဆင်းရဲမှ လူနတ်ဗြဟ်္မာတို့အား လမ်းပြကယ်တင်ရန် ““အကြောင်းတရားများ၏ ပြုပြင်စီရင်မှုကြောင့်
ဖြစ်ပေါ်လာသော အကျိုးတရား ခန်္ဓာ (၅)ပါးသည် ဖြစ်ပျက်ပြောင်းလဲလျက်ရှိ၏။”” အကြောင်းအကျိုး
ဆက်နွယ်ရာ သင်္ခတနယ်ဖြစ်သော ““စိတ်၊ စေသိတ်၊ ရုပ်””တို့၏ အနိစ်္စသဘောကို ရှင်းလင်းဖော်ပြခဲ့ပါသည်။
ဗုဒ်္ဓမြတ်စွာက
အတ်္တများသည် အနတ်္တဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်ပါချေ။ အတ်္တကိုယ်ကောင်သည် ရှိပင်မရှိ မိမိအလိုအတိုင်း
အကျိုးတရားများဖြစ်နေသည်မဟုတ် များစွာသောအကြောင်းတရားများ အထာက်အပံ့ဖြင့် အကျိုးတရားများ
ဖြစ်ပွားလျက်ရှိသည် တေဘူမကသင်္ခါရများ၏ မမြဲမှုကို တားမနိုင်ဆီးမရ စသော အနက်ရှိသည့် အနတ်္တကို
ဟောခဲ့ခြင်းဖြစ်သည်။ ဤအပိုင်းများ သည် ပရမတ်္ထဒေသနာ့ူအငာအေနွှမကအ့ ဖြစ်၍ အဘိဓမ်္မာသင်ယူထားပြီး
လက်တွေ့သတိပဌာန် ပွားပေမှသာူနမေည လနမပ တနူယ စမခေအငခနျပျအနာအေငခေူပ ဖြစ်ကာ လွယ်လင့်တကူ
သဘောပေါက် နားလည်ပေမည်။ ဗုဒ်္ဓဒေသနာတွင် ပရမအတ်္တ (ဖန်ဆင်းရှင့်ညငလနမျေူသကျူ) နှင့်
ဇီဝအတ်္တ (အဖန်ဆင်းခံ ငညိငလငိကျေူသကူ)ဟူ၍ မရှိပေ။ မြတ်စွာဘုရားသည် ဝေါဟာရအားဖြင့်
““ငါ””ဟူ၍ သုံးနှုန်းတတ်သကဲ့သို့ မိမိကိုယ်တိုင် ကြိုးပမ်းအားထုတ်ရန် ““မိမိ””ဟူ၍
““အတ်္တ””ကို စကားအနေဖြင့် သုံးနှုန်း လေသည်။ ““မိမိအလိုသို့မလိုက်၊စိတ်၊ စေသိက်၊ ရုပ်၊
သင်္ခတတို့သည် အကြောင်း အားလျော်စွာ ပြောင်းလဲဖြစ်ပျက်နေ၏”” ဆိုသော သဘောသာ အနတ်္တဖြစ်ပေသည်။
““ပြောင်းလဲ ဖြစ်ပျက်နေခြင်း မငြိမ်သက်မှုကပင် ထင်ထားသည့်အတိုင်းမဟုတ်၊ အနှစ်သာရမဲ့
ငြီးငွေ့ဖွယ် ဆင်းရဲ”” ဟူသည့် ဒုက်္ခသဘောဖြစ်သည်။
ဤအနတ်္တသဘောကို
ထင်ရှားစေရန် ဒေါက်တာနန်္ဒမာလာဘိဝံသ၏ အဖြေအချို့ကို ကူးယူ ဖော်ပြလိုပါသည်။ ““အနတ်္တဆိုတာ
ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူးလို့ ပြောတာမဟုတ်ဘူး။ ဖြစ်ပျက်မှုနှင့် အစဉ်ပြောင်းလဲနေတဲ့သဘောကိုပြောတာ၊
အနတ်္တလက်္ခဏာသုတ်ကိုဖတ်ကြည့်၊ လူတွေအပေါ်ယံကိစ်္စကို ပြောင်းလဲလုပ်ကိုင်နိုင်သော်လည်း
အို၊ နာ၊ သေ သဘောကို မချုပ်ကိုင်နိုင် ပါဘူး။ ဒါ အနတ်္တပေါ့၊ အကြောင်းတရားညီညွတ်ခြင်းကြောင်း
ဖြစ်နေသည်ကို ကိုယ့်ရဲ့ဆန်္ဒအရ ဖြစ်ပေါ်နေသည်ဟု ထင်တာပါ။ အကြောင်းတစ်ခုခု ချို့ယွင်းပျက်စီးသွားတာနဲ့
တပြိုင်နက် ဘာမှ လုပ်လို့မရဘူးဆိုတာ ထင်ရှားတယ်။ လေဖြတ်ခံထားရသူကိုပဲ ကြည့်ပေါ့၊ တကယ်တော့
ကိုယ်ဖြစ် ချင်တိုင်း ဖြစ်နေတယ်ဆိုတာ ဆိုင်ရာအကြောင်းလေးတွေ ရှိလို့ ဖြစ်နေတာပါ။””ပရမတ်္တဒေသနာကို
လေ့လာခြင်းဖြင့် သတ်္တ၀ါမရှိပုံကိုလည်းကောင်း၊ သတ်္တ၀ါဟု ပညတ် သညာပြုစရာ သန်္တန်စဉ်များကို
နားလည်နိုင်ပါသည်။
(၁၂) သင်္ခါရလောကဖြစ်သော ဤလောကီလောကသည် ယာယီမျှသာဖြစ်၏။ (၄၀း၃၀)။ အနှစ်သာရမရှိ
(၂၉း၆၄)။ ပေါ်ရိကမျှသာဖြစ်၏။ (၃၀း၇)ဟု သွန်သင်ထားသော ကျမ်းမြတ်ကုရ်အံ၏ ဒသနနှင့် ကြည့်လျှင်
ကိုယ်တော်ဂေါတမပြောဆိုခဲ့သော သဗေ်္ဗသင်္ခါရ အနိစ်္စာဆိုသည်မှာ ခြားနားခြင်း မရှိပေ။--×××--
ဗုဒ်္ဓရှင်တော်မြတ်သည်
““သဗေ်္ဗသင်္ခါရအနိစ်္စာ””ဟု ဟောပြခဲ့ပါ၏။ အကြောင်းမှာ သဘာဝ တရား၏ သဘောကို ရှင်းပြလို၍ဖြစ်၏။
ရှင်းပြလိုရခြင်းမှာ ခန်္ဓာ (၅)ပါး၏ မတည်မြဲပုံကို သိခြင်း ဖြင့် အကျိုးကျေးဇူးများစွာ
ရစေ၍ဖြစ်သည်။ သဘာဝကို ထိုးထွင်းသိမြင်ပြီး အာသ၀ကင်းကွာစေခြင်း၊ ကင်းကွာသည့်အဆင့်မရောက်သည်ပဲ
ထားပါဦးတော့။ မိမိလတ်တလော ချမ်းသာရေးအတွက် လွယ်လင့်တကူ ဒုစရိုက် (၁၀)ပါး မပြုလိုတော့ခြင်း၊
ဖြစ်ပျက်ဆုံးရာကို စိတ်ညွတ်ခြင်း၊ ကိလေသာအာသ၀များကို ဖယ်ရှားလိုခြင်း၊ ဖြစ်ပျက်ပြောင်းလဲမှုကြောင့်
ပူဆွေးမှုဖြစ်မလာခြင်း စသည်ဖြင့် အကျိုးများစွာ ရစေပါသည်။
Quran
Translation ကို အင်္ဂလိပ်
မြန်မာ စသည်ဖြင့် ဘာသာပြန်လေ့လာပါ။ ဗုဒ်္ဓသာသနာနှင့် မတူညီပုံကို ဖော်ပြလိုရင်းသာဖြစ်သည်။
ကျမ်းမြတ် ကုရ်အံ မှန်သည်မှားသည်ဟု ဝေဖန်ပုတ်ခတ်လိုခြင်းမဟုတ်ပါ။ထို့အတူ ပိဋကတ်သာအမှန်
ကျန်တာအမှားဟု လည်းမဆိုလိုပါ။
Holy
Quran ၂၉း၆၄ အရ ကာဖိရ် (အစ်္စလာမ်သာသနာကို
မယုံကြည်သူ)များ၏ မျက်မှောက်ဘ၀ အေးချမ်းမှုသည် အနှစ်သာရမရှိ။ အနှစ်သာရရှိသော တမလွန်နောက်ဆုံး
အဆုံး အဖြတ်ပေးမည့်နေ့တွင် ဂျဟန်္နမ် ထာဝရငရဲသို့ ကျရောက်စေမည်ဟု ဆိုသည်။ ၂၉း၆၄ နှင့်မဝေး
လှသော၂၉း၆၉ တွင်လည်း ယခုမျက်မှောက်ဘ၀ မုစ်လင်မ်များက အလ်္လာဟ်ရှင်မြတ်နဲ့ လမ်းခရီးတော်(3:146,
3:151, 3:152 အရ ကာဖိရ်များကို
သတ်ဖြတ်ကာ မုစ်လင်မ် ကမ်္ဘာတည်ထောင်ရေးလမ်း)၌ သက်စွန့်ကြိုးပမ်းလုပ်ကိုင်ရန် တိုက်တွန်းထားပါသည်။
40:30, 30:7, 64:10, 64:16 ကျမ်းချက်များကလည်း
မျက်မှောက်ဘ၀ ဘေးအန်္တရာယ် (ယာယီဘ၀၌) တမလွန်ဘ၀ ဘေးအန်္တရာယ် (ထာဝရဘ၀၌) များနှင့် ခြိမ်းခြောက်သတိပေးထားပါသည်။
ရည်ရွယ်ချက်မှာ၃း၁၄၂ တွင် ပြဋ္ဌာန်းသွန်သင်ထားသည့်အတိုင်း မုစ်လင်မ်များ စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရာ၌
သေသေကြေကြေ၊ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား ချေမှုန်းရန်နှင့် ဖန်ဆင်းရှင်ထာဝရဘုရား အလ်္လာဟ်ကို
ကြောက်ရွံ့ခန့်ငြားစေရန်သာဖြစ်သည်။ အထူးသဖြင့် ၄၇း၎ အရ တမလွန် ထာဝရဘ၀ကို လက်ညှိုး ညွှန်လျက်
တိုက်သာတိုက်ရန် တိုက်တွန်းလိုခြင်းဖြစ်သည်။ထိုသို့ ရည်ရွယ်ချက် အကျိုးသက်ရောက်ပုံ
ဆိုလိုရင်းအနက်ကား ကွာခြားလှပေတော့သည်။ ထိုအခါ ““အဘယ်ကြောင့် မုစ်လင်မ်များက ကာဖိရ်များကို
လိုက်လံသတ်ဖြတ်ခြင်း ယခုမပြုပါသနည်း””ဟု မေးရန်လည်း ရှိပေသည်။၃း၂၈ ကို လေ့လာဖတ်ရှုခြင်းဖြင့်
ရှင်းလင်းမည်ဖြစ်သည်။
(၁၃) သို့သော် ဤနေရာ၌ တိမ်မြုပ်နေသည်မှာ လောကအပေါင်း၏အစ အဂ်္ဂညအာရ်ဗီဘာသာဖြင့်
ဗဒီပင် ဖြစ်တော့သည်။--×××--
လောကအပေါင်း၏အစကို
သိလိုဖော်ထုတ်လိုလျှင် များစွာခက်ခဲမှုမရှိပေ။ ယခု ကျွန်တော်တို့အရှေ့က မှန်သားပြင်/စာရွက်၏အစကို
သိလျှင် လောက၏အစကို သိနိုင်ပြီဖြစ်၏။ ဥပမာ စာရွက်ကို ၀ါးမှပြုလုပ်၏။ မြောက်မြားစွာသော
စက်ကိရိယာများ၊ ဓာတုဗေဒပစ်္စည်းများ၊ ထုတ်လုပ် မှုနည်းလမ်းများ၊ အလုပ်သမားများကို သုံးရ၏။
ဝါးပင်သည် ၀ါးသီးစေ့မှ ပေါက်လာကာ နေ၊ ရေ၊ လေ၊ မြေမှလိုအပ်သောဓာတ်များဖြင့် အစာချက်လုပ်ပြီး
ကြီးထွားလာ၏။ စက်ကိရိယာပစ်္စည်းများ၊ ဓာတုဗေဒပစ်္စည်းများ၊ အလင်း၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်
သတ်္တုဓာတ်များက မည်သည့် အရာများကို အကြောင်းပြု၍ ဖြစ်လာရပါသနည်း။ မည်သို့ အကြောင်းပြုပါသနည်း
စသည်ဖြင့် သုတေသနပြု တွေးတောကြံဆပါက သက်တမ်းသာ ကုန်သွားမည် ကာဘွန်သံသရာ၊ ရေသံသရာ၊ ဓာတုသံသရာများအစကို
ရှာကြံ၍ပင် မရနိုင်ချေ။ ထို့အပြင် စက်္ကူဟူသည် ပညတ်သာဖြစ်၏။ စက်္ကူကိုဖွဲ့စည်းသော ပရမတ်ဖြစ်သော
ပထ၀ီ၊ တေဇော၊ ၀ါယော၊ အာပေါ၊ ၀ဏ်္ဏ၊ ဂန်္ဓ၊ ရသာ၊ သြဇာဓာတ်များ သည် စက်္ကူပျက်စီးသွားသော်လည်း
နည်းအမျိုးမျိုးဖြင့် လောကတွင် သံသရာလည် ပြောင်းလဲ တည်ရှိနေမည်ဖြစ်၏။ စက်္ကူသည် ဆွေးမြေ့သွားပြီ
ဆိုပါစို့။ စက်္ကူသည် ဇီဝပြိုကွဲပြီး စက်္ကူ၏ အမျှင် ဓာတ်၊ သတု္တဓာတ်များသည် ပုံစံအမျိုးမျိုး
ပြောင်းလဲကာ သိပ်္ပံနည်းကျ သံသရာလည်မည်သာ ဖြစ်၏။
စကြ၀ဠာများသည်
ှSuper Nova (Big burn) ပေါက်ကွဲမှုကြီးမှ ဖြစ်တည်လာသည်ဆိုပါက
အဆိုပါ ပေါက်ကွဲစရာ ကြယ်ကြီး သို့မဟုတ် လွန်စွာသိပ်သည်းသွားသော စကြ၀ဠာများတွင် ပါဝင်ဖွဲ့စည်း
ပေါင်းစပ်လာမှု အဆင့်ဆင့်ရှိပေသည်။ ထိုသိှု့ကစနမ ညသလသေီအိုရီအရလည်း ပေါက်ကွဲသွားလိုက်၊
ဖြစ်တည်လာလိုက်၊ ကျယ်ပြန့်သွားလိုက်၊ နောက်ဆုံးပြန်စုသွားပြီး တဖန်ပေါက်ကွဲ ကျယ်ပြန့်သွား
လိုက်ဖြစ်၏။ Google
Search တွင် လွယ်လင့်တကူ
ရှာဖွေနိုင်ပါသည်။
အတိအကျ
မိမိတွင်သိနိုင်သော ဉာဏ်ပညာမရှိသည်ဘဲနှင့် အထင်အမြင်မျှသာ ဖြစ်သော သူတစ်ပါး၏ စကားမျှသာဖြစ်သော
အခြင်းအရာဖြင့် စာရွက်ကို အကျိုးမရှိ သုံးသပ်နေမည့်အစား မှတ်သားဖွယ်ရာမသိ မဖြစ်တို့ကို
မမေ့လျော့စေရန် စာရွက်တွင် ရေးလိုက်ခြင်းကသာ ကျေးဇူး များပေသည်။ သိနိုင်လောက်စရာ မရှိတော့သော
သံသရာအစသည် ဗုဒ်္ဓသာသနာတွင် အရာ မထင်တော့ပေ (အဂ်္ဂညသုတ်အကြောင်း နောက်ပိုင်းတွင် ဖော်ပြမည်ဖြစ်သည်)။
လက်တွေ့ မျက်မှောက်သိစရာ တမလွန်ဘ၀ ဆိုင်းစရာမလိုသော ကိလေသာငြိမ်းအေးခြင်းဟူသည့် လောကီမဂ်
နှင့် မဂ် (၄)ပါး၊ဖိုလ် (၄)ပါး၊ နိဗ်္ဗာန်တည်း ဟူသော လောကုတ်္တရာတရား၊ နာလျှင်ချမ်းသာ၊
ကျင့်လျှင်ချမ်းသာ၊ ကျင့်ဆဲချမ်းသာ၊ ကျင့်ပြီး ချမ်းသာသော မြတ်ဒေသနာတရားများသာ ဗုဒ်္ဓဘာသာဝင်
သူတော်စင်တို့၌ ထင်ကျန်တော့သည်။
ဆေးပညာရှင်များသည်
ရောဂါတစ်ခုကုသရာ၌ အလုံးစုံသောရောဂါ ပိုးမွှားများများ၏ အစ အဂ်္ဂညကို လူနာအား ရှင်းပြမနေတော့ဘဲ
ရောဂါကူးစက်ပုံ မည်သို့မည်ပုံ ကူးစက်ပုံ၊ ဖြစ်လာ နိုင်သည့် ရောဂါလက်္ခဏာ၊ မည်သည့်ဆေးကို
ကိုယ်တိုင်သောက်ရမည့်ပုံကိုသာ လူနာအကျိုးငှာ ဖော်ပြကုသလေ့ရှိ၏။ ထို့အတူ အနှိုင်းမဲ့ဆေးဆရာ
““ဘေသဇ်္ဇဂုရု”” ဖြစ်တော်မူသော မြတ်စွာဘုရား သည် လောကအစိန်္တာယျ (ယခုမှာပင် ကိလေသာအပြည့်ဖြင့်
လောကကို ကြံလျှင်ရူးရာ၏ ထို့ကြောင့် လောကအားမကြံသင့်) အကြောင်း မိန့်မနေတော့ဘဲ ဒုက်္ခခန်္ဓာ
(၅)ပါးတို့ ဖြစ်လာပုံ၊ မည်သို့ ဖြစ်လာပုံ၊ ဖြစ်လာလျှင် ခံရမည့်ဒုက်္ခ၊ လွတ်မြောက်ရန်
လမ်းစဉ်တို့ကို ဝေနေယျအကျိုးငှာ ဖော်ပြ တိုက်ကျွေး၏။ ထို့အပြင် ဗုဒ်္ဓသည် ဉဏ်ပညာကို
တစ်စုံတစ်ရာဖြင့် စွဲယူပိတ်ဖုံးထားသော နိယတ မိစ်္ဆာများကို တရားပြရန် ပွင့်တော်မမူ၊
ပရိဗိုဇ်များ ကဲ့သို့ အယူဝါဒလှည့်လည်ငြင်းခုန်နေရန်လည်း ပွင့်တော်မူခြင်းမျိုးမဟုတ်ကြောင်း
နားလည်အပ်ပါသည်။
(၁၄) လောက၏အစကို အတ်္တ (ဗြဟ်္မာ)ဟု ခေါ်ဆိုသုံးစွဲရာမှ မူလ ဇစ်မြစ်အတ်္တနှင့်
ဖြစ်တည်ခံများ၊ ရောယှက်ရှုပ်ထွေးနေခြင်း၊(ရှရိခ်က်)ကို တိုက်ဖျက်ရသော ကိုယ်တော်ဂေါတမသည်
ထိုရောယှက် ရှုပ်ထွေးနေသော ၀ါဒီများအား တော်လှန်ပယ်ဖျက်သမျှတွင် အဂ်္ဂညတည်းဟူသော မူလဇစ်မြစ်ကို
ငါသိ၏ ထိုထက်ပို၍ပင်သိ၏။ ထိုသို့သိသော်လည်း မှားယွင်းသောအားဖြင့် မသုံးသပ်၊ ထိုသို့
မှားသောအားဖြင့် မသုံးသပ်သောကြောင့် ကိလေသာ ငြိမ်းခြင်းကို ကိုယ်တိုင်သိ၏ ဟု ပြောဆိုပြီး
သင်တို့၏ ဆရာစဉ် တွေးခေါ်ယူဆ ခံစားနေသော အတ်္တဟု ပေါ်လွင် ဆရာ့ဝါဒသိလျက် ဟောနေသော အဂ်္ဂညသည်မဟုတ်သေးဟုသာ
ပြောခဲ့သည်။ သုတ်ပါထိက၀ဂ် ပါဠိတော်။ အဂ်္ဂည သုတ် အစဟု သိအပ်သောတရားကို ပညတ်ခြင်းနှင့်
ပိဋကတ်တစ်အုပ်လုံး ရှိ အတ်္တ (ဗြဟ်္မာ)၀ါဒအား ပါယ်ဖျက်သမျှသော သွန်သင်ချက်များတွင် ဆရာ့ဝါဒဆိုသည့်
စကားလုံးပါ နေကြောင်း သေချာစွာ ဖတ်စေလိုပါသည်။--×××--
ဒီဃနိကာယ်၊
သီလက်္ခန်ပါဠိတော်၊ ဗြဟ်္မဇာလသုတ်လာ ဧကသစ်္စသဿတ၀ါဒနှင့် ဒီဃ နိကာယ်ပါထိက၀ဂ် ၃၆ မှစသော
အဂ်္ဂည-အစဟု သိအပ်သော တရားကို ပညတ်ခြင်းဒေသနာ ၂ခု က ဟောတော်မူသော အကြောင်းအရာအားဖြင့်
ခြားနားမှုမရှိလှပေ။ ဗြဟ်္မဇာလသုတ်တော်သည် ရဟန်းတို့အား လောကတစ်ခွင်ရှိ မိစ်္ဆာအယူဝါဒများကို
ဖော်ပြရာဖြစ်၍ ““ဆရာ့ဝါဒ၊ ဆရာ့ဝါဒ”” ဟူ၍ မိန့်နေခြင်းမရှိပေ။ အဂ်္ဂညသုတ်တော်သည် သမဏ၊
ဗြဟ်္မဏတို့ကို ဟောကြား၍ ““ဆရာ့ဝါဒ”” ဟူ၍ ““သင်တို့ဝါဒ””ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။
ဗုဒ်္ဓက သမဏ၊ ဗြဟ်္မဏတို့ကို ၎င်းင်းတို့၏ ဆရာဝါဒ စတင်ဖြစ်လာပုံကိုပင် ဟောကြားလိုက်ပါသည်။
““မိမိတို့ကိုယ်တိုင်မသိသော ဆရာ့ဝါဒသည် လုံးဝ မှားမှားယွင်းယွင်း လိမ်လည်ညာဝါးခြင်းသာဖြစ်၏””ဟု
မိန့်တော်မမူပေ။ အတိတ်ဘ၀များကို ပြန်လှန်ကြည့်ရှုနိုင်သော သမာဓိရသည့် ရသေ့များ၏ မပြည့်စုံသောအမြင်ဖြစ်ကြောင်း
ဟောတော် မူသည်။ ““ဗြဟ်္မာ””ကို (မပြည့်မစုံ) ကိုယ်တိုင်သိမြင်၍လည်းကောင်း၊ မည်သည်ကိုမျှမသိဘဲ
မှန်းဆ၍ အထင်ဖြင့် လည်းကောင်း၊ မိစ်္ဆာနတ်ဆိုးသွေးစားပြိတ်္တာ၏ လှည့်စားမှုကြောင့်လည်းကောင်း
““ဖန်ဆင်းရှင်”” အယူဝါဒသည် ပေါ်ပေါက်လာ၏။
ရသေ့၊
သမဏ၊ ဗြဟ်္မဏတို့သည် မြတ်စွာဘုရား ဟောသည်ကို ရှေးအစဉ်အလာများနှင့် ကိုက်ညီပေသည်။ ကြားဖူးခဲ့သည်ဟု
ဝန်ခံကုန်သည်သာဖြစ်၏။ သုတ်ပါထိက၀ဂ် အဂ်္ဂညသုတ်အရ ဟောကြားသော ထိုအစတည်းဟူသောတရားသည် သံသရာ၏အစမဟုတ်ဘဲ
ဤကမ်္ဘာလောက၏ အစကိုသာ မိန့်တော်မူလိုရင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ““၃၈၊ ငါ့သျှင်တို့
ရှည်သောကာလ လွန်သော် တစ်ခါတစ်ရံ၌ ဤလောကသည်ပျက်၏။ ထိုအခါသည် ရှိသည်သာတည်း။ လောက ပျက်တတ်သော
သတ်္တ၀ါတို့သည် များသောအားဖြင့် အာဘဿရဘုံ၌ဖြစ်ကုန်၏..”” လောက အသစ်တစ်ဖန်ဖြစ်လတ်သော်
သက်ရှိဗလာဟင်းလင်းဖြစ်သော ဗြဟ်္မာ့ဘုံ၌ အာအဿရဘုံမှ တစ်ယောက်သော ဗြဟ်္မာဖြစ်လာ၏။ ထိုဗြဟ်္မာသည်
အခြားဗြဟ်္မာများထက် သက်တမ်းလွန်စွာ ရှည်သူဖြစ်၏။ အခြားဗြဟ်္မာများ အချို့သေလွန်ပြီး
လူ့ပြည်ရောက်လာသော် အထုံပါရမီကြောင့် သမထသမာဓိ ဘာဝနာဖြင့် အတိတ်ဘ၀ကာလအရှည်ကို သိမြင်လာ၏။
ထိုအခါ အသက်တမ်း ရှည် ဗြဟ်္မာကြီးကို ဖန်ဆင်းရှင်မြဲသော ထာဝရ။ ထာဝရ ပရမအတ်္တအဖြစ် သုံးသပ်၏။
မြတ်စွာဘုရားသည်
ထိုဗြဟ်္မာနှင့် ကမ်္ဘာ (အဂ်္ဂည)ကို သိ၏ ။ထို့ထက်ပင် ထိုဗြဟ်္မာ ဖြစ်လာကြောင်း တရားနှင့်
ပိုင်းခြားခြင်းငှာ မစွမ်းသာသော အတိတ်ဘ၀များကို သိ၏။ ထိုသို့ သိခြင်းကြောင့် မှားမှားယွင်းယွင်း
မသုံးသပ်။ အရဟတ်္တမဂ်ဖြင့် ရှင်းပြီးသောကိလေသာတို့ ကုန်ပြီးကြောင်း ကိုယ်တိုင်သိ၏။ ဈာန်သမာဓိရှင်များ
ကိလေသာ ဖြစ်စရာသည်ပင် ဗုဒ်္ဓ၌မဖြစ်။ အရဟတ်္တမဂ်က ပယ်ပြီးဖြစ်၏။ ဤသို့ ကောင်းစွာသိ၏။
ထို့ကြောင့်
သမာဓိရှင် ဆရာ့ဝါဒသည် သီလမရှိ ထင်ရာမြင်ရာတွေကို တစ်စုံတစ်ယောက် သရဲတစေ်္ဆပူးသကဲ့သို့
ပူးကပ်ခါမှ မှတ်တမ်းတင်ထားသော တရားမျိုးမဟုတ်ပါ။ ထို့အတူ ပိဋကတ် ပါဠိတော် ၌ ဗြဟ်္မာ့ဝါဒကို
ဟောတိုင်း ဆရာ့ဝါဒဟူ၍သာ မိန့်နေသည် မဟုတ်ပါ။
(၁၅) သံသရာ၏အစ
““မြှားလာရာကိုမကြည့်နဲ့၊
လူနာကိုအရင်ကု”” ဟသည့် ရှင်နာဂသိန် (နာဂသေန) ၏ စကား မှာ ဗုဒ်္ဓဘာသာလောက၌ သြာဇာလွှမ်းလျှက်ရှိပြီး
ထိုစကားကြောင့် သံသရာတည်းဟူသော လောကီဖြစ်စဉ်ကြီးသည် စတင်ဖြစ်ပေါ်စေသော မူလလက်သည်ဇစ်မြစ်ပိုင်ရှင်
မရှိတော့ဟူလို ဖြစ်သွားရတော့၏။ ဤစကားအား ပြန်လည်ဆင်ခြင်လျှင်ပင် မြှားဒဏ်ရာလူနာရှိပြီးဆိုကတည်းက
မြှားလာရာ၊ မြှားပစ်သူ ရှိနေပြီဆိုလိုခြင်းပင်။--×××--
မြှားဆိပ်သင့်ခြင်းကို
ခံစားရခြင်းဟူသည် ဇာတိ၊ ဇရာ၊ဗျာဓိ၊မရဏနှင့် ဖြစ်ပျက်မှုဆိုင်ရာ မငြိမ်သက်မှုတို့၏ ဒဏ်သင့်ခြင်းကို
ဆိုလိုခြင်းဖြစ်သည်။ တနည်းအားဖြင့် မီး (၁၁)ပါး လောင်မြိုက် ခံနေရခြင်းပင်ဖြစ်သည်။
ထို့အတူ ဒုက်္ခသစ်္စာမှ မလွတ်မြောက်နိုင် ဒုက်္ခခံနေရခြင်းသဘောကဲ့သို့ ဖြစ်သည်။ မျက်စိ၊
နား၊ လျှာ၊ ကိုယ်၊ နှာခေါင်း၊ စိတ်မနောဟု ဆိုအပ်သော ဒွါရပသာဒဌာနများ၌ မြှားသင့်၍ ဒဏ်ရာရ
အဆိပ်ဝင် နေခြင်းဖြစ်သည်။ ထိုဌာနများ ဖြစ်လာရခြင်းမှာ အတိတ်က စုတေပြီးနောက် ကိုယ်နှုတ်
စိတ်အပြုအမူစိတ်စေတနာ ကံများ ဖန်ဆင်းအပ်သော ဘ၀သစ်ဖြစ်စဉ်သစ်တစ်ခုဆိုသည့် မျက်မှောက်ဥပပတ်္တိ
ဘ၀ရှိလာရခြင်းအပေါ် မူတည်လျက်သာ ရှိတော့သည်။ မြှားပစ်သူမှာလည်း ကံတရားပင်ဖြစ်သည်။ မြှားဒဏ်သင့်ရခြင်း
အကြောင်း (၂)ရပ် အတွင်းအခြေအနေနှင့် အပြင်အခြေအနေဟူ၍ ရှိပေသည်။ မြှားဟူသည့် မြင်စရာ၊
ကြားစရာ၊ နံစရာ၊ ထိစရာ၊ ရသာ ရ စရာများက ဒရစပ်ဒွါရဌာနများ၌ သင့်လျက်ရှိသည်မှာ အပြင်အခြေအနေဟု
မှတ်ယူနိုင်ပါသည်။၎င်းတို့နှင့်ဆက်စပ် သောဓမ်္မာရုံများကိုလည်း အပြင်အခြေအနေအတွင်းသွင်းပါလေ။
ဇာတိ၊ ဇရာ၊ဗျာဓိ၊မရဏဟူသော မြှားဆိပ်သင့်ရန် ဦးစွာမြှားဒဏ်ရာရ ပေါက်ပြဲနာကျင်ဖို့ လိုပေ
သည်။ဖောက်ဝင်နိုင်မှုသည် အတွင်းအခြေအနေ ဖြစ်သည်။ ထိုသို့ ကိုယ်ခန်္ဓာအတွင်း ဖောက်ဝင်မှုကို
ကိလေသာ၊ အာသ၀များဟု တင်စားနိုင်ပါသည်။ ““ဘေသဇ်္ဇဂုရု”” ဆေးဆရာမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည်
ဖောက်ဝင်မှုမရှိရန် သံမဏိ ကိုယ်လုံဆေးတော်ကြီးဆိုသည့် ““အရဟတ်္တမဂ်”” ဆေးတော်ကြီးကို
““ဗောဓိပက်္ခိယ ၃၇ပါး”” ဆေးညွှန်း နည်းအဖုံဖုံဖြင့်
လိုအပ်သလို တိုက်ကျွေးတော်မူခဲ့ပါသည်။ ဤသို့ ဖောက်ဝင်နိုင်မှုရှိခြင်း ဟူသော အတွင်းအခြေအနေအကြောင်းတရားကို
ပယ်သတ်တော်မူပါသည်။
ကိလေသာများသည်
တစ်ဖန်မြှားများကို ဖန်တီးပစ်ခတ်ချိန်ရွယ်သူ ကမ်္မနိယာမကြီးကို အတ်္ထိပစ်္စယဖြင့် ကျေးဇူးပြုသည့်
တရားဖြစ်သည်။ ဆိုလိုသည်မှာ ကိလေသာရှိနေ၍ ကိုယ်နှုတ်စိတ် အမူအရာ စိတ်ဆန်္ဒစေတနာများက ကံဖြစ်နေရခြင်းဖြစ်သည်။
(အလွယ်ဆုံး ပစ်္စည်းတခု ကွက်ယူ၍ ပြထားခြင်းသာဖြစ်သည်။ အခြားပစ်္စယသတ်္တိများလည်း ထောက်ပံ့နေသည်သာ)။
ထို့ကြောင့် မြှားလာရာ၊ မြှားပစ်သူလည်း အကြောင်းအကျိုး ဆက်စပ်ရာ ““အကြောင်းတရားကို
အမှီပြု၍ အကျိုး တရားဖြစ်စေသော အကြောင်းတရား””ဟူသည့် ပဋိစ်္စသမုပ်္ပါဒ ဒေသနာအရ ဖန်ဆင်းရှင်
(root cause, causeless cause အလုံးစုံ၏အကြောင်းတရား အရင်းအမြစ်၊ အပြုပြင်ခံမဟုတ်သော
ပြုပြင်တတ်သောအကြောင်း) ကြောင့်မဟုတ်ဘဲ ဖြစ်နေရသည်။ ပဋိစ်္စသမုပ်္ပါဒကို လွယ်လင့်တကူ
အင်္ဂလိပ်လိုဖြင့် Dependent Originations များဟု ပြန်ဆိုနိုင်သည်။ အစရှာမရပေ။
ဒုက်္ခသစ်္စာတည်းဟူသော
မြှားဆိပ်သည် သမုဒယသစ်္စာဆိုသော မြှားမှလာ၏။ သမုဒယ ဟူသောမြှားသည် မဂ်္ဂသစ်္စာမသိမကျင့်ခြင်းမှ
ပစ်လွတ်လိုက်၏။ မဂ်္ဂသစ်္စာ မသိခြင်း၊ မကျင့်ခြင်းသည် ဒုက်္ခကို သုခထင်၍ တွယ်တာနေသော သမုဒယမြှားတံမှ
ပေါက်ဖွားလာသူဖြစ်၏။ ထို မြှားတံကလည်း ရှေးယခင်က မဂ်္ဂသစ်္စာ မသိခြင်း၊ မကျင့်ခြင်းမှ
ပစ်လွှတ်လိုက်၏။ ထို့ကြောင့် အကျိုးမရှိ ဝေးလံရှည်လျားစွာ ကြံဆနေမည့်အစား မဂ်္ဂသစ်္စာ
ကျင့်သုံးခြင်းဖြင့် သမုဒယမထွက်လာ ဒုက်္ခငြိမ်းသော နိရောဓသစ်္စာသို့ ဆိုက်ရောက်အောင်
မသေခင်က ကြိုးစားသင့်လှတော့သတည်း။
(၁၆) ထိုအကြောင်းကို ကိုယ်တော်ဂေါတမကိုယ်တိုင်က ““ရဟန်းတို့ ဤသံသရာ၏အစကို
မသိနိုင်”” ဟု ပြောဆိုခဲ့၏။ (သံယုတ်ပါဠိ၊ အနတမဂ်္ဂသံယုတ်၊ ဝေပုလ်္လပဗ်္ဗဇသုတ်) ထိုစကားတွင်လည်း
သံသရာ ၏အစကိုမသိနိုင် ထိုသို့မသိခြင်းမှာ အ၀ိဇ်္ဇာဖုံးလွှမ်းမှုကြောင့်ဟုဆိုသည်။--×××--
အမှတ်
(၁၃)နှင့် အမှတ် (၁၅)တို့တွင် သံသရာအစအကြောင်း အသင့်အတင့်ရှင်းလင်းပြီး ဖြစ်သည်။ အမှတ်
(၁၅)မှ သံသရာ၏အစကို ဓီနစနညိနညအ ဥမါငညအေငသညဓ ဖြစ်သော ပဋိစ်္စသမုပ်္ပါဒ ၏ အစ သို့မဟုတ်
မဂ်္ဂသစ်္စာမသိမကျင့်ခြင်းနှင့် တွယ်တာမှု မည်သည်က စတင်သည်ကို သိရှိပါက သံသရာ အစ သိပြီဖြစ်၏။
အ၀ိဇ်္ဇာသည် သံသရာအစဖြစ်သောကြောင့် ရှေ့တန်းတင်ဟောထားသည် မဟုတ်။ မောဟဟေတုဓာတ်ကြောင့်
အဓိကအားဖြင့် သံသရာခန်္ဓာ ဒုက်္ခစည်ပင်ဝပြောသည်ဖြစ်ရာ အမောဟ ပညာဖြင့် ဖြတ်တောက်ဖယ်ရှားရန်
သိလွယ်လို၍လည်းကောင်း၊ အတိတ်ကံ သင်္ခါရများ ဖြစ်ရခြင်းအကြောင်းကို ဖော်ပြလို၍လည်းကောင်း၊
ရှေ့ဆုံးထိပ်ဆုံးက ဟောတော်မူခြင်းဖြစ်သည်။ ပဋိစ်္စသမုပ်္ပါဒကို မူရင်းပါဠိတော်၌ ကျယ်ပြန့်စွာ
ဟောထားသည်များအား ဒီဃနိကာယ်၊ မဟာဝဂ်္ဂ၊ မဟာနိဒါနသုတ်၌ လေ့လာနိုင်ပါသည်။ မောဟ၏အကြောင်းတရား
အမြောက်အမြားကို ရှင်းပြလျှင် ကုန်နိုင်ဖွယ်မထင်ပါ။ အခြေခံအားဖြင့် မျှတသင့်တင့်သော
စိတ်ဆန်္ဒဖြင့် တရားမနာခြင်းနှင့် နာယူပြီး တရားမကျင့်သုံးခြင်း၊ မေးမြန်းစူးစမ်းမှု
မရှိခြင်းများကြောင့်ဖြစ်သည်။ (အာသ၀သမုဒယာ အ၀ိဇ်္ဇာသမုဒယော အာသ၀လေးပါး မလှစ်မပါး ထူထဲစွာ
ရှိနေခြင်းက မောဟ ကိုစဉ်ဆက်မပြတ် ဖြစ်နေစေ၏)။ ဒိဋ္ဌုပါဒါန်၏ အကြောင်းတရားမှာ စွဲလမ်းမက်မောခြင်းတဏှာကြောင့်ဖြစ်သည်။
ဤနည်းအားဖြင့် ပဋိစ်္စသမုပ်္ပါဒ သည် လည်ပတ်လျက်သာ ရှိတော့သည်။ ““အနန်္တမယ သမန်္တပဋ္ဌာန်း””
အရ ဆိုလျှင် ပိုမိုကျယ်ပြန့် လှပေသည်။ သိနိုင်ဖွယ်မမြင်တော့သော သံသရာအစကို စဉ်းစားနေမည့်အစား
မသေခင်ကပင် မဂ်္ဂသစ်္စာ ပွားများသင့်လှပေသည်။
(၁၇) ထို့ကြောင့် လောကအပေါင်းအား စတင်ဖြစ်တည်စေသော ပင်မဇစ်မြစ် ပရမတ်ဘုရားရှင်မရှိဟူ၍
ယတိပြတ်ငြင်းဆိုခဲ့ခြင်းမရှိဘဲလျက် ဆရာ့ဝါဒ အစဉ်အလာ ဖွင့်ဆိုသော ရောပြွန်းနားလည် ကိုးကွယ်ပြီးသား
ဖန်ဆင်းရှင်နှင့် မရောစပ်မိရန် ဥပါယ်တံမျဉ်နှင့် ရှောင်လွှဲပြောဆိုနေရသော အကြိမ်များစွာကို
ပိဋကတ်တော်၌ တွေ့ရလေတော့သည်။--×××--
ဗုဒ်္ဓပိဋကတ်တော်၏
များစွာသော သုတ်တော်တို့၌ ဖန်ဆင်းခြင်းဆိုင်ရာ ဣဒ်္ဓိဝိဓ အဘိညာဉ်နှင့် ကမ်္မဇိဒ်္ဓိသတိ္တများ
တွေ့မြင်နိုင်သည်။ ““ဣဿရနိမ်္မာန”” သည် အစိုးရသော ဖန်ဆင်းရှင် ဟူ၍ပင်ဖြစ်သည်။ ဧကသစ်္စသဿတ၀ါဒကို
မည်သည့်ပုံစံဖြင့် ပုံဖော်နေသည်ဖြစ်စေ တစ်ဆူတည်း သော ဘုရားက နိစ်္စထာဝရဖြစ်လျက် ယခုဘ၀တွင်
ငါတို့၏အလုပ်များကို နောင်ဘ၀၌ ငါတို့ခံစား စေရန် စီရင်ဖန်တီးပေးသည့် ဖန်ဆင်းရှင်ပင်ဖြစ်သည်။
ဤနေရာ၌ ဖန်ဆင်းရှင်ကို လူပုံရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ““ဘုရားသခင်က ငါ့ကိုဖန်ဆင်းခြင်းမဟုတ်၊
ငါကသာ ဘုရားသခင်ကို ဖန်ဆင်း ခြင်းဖြစ်သည်”” ဟူသော အဆိုအမိန့်ကဲ့သို့ဖြစ်သည်။
မဟာနိဒါနသုတ်တွင်လည်းကောင်း၊
သံယုတ်ပါဠိတော် နိဒါန၀ဂ်္ဂတွင်လည်းကောင်း အကြောင်းအကျိုးဆက်စပ်မှုသည်သာ ဗုဒ်္ဓပိဋကတ်၌
ရှိပါသည်။ မူလအကြောင်း၊ အရင်းအမြစ် အကြောင်းဟူ၍ မရှိပေ။ အကြောင်းအမှီပြု အကြောင်းက
အကျိုးထုတ်သည်သာရှိသည်။ ထိုသုတ်္တန်များတွင် သံသရာဝဋ်မှ လွတ်မြောက်ရေး၊ သစ်္စာ (၄)ပါး
သိမြင်ရေးသာ အဓိကထား ဦးတည် ပေသည်။ ဓနြူငန် ငည တသမျ့ငစဓ ဖြစ်သော ဖန်ဆင်းရှင်အယူ ဗုဒ်္ဓလက်မခံ၊
မရှိ၊ မမြင်ဟု ဆိုကြောင်း ထပ်ခါထပ်ခါ ပြောဆိုရန်မလိုဟု ထင်ပါသည်။ အကယ်၍ငြား ဖန်ဆင်းရှင်ရှိပါက
ဗုဒ်္ဓ သည် ““၀တ်ပြုကိုးကွယ်ပူဇော်မှု အခမ်းအနားများ”” အကြောင်းဟောမည်သာဖြစ်သည်။
(၁၈) သတ်္တလောကဟူသည့် သက်ရှိဘ၀များ ဖြစ်စဉ်သည် ဆရာစဉ်ဖွင့်ကျူးသော ဗြဟ်္မ၀ါဒ
ဖန်ဆင်းရှင် ကြောင့်မဟုတ်ဟု ကိုယ်တော်ဂေါတမဆိုသည်။ (အင်္ဂုတ်္ထိုလ်၊ မဟာဝဂ်၊ တိတ်္ထယနသုတ်
၆၂) ထို အချက်ကို ကောက်ယူလျက် ဖန်ဆင်းရှင်ကို ငြင်းဆန်သူများ၏ ဖန်ဆင်းရှင်ဟူသည်ကို
ကိုယ်တော် ဂေါတမက အပြတ်အသားပယ်ချခဲ့သည်ဟု အခိုင်အမာ ဆိုကြတော့သည်။ သို့သော် ထိုသုတ်တော်
တွင်ပင် သတ်္တလောကသည် ရှေးဘ၀ကံကြောင့်သာဖြစ်ရသည်ဟူသည့် ရှေးဘ၀ကံကိုသာ ပုံအပ် နားလည်ထားသော
ပထမမြောက် အချက်နှင့် သတ်္တလောကသည် အကြောင်းဇစ်မြစ်မရှိဘဲလျက် သဘာဝအလျောက် ဖြစ်လာရခြင်းမဟုတ်ဟူသည့်
တတိယမြောက် အချက်များကို ဖုံးကွယ်ထား လျက်သာ ရှိတော့သည်။--×××--
““ဖုံးကွယ်ထားသည်မဟုတ်ချေ။
ဗုဒ်္ဓမြတ်စွာရဲ့ အခြားသောဒေသနာများဖြင့် မဂ်္ဂလမ်းကို ညွှန်နေကြ ခြင်းသာဖြစ်သည်။ မိစ်္ဆာအယူများကိုသာတွင်တွင်
ဟောကြားခြင်းဖြင့် ထိုအယူလက်ခံသူတို့ စိတ်မချမ်းသာဖွယ် ဖြစ်နိုင်သလို အခြားသော ဒေသနာများကို
နာယူခြင်းဖြင့် ထိုအယူများကို အလိုလိုစွန့်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ထိုမိစ်္ဆာအယူဝါဒရှင်များ၏
ရယ်စရာကောင်း သော နည်းဖြင့် ထိုသုတ်္တန်မှ ရှောင်ရှားပုံကို အမှတ်စဉ်များအပြီးတွင် ပုံပြင်ဥပမာဖြင့်
ရှင်းပြမည် ဖြစ်သည်။ မြတ်ဗုဒ်္ဓသည် ထိုသုတ်္တန်ကို ဟောခြင်းဖြင့် ပြဿနာလည်း တိတ်္ထိများနှင့်မဖြစ်ပေ။
အဘယ်ကြောင့် ပတိရူပဒေသ အရပ်အခါကောင်းဖြစ်သော ဗုဒ်္ဓတို့ဒေသတွင် ““အယူဝါဒမတူသူများကို
စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ပါလေ””ဟု မည်သည့်ဝါဒကမျှ မညွှန်ကြားထား ၍ဖြစ်သည်။
တိတ်္ထာယန
(မိစ်္ဆာအယူဖြစ်ထွန်းရာ အခြေခံအကြောင်း)
ထိုသုတ်တော်တွင်
သတ်္တလောက ဖြစ်လာရပုံကို ဟောနေခြင်းမျိုးမဟုတ်ပဲ အတွေ့အကြုံ ခံစားမှုဝေဒနာဖြစ်လာရခြင်းသည်
(၁) ပုဗေ်္ဗကတဟေတု = ရှေးဘ၀က ပြုအပ်ခဲ့ဖူးသောကံကြောင့်ဖြစ်၏။
(၂) ဣဿရနိမ်္မာနဟေတု = ထာဝရဘုရားတို့၏ ဖန်ဆင်းခြင်းကြောင့်ဖြစ်၏။
(၃) အဟေတု/အပစ်္စသယ = အကြောင်းတစ်စုံတစ်ရာမရှိဘဲဖြစ်၏။
ဟူသော
မိစ်္ဆာအယူ (၃)မျိုးကို အကျယ်ဟောပြထားပါသည်။
အာရုံနှင့်
ဒွါရတိုက်ဆိုင်မှုကြောင့် ဖြစ်လာရသော ခံစားသိမြင်ရမှုသည် ၀ိပါက ကမ်္မဖလ ကံ ၏ အကျိုးသာဖြစ်သည်။
အတိတ်ကံသည်သာမက ပစ်္စုပ်္ပန်စိတ်အခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အာဟာရကာလဒေသ အားထုတ်မှုပယောဂများနှင့်
ဆက်စပ်နေပါသည်။ နားလည်ရ ခက်ခဲမှုမရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ဘ၀၌ပင် ကုသိုလ်၊
အကုသိုလ် တစ်မျိုး တည်း သန့်သန့်ပြုနေခြင်းမရှိ၍ အတိတ်ကမြောက်များစွာသော ကံများသည်လည်း
အခွင့်အခါ ကောင်းကို ခံစားမှု ဝေဒနာအကျိုးထုတ်ရန် စောင့်နေရပေသည်။ ထိုအခွင့်အခါကောင်းကို
ပစ်္စုပ်္ပန် အခြေအနေကသာ ဖန်တီးသည်ဖြစ်၏။
အတိတ်ဘ၀ကံများအကြောင်းနှင့်
အခြားအယူများအကြောင်း အမှတ်(၁၉)တွင် ဆက်လက် ဖော်ပြသွားပါမည်။
(၁၉) ထိုသုတ်တော်တွင် ရှေးဘ၀ကံကြောင့်ချည်း ဖြစ်ရသည်များကို ငြင်းသည်။ ဆရာ့ဝါဒဖွင့်ဆိုသော
ဖန်ဆင်းရှင်အယူကို ငြင်းသည်။ အကြောင်းဇစ်မြစ်မရှိဘဲဖြစ်လာရသည်ဟူသည့် သဘာ၀၀ါဒကို ငြင်းသည်။
ထိုသို့ငြင်းဆန်ပြီးနောက် ထိုဝါဒများကို မရှင်းဘဲလျက် အဇ္ဈတ်္တိကာယနဓာတ် (၆)ပါး ကြောင့်
သူငယ်သည် အမိဝမ်းတွင်းသို့ သက်ဝင်၍ လူဖြစ်၏။ လူဖြစ်၍ နာမ်ရုပ်ဖြစ်၏။ နာမ်ရုပ် ကြောင့်
အာယတန (၆)ပါးဖြစ်၊ အာယတန (၆)ပါးကြောင်း ဖဿဖြစ်၊ ဖဿကြောင့် ဝေဒနာဖြစ် စသည်ဖြင့် ရှင်းလင်းပြီး
နောက်ဆုံး၌ နာမ်ရုပ်ချုပ်ရာ နိဗ်္ဗာန်သို့ လမ်းညွှန်ခြင်းများကိုသာ ဖော်ပြထားပေသည်။--×××--
Myanmar
Engineer Forum မှ ထိုတိတ်္ထာယနသုတ်နှင့်
ကံအကြောင်းကို ကူးယူရှင်းပြလိုပါသည်။
““အရာရာဟာ
ရှေးဘ၀က ပြုခဲ့တဲ့ကံတွေကြောင့် ဖြစ်လာရတာ၊ ယခုဘ၀မှာ အရင်ဘ၀က ကံတွေ အကျိုးပေးနေကြတာ””လို့
ယူဆတာမျိုးကို ဗုဒ်္ဓက အယူမှား ပုဗေ်္ဗကတဟေတုဒိဋ္ဌိ (ရှေးကပြုခဲ့သော အကြောင်းကြောင့်သာ)လို့
ဟောကြားခဲ့တာ မှန်ပါတယ်။ ဒီလိုအယူဝါဒရှိသူတွေဟာ ““မိမိတို့ လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ရန်
မလုပ်သင့်သည်တို့အား မလုပ်ရန်အတွက် ဆန်္ဒနှင့် ကြိုးပမ်းအားထုတ်မှုတို့ ဖြစ်ပေါ်မလာနိုင်။
လုပ်သင့်မလုပ်သင့်သည်ကိုလည်း မှန်ကန်စွာ မသိမြင်၍ သတိထားစောင့်ထိန်းခြင်းသည် ပြုမည်မဟုတ်တော့””လို့
ဗုဒ်္ဓက မိန့်ကြားခဲ့ဖူးပါတယ်။ (အံ-၃-၆၂၊ အင်္ဂုတ်္တရနိကာယ်၊ မဟာဝဂ်၊ တိတ်္ထာယုနသုတ်၊ )။
ဒါဟာ မျက်မှောက်ဘ၀မှာပြုတဲ့ ပစ်္စုပ်္ပန်ကံတွေ၊ ကြိုးစားအားထုတ်မှုတွေ၊ အခြားသော အကြောင်းတရားတွေကို
ငြင်းပယ်ရာရောက်လို့ဖြစ်ပါတယ်။ အရာရာဟာ အတိတ်ကံရဲ့ အကျိုးဝိပါကတွေပဲ မဟုတ်ပါဘူး။ ရောဂါတစ်ခုရာတာ
ကံကြောင့် ဖြစ်နိုင်သလို (ကမ်္မနိယာမ)၊ ရာသီဥတုဖောက်ပြန်လို့ (ဥတုနိယာမ)၊ သွေးလေသည်းခြေ
ဖောက်ပြန်လို့ (ဗီဇနိယာမ)၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်လို့၊ သူတပါးကလုပ်ကြံလို့ စတဲ့အကြောင်းတွေ
ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့်အရာရာဖြစ်ပျက်သမျှမှာ ကံကိုပုံချတာဟာ ပုဗေ်္ဗကတဟေတုဝါဒလို့
ဗုဒ်္ဓက ဟောကြားထားပါတယ်။ (သံ-၄-၂-၉၆၊ သဠာယတန၀ဂ်္ဂသံယုတ်၊ ဝေဒနာ သံယုတ်၊ အဋ္ဌသတပရိယာယ၀ဂ်၊
သီဝကသုတ်)။
သို့သော်လည်း
အတိတ်ကံတွေကို လုံးဝပစ်ပယ်ခြင်းမပြုပါဘူး။ အတိတ်ကံဟောင်းတွေက မျက်မှောက်ဘ၀ပေါ်မှာ လွှမ်းမိုးမှုရှိသလို
ပစ်္စုပ်္ပန်ကံသစ်တွေက မျက်မှောက်ဘ၀နဲ့ နောင်ဘ၀များ အတွက် လွှမ်းမိုးမှုရှိပါတယ်။ သတ်္တ၀ါတွေကို
ညှင်းဆဲတဲ့သူဟာ သေလွန်ပြီးရင် အပါယ်၊ ငရဲ ကျရောက်ရတယ်။ မရောက်ခဲ့လို့ လူဖြစ်ရင် အသက်တိုမယ်။
အနာရောဂါများမယ်။ ဒီဘ၀မှာ အသက်၊ စည်းစိမ်ချမ်းသာ၊ အခြွေအရံစသည်ဖြင့် ကွဲပြားခြားနားမှုတွေက
အတိတ်ဘ၀ကံတွေရဲ့ ပစ်္စုပ်္ပန်အခွင့်ရ အကျိုးပေးတွေပါ။ (မဇ္ဈိမနိကာယ်၊ ဥပရိပဏ်္ဏာသ၊ ၀ိဘင်္ဂ၀ဂ်၊
စူဠကမ်္မဘင်္ဂသုတ်)။ ထို့အတူပဲ မျက်မှောက်ဘ၀ကံတွေရဲ့ အကျိုးကို မျက်မှောက်ဘ၀မှာဖြစ်စေ၊နောင်ဘ၀၌ဖြစ်စေ၊
အခြားသော အနာဂတ်ဘ၀များ၌ဖြစ်စေ ခံစားရတယ်လို့ ဟောကြားထားပါတယ်။ (မဇ္ဈိမနိကာယ်၊ ဥပရိပဏ်္ဏာသ၊၀ိဘင်္ဂ၀ဂ်၊
မဟာကမ်္မ၀ိဘင်္ဂသုတ်)
ဒုတိယဣသရနိဗ်္ဗာနဖန်ဆင်းရှင်ကို
ကိုးကွယ်ခြင်းဖြင့် ဒုစရိုက် (၁၀)ပါးဖြစ်သော ““သူ့အသက်သတ်လေ့ရှိသူ၊ မပေးသည်ကို ယူလေ့ရှိသူ၊
မမြတ်သောအဓမ်္မမှုကို ကျင့်လေ့ရှိသူ၊ လိမ်ပြောသူ၊ ကုန်းချောသူ၊ ဆဲရေးသူ၊ အကျိုးမဲ့စကားဆိုသူ၊
သူတပါးစည်းစိမ်မက်မောသူ၊ ပျက်စီး စေလိုသူ၊ မဆီမလျော်ယူဆသူ”” တို့သည် ဖန်ဆင်းရှင်း၏
ဖန်ဆင်းမှုဟူသော အကြောင်းကြောင့်သာ ဖြစ်ရလတ်္တံ့။ အကယ်၍ ထိုသို့မဟုတ်မူ ဖန်ဆင်းရှင်၏
အလိုတော်မပါဘဲ ဤအမှုများကို ပြုနိုင်အံ့။ဤသို့ဖြစ်လတ်သော် ဖန်ဆင်းရှင်သည် အမြော်အမြင်နည်းပါးစွာ
ဖန်ဆင်းသူ၊ လောကတစ်ခွင် မတရားမှုများကို တားဆီးနိုင်စွမ်းမရှိသူသာ ဖြစ်ပေမည်။ ထို့အတူ
လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုသည်ဆိုပါက ရွေးချယ်သမျှကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်
ဥပမာ ခိုးဝှက်နိုင်ရန် အခွင့်အလမ်းများကို ဖန်ဆင်းပေးနေရခြင်းဖြစ်၍ ဖန်ဆင်းရှင်ဘ၀မှ
ကျွန်ဘ၀သို့သာ ကျရောက်သွားမည်ဖြစ်သည်။ ထိုသို့ ဖြစ်ရကား ဖန်ဆင်းရှင်မှုသည် ဖန်ဆင်းရှင်၏
အကျိုးစီးပွားအတွက် ဥပမာ တသမျ့ငစ များများ အလုပ်ခံရရန်လော သို့မဟုတ် အဖန်ဆင်းခံများအတွက်လောဟု
မေးခွန်းထုတ်စရာရှိသည်။
အကြောင်းမရှိဖြစ်လာရသည်ဆိုသောဝါဒကို
ဖော်ပြခဲ့ပြီးသော အမှတ်စဉ်များအရ နားလည် နိုင်ပြီဖြစ်၍ ဆက်လက်မဖော်ပြလိုတော့ပေ။ ထိုသုတ်္တန်ကိုသာ
လေ့လာကြည့်ကြပါကုန်။
(၂၀) ဤ၌ သက်ရှိတို့မှီတည်ရာ သြကာသလောက (ကမ်္ဘာ၊ ကြယ်၊ လ၊ နက်္ခတ်၊ ရေ၊ မြေ၊
လေ၊ မီး) စသည်တို့ မည်သို့ဖြစ်ရသည်ကို ပြောဆိုခြင်းမရှိချေ။ သို့သော် ပိဋကတ်တော်၏ အခြားသော
အထောက်အထားများအရ ထိုသုတ်္တလောကနှင့် သြကာသလောကကို သင်္ခါရလောကက ပိုင်၏။ သင်္ခါရလောကက ဖန်ဆင်း၏။
သို့ဖြစ်၍ အကြောင်းဇစ်မြစ်မရှိဘဲလျက် ဖြစ်လာသည်ဟူသော သဘာ၀၀ါဒီများအား ဆန့်ကျင်ခဲ့သော
ကိုယ်တော်ဂေါတမကိုယ်တိုင်၏ စကားအရပင် ထိုသင်္ခါရ လောက ဖြစ်တည်လာရခြင်းဇစ်မြစ်မှာ တိမ်မြုပ်နေတော့သည်။--×××--
စက္ခုအစရှိသော ဣနြေ္ဒတို့ရှိနေသော ခန္ဓာတို့၏
အပေါင်း၊ ခန္ဓာတို့ အစဉ် (လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်)တို့ကို သတ္တလောကဟုခေါ်ပါသည်။
လောက
(၃)ပါးတွင် စက္ခု၊ သောတ၊ ဃာန၊ ဇီဝှာ၊ ကာယ၊ မနဟူသော ဣနြေ္ဒတို့နှင့် မစပ် သော ရုပ်အပေါင်း၊
ရုပ်အစဉ် (စကြဝဠာ၊ ကမ္ဘာ၊ တိုက်၊ မိုး၊ မြေ)တို့ကို သြကာသလောကဟု ခေါ်ပါသည်။
ထိုထိုသြကာသလောကတွင်ရှိနေသော
ထိုထိုသတ္တဝါတို့၏ သန္တန်၌ဖြစ်လေ့ရှိသော လောကီစိတ် (၈၁)၊ စေတသိတ် (၅၂)၊ ရုပ် (၂၈)ဟူသော
တေဘူမကတရားတို့ကို သင်္ခါရလောကဟု ခေါ်ပါသည်။
သြကာသလောကတွင်
''ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ရသ၊ သြဇာ'' ဟူသော ရုပ်များနှင့်¤င်းတို့၏ကြား
ဟင်းလင်းပြင် ''အာကာသ'' ပညတ်ရုပ်စသည်တို့ ပါဝင်လျက် ရှိသည်။
''စေတနာ
ဟံ ဘိက္ခဝေ ကမ္မံဝဒါမိ''။ ဘိက္ခဝေ၊ ရဟန်းတို့။ စေတနာ၊ နှိုးဆော်တိုက်တွန်းမှုစေတနာကို။ ကမ္မံ၊ ကံတရားဟူ၍။
အဟံ၊ ငါဘုရားရှင်သည်။ ဝဒါမိ၊ ဟော၏။ စေတနာယ၊ ထိုစေတနာဖြင့်။ စေတယိတွာ၊ နှိုးဆော်ပြီးနောက်
ကာယေနဝါ၊ ကိုယ်ဖြင့်လည်းကောင်း၊ ဝါစာယဝါ၊ နှုတ်ဖြင့်လည်းကောင်း၊ မနသာဝါ၊ စိတ်အကြံဖြင့်လည်းကောင်း၊
ယံကမ္မ၊ အကြင်အမှုကံကို။ ကရောတိ၊ ပြု၏။
'' ကမ္မုနာ–ဝတ္တတေ လောကော၊ ကမ္မုနာ ဝတ္တတေ
ပဇာ။
ကမ္မနိဗန္ဓနာ
သတ္တာ၊ရထဿာဏီ ဝယာ ယတော''
ကမ္မုနာ၊
ကံတရားဖြင့်။ လောကော၊ လောကကြီးကို။ ဝတ္ထတေ၊ ဖြစ်စေ၏။ ကမ္မုနာ၊ကံတရားကြောင့်။ ပဇာ၊ သတ္တဝါတို့သည်။
ဝတ္တတေ၊ဖြစ်၏။သတ္တာ၊လူရော နတ်ပါ သတ္တဝါ တို့သည်။ ကမ္မနိဗန္ဓနာ၊ ကံနှင့်စပ်လျဉ်း၍သာ ဖြစ်နေကြ၏။
ရထသာဏီဝယာ ယတော၊ ရထား၏ ဝင်ရိုးနှင့်ဘီး ဆက်စပ်လည်ပတ်သည့်ပမာ အစဉ်လိုက်ပါလည်ပတ်လျက်ရှိ၏။
''စိတ္တေန
နီယတိ လောကော၊ စိတ္တေန ပရိကဿတိ'' စိတ္တေန၊စိတ်သည်။ လောကော၊ လောကကြီးကို။ နီယတိ၊ ပြုပြင်ဖန်ဆင်းရှေ့ဆောင်နေ၏။
စိတ္တေန၊ စိတ်သည်။ ပရိကဿတိ၊ ဆွဲငင် ဖန်တီးနေလေ၏။ စိတ်ဟူသည့် အာရုံကို သိတတ်ခြင်းသည်
သူချည်းသက်သက်မဖြစ်ဘဲ စေတသိက်များ အမြဲပါလျက်ရှိ၍ စိတ်ဆိုသည်ကို စေတသိက်ယှဉ်တွဲထားသောစိတ်ဟု
မှတ်ပါ။
''လောကော လောကောတိ ဘန္တေဝုစ္စတိ'' ဘုန်းတော်ကြီးသောမြတ်စွာဘုရား
''လောက လောက''ဟု ပြောနေကြပါသည်ဘုရား။ အဘယ်ကို လောကဟုဆိုပါသနည်းဘုရား။ မြတ်စွာဘုရားရှင်သည်
''ဘေသဇ္ဇဂုရု'' ဖြစ်တော်မူ၍ ထိုအခါ၌ အကျိုးမထင်နိုင်အံ့သော ''သတ္တဗေဒ၊ ဇီဝဗေဒ၊နက္ခတ္တဗေဒ၊
ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝကမ္မဗေဒ''များဖြင့် ရှင်းလင်းမနေတော့ဘဲ ''ရုပ်နာမ် (၂)ပါး သင်္ခါရလောက''ကိုသာ
ဟောတော်မူခဲ့ပါသည်။ ထိုသင်္ခါရ ''စိတ်၊ စေတသိက်'' တို့သည် လောက (၃)ပါးကို ဆက်ခါခါ အကြောင်းကျိုးစပ်လျက်
ဖန်ဆင်းနေလေသော အချုပ်အခြာလောက ဖြစ်သောကြောင့်ဖြစ်သည်။
''ဝိပါကံ
ကမ္မကိလေဟိ စိတန္တိ စိတ္တံ'' စိတ္တံ၊ စိတ် (စေတသိက်)တို့သည်။ ကမ္မကိလေသေဟိ၊ ကံ-ကိလေသာတို့ဖြင့်။
ဝိပါကံ၊ ရုပ်နာမ်ခန္ဓာဆိုတဲ့ အကျိုးတရားတို့ကို။ စိတန္တိ၊ စုဆောင်း၏။'' အဲဒီတော့ စိတ္တ
(ဝိညာဏ) ပစ္စယာ နာမရူပ။ နာမရူပ၊ နာမ်ရုပ်တရားလောကကြီးကို စိတ်ကြောင့်ဖြစ်သည့် ကံတို့က
ဖန်ဆင်း၏။ ဆက်လက်ပြီး တော့ ပဋိစ္စသမုပ္ပါဒ ဒေသနာထဲ အကျုံးဝင်သွားပြန်ပါ၏။
ထိုသင်္ခါရ
(နာမ်ရုပ်)လောက ဖြစ်လာရခြင်းမှာ ကံကြောင့်ဖြစ်၍ ကံဖြစ်လာရ ခြင်းမှာ ကိလေသာ(အဝိဇ္ဇာအပါအဝင်စိတ်ညစ်ညူးစေသော
တရားများ) မပယ်သတ်ရသေးသောကြောင့်ဖြစ်၏။ တိမ်မြုပ်ခြင်းမရှိချေ။
ကိလေသာ(အဝိဇ္ဇာအပါအဝင်စိတ်ညစ်ညူးစေသော
တရားများ) မပယ်သတ်ရသေးသောကြောင့်ဖြစ်၏။ တိမ်မြုပ်ခြင်းမရှိချေ။
(၂၁) ထိုအချက်ကို ပိဋကတ်စာပေ၌ ထူးချွန်နှံ့စပ်သည့်အပြင် ဝိပဿနာ၌ လိမ္မာသော
ဆရာတော်ကြီး များဖြစ်သည့် လယ်တီဆရာတော်ဘုရားကြီးနှင့် ညောင်လွန်းဆရာတော်ကြီးက ပြုပြင်စီရင်မှု
သင်္ခါရ မဟုတ်သော အသင်္ခတပရမတ်ဓာတ်တော်ဟူသည့် ဓာတ်ဆိုသည့် စကားလုံးဖြင့် ဖော်ပြ၍
--×××--
မိမိကိုယ်တိုင်
သင်္ခါရလောကအကြောင်း နှံ့စပ်စွာမသိနိုင်သည်နှင့် လောကီမဟုတ်သော ပြုပြင်စီရင်မှု သင်္ခါရမဟုတ်သော
အသင်္ခါတ ပရမတ်ဓာတ်တော် နိဗ္ဗာနဓာတ်ကို ဆွဲယူယူဆ သကဲ့သို့ ဖြစ်နေ၏။ ''ဓာတ်''ဟူသည့် စာလုံးသည်
ဗုဒ္ဓဒေသနာတွင် ရှားပါးစာလုံး၊ လျှို့ဝှက်စာလုံး မဟုတ်ချေ။ မဟာဘူတဓာတ် (၄)ပါး၊ စက္ခုဝိညာဏဓာတုယာ၊
နာနာဓာတုဝိဘင်္ဂဥာဏ်၊ ဓာတု စေတီ၊ ပသာဒဓာတ်၊ အာယတနဓာတ်၊ နိဗ္ဗာနဓာတ်စသည်ဖြင့် ရှိသည်သာ
ဖြစ်၏။
အခြားသောပရမတ်များနှင့်မတူ
ကိုယ်ပိုင်သီးခြားသဘောလက္ခဏာရှိခြင်းအဖြစ်ကို ဓာတ်ဟု ခေါ်၏။ ဥပမာ မြင်သိစိတ်သည် မြင်သာမြင်၏
မကြားချေ။ တေဇောသည် အနာစနမအေကမန အပူချိန် လက္ခဏာသာရှိ၍ ခက်မာမျှုအင်ညနျ လက္ခဏာမရှိပါ။
ဝိပဿနာမဂ္ဂင်လမ်းဖြင့်
လျှောက်လှမ်းပြီး၍ အဆုံး၌ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဖြစ် ပါက နိဗ္ဗာန်ကို ပြုပြင်စီရင်လိုက်၍
ဖြစ်လာသည်မဟုတ်ပါ။ မျက်မှောက်ထင်ရှား သိမြင်သွားခြင်းသာ ဖြစ်၏။ ဤသဘောကို ဗုဒ္ဓဘာသာဝင်
အားလုံးလိုလိုပင်သိသည်ဖြစ်၏။
(၂၂) ဓမ္မစေတီဆရာတော်ကြီးက သူ၏ သမာစိတ္တဘာသာကျမ်းတွင် ဓမ္မဓိဋ္ဌာန်၊ နိယဇဘုရား၊
အမြဲဘုရား၊ လူနတ်ဗြဟ္မာတို့ မကြံစည်နိုင်သော ဘုရား၊ မအိုမနာသေသောကမ္ဘာ့လောက၊ သတ္တ လောက၊
သင်္ခါရလောက၊ သြကာသလောကကို ဖန်ဆင်းသောဘုရား၊ ထိုဘုရားကို လောကအလုံးစုံ ဘာသာအားလုံး၏ တစ်ဆူတည်းသော
ဘုရားဖြစ်၍ နောက် ကာလကြာမှ အယူအမျိုးမျိုးကြောင့် ဘာသာအမျိုးမျိုး ဖြစ်လာရသည်ဟု ဆိုထားသည်။
ထိုစာအုပ်ကို ထုတ်ဝေစဉ်က လယ်တီ ဆရာတော်အဖြေများနှင့် ပူးတွဲထုတ်ခဲ့သောကြောင့် လယ်တီဆရာတော်ဘုရားကလည်း
သဘော မတူကြောင်း ပြောခဲ့ခြင်းမရှိချေ။--×××--
မြန်မာနိုင်ငံတွင်
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိပါသည်။ ယူချင်သလို ယူဆပါလော့။ သို့သော် ''ပိဋကတ်တွင်
မပါသည်၊ အဋ္ဌကထာတွင်မလာသည်ကို လာလေဟန်ပြုပါ။ လာလေဟန် ပြုခြင်း''၊ ''ဘုရားမဟောပါလျက် ဟောသည်ဆိုခြင်း''
များကိုမူ ပိဋကတ်တော်တွင် ခသစပ မငါ့အ ကို နိုင်ငံတော်ဥပဒေအရ ကာကွယ်သည်ဖြစ်၏။ အချို့သော
ဘာသာရေးစာပေများ ထုတ်ဝေဖြန့်ချီခွင့် မရသည်မှာ ''သတ်ကြလော့၊ သက်စွန့်ကြိုးပမ်းတိုက်ခိုက်ပါလေ။
စစ်ချီလော့'' စသည့် ရာဇဝတ်မှု မြောက်သည့် စာလုံးများပါနေ၍ဖြစ်သည်။
ပိဋကတ်အကိုးအကားမပါသော၊
ကိလေသာကင်းရေး၊ မဂ္ဂင်လမ်းလည်းမဟုတ်သော၊ ပုဂ္ဂလ အယူမျှသာဖြစ်သော ရေးသားချက်များကို ဖြေရှင်းရန်အကြောင်းမရှိဟု
''ဝိနစ္ဆယ'' ရုံးကဆိုသည်။
(၂၃) ထို့အပြင် ဓမ္မစေတီဆရာတော်ကြီးက ဓမ္မဓိဋ္ဌာန်ဘုရားအကြောင်း လောကီမှပွင့်သော
လူသား ဘုရားများအကြောင်းကို သူ၏နိဗ္ဗာန်လမ်းပြ ဓမ္မကထိကပဒေသာ လက်သုံးကျမ်း၊ တစ်မျက်နှာ
၂၈ မှ ၃ဝ တွင်လည်း ထပ်မံရှင်းပြပြောဆိုထားပေသည်။--×××--
စာပေစိစစ်ရေး၊
ဘာသာရေးဆိုင်ရာ စာပေ ထုတ်ဝေခွင့်နှင့်သာဆိုင်သည်။ထို စာပေစိစစ်ရေး မဖွဲ့မှီက စာများ၊
စာပေစိစစ်မှု ကင်းလွတ်ခွင့်ရ ဓမ္မဒါန လက်ကမ်းစာများ၊ သင်တန်းဖွင့်လှစ်မှုများ ကို အကုန်ဖြေရှင်းရန်
မလိုအပ်ပေ။
(၂၄) ထို့အပြင် ဘုရားဒကာ ဦးလူငယ်က သူ၏သဗ္ဗညု စိန္တမယကျမ်း စာမျက်နှာ ၄-၅ တွင်
ပရမတ် ဘုရားသည် လောကအလုံးစုံကို ဖန်ဆင်းကြောင်း ရှင်းပြထားပြီ။ သဲအင်းဂူဆရာတော်အပါအဝင်
အခြားမြောက်များစွာသော ဆရာတော်များကမူ ဖန်ဆင်းခြင်းဟူသည့် စကားကို ထည့်မပြောဘဲ လျက်
ပရမတ်ဘုရးနှင့် ပညတ်ဘုရားဟူသည်ကို ခွဲခြားပြောဆိုခြင်းများစွာ ရှိပေသည်။--×××--
ပရမတ်ဖြစ်သော
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တွင် ဘုရားရှင်သည်လည်းကောင်း၊ သာဝကသည်လည်းကောင်း မရှိပေ။
သို့သော် အဆိုပါစိတ်တွင်ယှဉ်သည့် စေတသိက် ပညာ၊ သမာဓိ၊ ဝီရိယ၊ဆန္ဒ အဆင့်အတန်းဂုဏ်သတ္တိကို
အစွဲပြု၍ ဘုရားရှင်၊ သာဝက၊ လူဆိုး၊ လူလိမ္မာ၊ ကွဲပြားသွားခြင်းဖြစ်သည်။ ရှေးအတီတေမှ
ပရမီဖြည့်ကျင့်ခဲ့လာရာဟူသော ကြောင်းကျိုးဆက်နွယ် သန္တန်စဉ်နှင့် ပါရမီရင့်ကျက်ပြီး အထက်ဆုံးသော
စိတ်နှင့်ပညာ၊ သမာဓိ၊ ဝီရိယ၊ ဆန္ဒရှိလာခြင်း ဖြစ်လာခြင်းကို ပရမတ်ဘုရား။ ထိုသန္တန်စဉ်နှင့်
ထိုသန္တန်စဉ် မှီရာရုပ်၊ ထုတ်လုပ်ရာ စိတ္တဇ၊ ကမ္မရုပ် များကို အစွဲပြု၍ ဤကား ဗုဒ္ဓတည်းဟု
သိရှိရသည်။
ဖန်ဆင်းခြင်းကတော့
အမှတ် (၁၃)၊ အမှတ် (၁ဝ)နှင့် အမှတ် (၁၅)တို့တွင် ဖော်ပြပြီး ဖြစ်သည်။ ဤသာသနာ၌
belief in worship အတွက် နေရာပင်မရှိချေ။
(၂၅) အထက်ဖော်ပြပါ ဆရာတော်များမှ အချို့သော ဆရာတော်တို့အား အဓမ္မဝါဒီများဟု
သတ်မှတ် ခြင်းများလည်း ရှိပေသည်။ သို့သော ထိုဆရာတော်များအား အဓမ္မဝါဒီများဟု သတ်မှတ်ခြင်းမှာ
အဆိုပါ ပရမတ်ဘုရား၊ ဓမ္မဓိဋ္ဌာန်ဘုရားက လောကအပေါင်းအား ဖန်ဆင်းသည်ဟူသော အယူကြောင့်မဟုတ်ချေ။
အခြားသော ဂိုဏ်းအယူဆရာတော်များနှင့် အခြားသော အယူမတူမှု ကြောင့်သာဖြစ်တော့သည်။--×××--
ဝိနစ္ဆယ
ရုံးမှာပင် ထိုအကြောင်း မှတ်တမ်းမရှိပေ။အဘယ်ကြောင့်ဆိုသော် ဝိနစ္ဆယဥပဒေမရှိမှီက စာပေဖြစ်ခြင်း၊
စောဒကပြုလောက်စရာ အင်အားရပ်ပင်မရှိခြင်း၊ စာအုပ်အဟောင်းဆိုင်များမှာပင် မရှိသလောက်ရှားခြင်း၊
ဖန်ဆင်းရှင်ကိုးကွယ် သူများသာ သိမ်းဆည်းထားနိုင်ခြင်း (လုပ်ကြံစာအုပ်လည်း ဖြစ်နိုင်)
စသည့်အကြောင်းများကြောင့်ဖြစ်သည်။
(၂၆) မံသမျက်စိဖြင့် မမြင်အပ်သော၊ လောကီစကားလုံးဖြင့် တုနှိုင်းမဲ့ဖော်ပြနိုင်စွမ်း
မရှိသော လောက အပေါင်း၏ ဇစ်မြစ် (အလ္လာဟ်)ဟူသည်မှာ အဘယ်နည်းဟု ခံစားနိုင်ရန်မှာ ရြော>ွပန်းကိုးကွယ်မှု
(ရှရိးခ်က်)ကြီးထဲ၌ အသားကျနေသူများအဖို့ မလွယ်ကူလှသလို မိရိုးဖလာ ဗြဟ္မာ့ဝါဒမှပြောသော
အတ္တဗြဟ္မာဟူသည့် ဝေါဟာရများမှာလည်း ယခုခေတ် မြန်မာစကား ဘုရား၊ မြတ်စွာဘုရား သို့မဟုတ်
မြန်မာခရစ်ယာန်များသုံးသော ထာဝရဘုရားဟူသည့် ဝေါဟာရများကဲ့သို့ ဘုရား၊ မြတ်စွာဘုရားဟု
ပြောလိုက်သည်နှင့် လူပုဂ္ဂိုလ်ဖြစ်သော ကိုယ်တော်ဂေါတမဟုသာ ခံစားနေခြင်းမျိုး၊ များစွာသော
ကမ္ဘာနှင့်အဝှန်း ခရစ်ယာန်များကလည်ွးသိထာဝရဘုရားသည် ယေရှု ခရစ်တော်ပင်ဖြစ်သည်ဟု ခံစားနေခြင်းမျိုးဖြစ်သည့်အတွက်
ကိုယ်တော်ဂေါတမအနေဖြင့် သူကိုယ်တိုင် သိနေသော သံသရာ၏အစ၊ သံသရာဖြစ်တည်လာခြင်း၊ သစ္စာဓမ္မအား
ပြဋ္ဌာန်းသည့် မူလဇစ်မြစ်ဘုရားရှင်အား ရိုးရာအသုံး ဝေါဟာရအတ္တ၊ ဗြဟ္မာဟု သုံးပြန်ကလည်း
ထိုခေတ်ထိုအခါ မှ လူသားများမှ သူတို့၏ ဆရာ့ဝါဒအစဉ်အလာ ခံစားယုံကြည်ထားသော ဆရာ့ဂုဏ်များ
ဖွင့်ဆိုရာ ဒသနလူသားနှင့် ရြော>ွပန်းနေသော ဖန်ဆင်းရှင်ကိုသာ မြင်ယောင်ခံစားပေတော့မည်။
ဤ ဝေါဟာရ အခက်အခဲများကြား၌ ကိုယ်တော်ဂေါတမအနေဖြင့် မိမိဟုခေါ်သော ဤခန္ဓာဖြစ်တည်မှု၊ ခန္ဓာ၌
ကျင်လည်ရာစိတ်၊ နာမ်-ခန္ဓာမှတည်ရာလောက၊ သံသရာတို့သည် အနတ္တ (နာမ်)မျှသာ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေသောနည်းဖြင့်
ထုတ်ပြလျက် ဒွန်တွဲနိယာမအားဖြင့် အနတ္တ မဟုတ်သော ပရမတ်တည်မြဲမှုများအား ထုတ်ပြရလေတော့သည်။--×××--
အမှတ် (၁၁)နှင့် (၁၂)တွင် အတန်အသင့်
နှိုင်းယှဉ်ဖော်ပြပြီးဖြစ်သည်။ မတူညီသော ဘာသာတရားနှစ်ခုကို တူသည်ဟု ဖော်ပြလိုပါက ဦးစွာ
ပိဋကတ်တော်လာ ခုဒ္ဒကနိကယ်၊ ခုဒ္ဒက ပါဌ၊ ၅-မင်္ဂလသုတ်နှင့် ဒီဃနိကယ်၊ သီလက္ခန်ပါဠိတော်မှ
သီလတရားများကိုလည်းကောင်း၊ သုစရိုက်၊ ဒုစရိုက်များကိုလည်းကောင်း၊ ပန်းတိုင်နှစ်ခု မတူပုံကိုလည်းကောင်း၊
အရင်လေ့လာ သင့်လှပေတော့သည်။ မံသမျက်စိဖြင့်လည်း မမြင်နိုင်၊ ဝိပဿနာဉာဏစက္ခုဖြင့်လည်း
မသိနိုင်။ ကြံစည်စိတ်ကူးသူတို့၏စိတ်တွင် ခေတ္တသာပေါ်လာသော လောကအပေါင်း၏ ဇစ်မြစ်ကို ထိုကြံစည်စိတ်ကူးသူသာ
သိနိုင်ပေသည်။
(၂၇) ဓမ္မဟူသည်မှာလည်း ဝေါဟာရစကားလုံးများအရ နားလည်မှု ရှုပ်ထွေးလျက် ရှိနေပေသည်။
ဆရာ သမားတစ်ဦးက နောက်လိုက်တပည့်တကာများအား တရားရေအေး တိုက်ကျွေးသည့် အဆုံးအမ သြဝါဒကိုလည်း
ဓမ္မဟု ခေါ်တွင်၏။ မည်သည့်လူသား ဘုရားမျှ ပွင့်ပေါ်သည်ဖြစ်စေ၊ မပွင့်ပေါ် သည်ဖြစ်စေ၊ လောကနိယာမအဖြစ်
အမြဲတည်ရှိသော မဖောက်ပြန်သည့် သဘော သစ္စာတရား ကိုလည်း ဓမ္မဟုခေါ်ပေသည်။--×××--
• နိဒါန်းတွင်
ဖော်ပြခဲ့ဖူးသည့်အတိုင်း ''သောဝန္တော'' ဖြစ်လျှင် ရှုပ်ထွေးစရာမရှိနိုင်ပေ။ ဗုဒ္ဓ သိမြင်သော
ပရမတ္တအဟုတ်ရှိတရားတို့သည် (၄)ပါးသာတည်း။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် တို့ပင်ဖြစ်သည်။
ထိုတရား (၄)ပါးသည်သာရှိ၏။ ထိုသဘောသဘာဝကို ဟောပြခြင်းကို ဓမ္မဟု ခေါ်ထိုက်၏။ ထို့အပြင်
ဓမ္မာရုံ၊ ဓမ္မန္တရာယ်၊ ဓမ္မံသရဏံ ဓမ္မာနုပဿနာ၊ သဗ္ဗေဓမ္မော၊ ဓမ္မာဝိနယ၊ ဓမ္မအဓမ္မ၊ ဓမ္မ ဂုဏော၊
ဒိဋ္ဌဓမ္မနိဗ္ဗာနဒိဋ္ဌိ၊မနောပုဗ္ဗင်္ဂမာဓမ္မာ စသည်ဖြင့် နေရာအမျိုးမျိုးတွင် သုံးနှုန်းသော ဓမ္မ
သည် အကြောင်းအရာပေါ်အခြေခံ၍ နားလည်သဘောပေါက်နိုင်ရာ၏။ ''ဓမ္မောဟဝေရက္ခန္တိ'' တွင် ဓမ္မဟူသည်
မိမိကျင့်သုံးအပ်ပြီးသောတရားဟု အဓိပ္ပါယ်သိနိုင်သကဲ့သို့ ''ဓမ္မဝိနယ''တွင် ဓမ္မသည် ဘုရားရှင်ဟောကြားခဲ့သော
အဘိဓမ္မာနှင့် သုတ္တန်တရားကို ဆိုလို၏။ သဗ္ဗေဓမ္မတွင် အလုံးစုံသော ပညတ်ပရမတ်တရားတို့ကို
ယူရာသည်။ ဓမ္မအဓမ္မတွင် ဓမ္မသည် သုစရိုက် (၁ဝ)ပါးနှင့် အမှန်တရားကိုဟော၏။ ဓမ္မကရှုပ်ထွေးသည်မဟုတ်
ဗုဒ္ဓဘာသာဝင်များကို ရှုပ်ထွေးအောင်ပြုလို ခြင်းသာ ဖြစ်ပုံရ၏။ထင်ရှားသောအနက်များမှာ
·(၁) သဘော၊ (က) ပရမတ္ထအားဖြင့် ထင်ရှားရှိသော
သဘော။
·(ခ) မဖောက်မပြန်-မှန်ကန်-သော သဘော။
·(၂) ပရိယတ်။
·(၃) ပညာ။
·(၄) (က) အသင့်၊ ယုတ္တိ၊ သင့်လျော်သောအကြောင်း။
·(ခ) မဂ်, ဖိုလ်, နိဗ္ဗာန်။
·(၅) သစ္စာ ၄-ပါး။
·(၆) ပကတိ၊ မူလ-ပင်ကိုယ်-သဘော။
·(၇) ဘုန်း၊ ကုသိုလ်၊ ကောင်းမှု။
·(၈) (က) သိအပ်သော-သိစရာရှိသမျှ-တရား။
·(ခ) သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူသော
ဉေယျဓံတရား ၅-ပါး။
·(၉) ဂုဏ်၊ ဂုဏ်တော်၊ ကျေးဇူးတော်။
·(၁ဝ) အစဉ်အလာအကျင့်။
·(၁၁) တည်ကြည်ခြင်း၊ သမာဓိ။
·(၁၂) ကုသိုလ်ကမ္မပထတရား ၁ဝ-ပါး။
·(၁၃) အာပတ်။
·(၁၄) အကြောင်း၊ ကာရဏ။
·(၁၅) သိက္ခာပုဒ်။
·(၁၆) တရားတော်၊ ဒေသနာ။
(၂၈) မည်သည့်လူသားဘုရားမျှ ပွင့်ပေါ်သည်ဖြစ်စေ၊ မပွင့်ပေါ်သည်ဖြစ်စေ နိစ္စဓူဝ
တည်မြဲနေခြင်း သဘော၊ ဖောက်ပြန်ခြင်းကင်းသည့်သဘော ဓမ္မထဲ၌ သစ္စာလေးပါး၊ ၃၁ ဘုံ၊ နိဗ္ဗာန်(ဥပတိဝိဝေက-
ရုပ်များချုပ်ငြိမ်းသွားခြင်း သို့မဟုတ် ဘုံမဲ့နေရာ)၊ လောက၌ လူသားဘုရားပွင့်ပေါ်ခြင်းနှင့်
လူသား ဘုရားအဆင့်ဆင့် (သုတဗုဒ္ဓ၊ အနုဗုဒ္ဓ၊ ------------)ပွင့်ပေါ်ခွင့်ရခြင်းခေတ်ကာလ၊
အချိန်အသိတို့ မှာ တိကျသေချာစွာ ပါဝင်နေတော့သည်။
------------------------------------------------------------------------------ တနည်းအားဖြင့်
မိမိဘာသာမိမိဘုရားဖြစ်ရန် ကြိုးပမ်းအားထုတ် ရသည်ဆိုသော်လည်း မည်သို့မည်မျှကြိုးစားလျှင်
မည်သည့်အချိန်အဆင့်ထိ ရောက်သည်ဆိုခြင်းမှာ လောဓမ္မထဲ၌ ရှိနေပြီး ဖြစ်ပေသည်။--×××--
ဗုဒ္ဓအဘိဓမ္မာဒေသနာတွင်
မည်သည့်ကံသည် မည်သို့မည်ပုံအကျိုးပေးမည် မည်သည့် အချိန်အကျိုးပေးမည်ကို ကမ္မနိယာမ အရ
ကြိုတင်ပြဌာန်းထားခြင်း မဟုတ်ပဲ ဤအကြောင်းကြောင့် ဤအကျိုးကား ဖြစ်မြဲသဘောတည်းဟု လက်ခံသင့်ခံနိုင်ဖွယ်သိမြင်နိုင်ပါသည်။
ဖန်ဆင်းရှင်၏ လက်အောက်ခံအယူဖြစ်သော ''ပြဌာန်း'' ထားသော သဘောနှင့် မိမိကိုယ်တိုင်ဝီရိယ
လုံ့လဥဿဟာရှိသူ အကြောင်းအကျိုး အကောင်းအဆိုး နားလည်သူ၏ အယူ''ဖြစ်မြဲ'' သဘောကား အနက်အဓိပ္ပာယ်တူသလိုနှင့်
ဆန့်ကျင်လွန်းလှသည်။ ဗုဒ္ဓသာသနာ၌ ''ကြိုတင်ပြဌာန်း'' သော သဘောမရှိ အစ္စလာမ်ဘာသာ၌ ''မဂ္ဂင်၊သစ္စာ၊
နိဗ္ဗာန်၊ ဗုဒ္ဓ'' မရှိချေ။''အာကလိအောက်၊ အောက်ကလိကာ'' ကပြားပုံစံဖြင့် ဗုဒ္ဓဘာသာဝင်တို့
ထင်ယောင်ထင်မှား ဖြစ်စေရန် အလို့ငှာ မိမိ ''အီမာန်'' အပျက်ခံ၍ ရေးသားသည်ဟု ယူဆရပေတော့မည်။
နိဗ္ဗာန်ကို ဥပဓိဝိဝေကဟုလည်း ဖော်ပြလေ့ရှိပါသည်။
''ဥပ+ဓါ+ဣ= ဆင်းရဲချမ်းသာတို့ တည်ရာတရား၊ တည်ထောင်ခြင်း၊ ဘဝ၌ စွဲတပ်ခြင်း''ဟူ၍ အနက်ရှိသည်။
ဥပဓိသည် ကံ၊ ကိလေသာကို ဆိုလိုပြီး ဝိဝေကမှာ ကင်းမဲ့ခြင်းပင် ဖြစ်တော့သည်။ မြန်မာစကားရုပ်ရူပကာယကို
ကိုယ်စားပြုသော ဥပဓိရုပ်နှင့် မဆိုင်ချေ။ ဥပဓိ(၄)ပါးတွင်လည်း ''ရုပ်''ကိုသာ ဖော်ပြသည့်
အနက်တစ်ချက်ပင်မရှိချေ။
ဗုဒ္ဓဒေသနာ၌လာသော
နိယာမ(၅)ပါးကို ကြိုတင်ပြဌာန်းသူရှိလေဟန် ပြုခြင်းဖြစ်သည်။ အမှန်စင်စစ် နိယာမ(၅)ပါးကို
စနစ်တကျလေ့လာပြီးလျှင် ''တစ်စုံတစ်ရာ၌ တသမျ့ငစ ဝပ်ပြုမှုသည် အပိုသက်သက်သာ ဖြစ်ကြောင်း''
ကောင်းစွာသိမြင်နိုင်ပါသည်။
(၂၉) အရာရာတိုင်းသည် အနိစ္စမဟုတ်
သဗ္ဗေသင်္ခါရာ
အနိစ္စာဟူသည်ကို စွဲကိုင်ထားသော သူများက အရာအားလုံးသည် အနိစ္စ များသဖြစ်၏။ သို့ဖြစ်၍
ထာဝရတည်မြဲသော အရာဟူသည် မရှိဟုခံစားလျှက် ထာဝရဟူသော စကားနှင့် ထာဝရဘုရားဟူသော စကားလုံးများအား
ပါယ်ဖျက်ရန် လုံ့လပြုလာလေတော့သည်။ အမှန်မှာ သဗ္ဗေသင်္ခါရာအနိစ္စာ ဆိုသည်မှာ ကိုယ်တော်ဂေါတမ၏
သွန်သင်ချက်များမှ တစ်စိတ် တစ်ပိုင်းသာ ဖြစ်သည်။ လောလအားလုံး၌ ပရမတ်တည်မြဲသော ဓမ္မဟူသည်
ရှိသည်ဟု ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံထားပြီး ဖြစ်သည်။--×××--
ဗုဒ္ဓဒေသနာတွင်
သင်္ခါရဟူသည့်စကား၏ အနက်မှာ ''ပြုပြင်စီရင်မှု ခေအငသည သမ ခမနအေငသည'' ဟူ၍ '' ပဋိစ္စသမုပ္ပါဒ
''တွင်သုံးပြီး ''အကြောင်းတရားတို့၏ ပေါင်းမှုကြောင့် ဖြစ်လာသော အကျိုးတရား မနျကူအ''
ဟူ၍ ''သဗ္ဗေသင်္ခါရာ''၌ သုံးနှုန်းပါသည်။ အရာရာတိုင်းက အနိစ္စဟူ၍ မဆိုလို သင်္ခါရ အားလုံးသာ
အနိစ္စဖြစ်သည်။ (၂၈)ပါးသော ရုပ်တရားများ၊ လောကီစိတ်(၈၁)ပါး၊ စေတသိက် (၅၂)ပါးကို ''သင်္ခါရလောက''ဟူ၍
ဖော်ပြပြီးဖြစ်သည်။ သင်္ခါရ၌ ပညတ်မပါဝင်ပါ။ သတ်မှတ်ချက် တစ်ခုသည် သမ္မုတိသစ္စာနယ်တွင်ကာလရှည်လျားစွာ
တည်လျှင်လည်းတည်မည်၊ မပျက်လျှင်လည်း မပျက်၊ ပရမတ်လောက ဖြစ်သောစိတ်၊ စေတသိက်၊ ရုပ် တို့သည်
ဖြစ်ပြီးသည်နှင့် ချက်ချင်းပျက်ခြင်းသဘောရှိ၏။လောကသည် ဖြစ်ခြင်း ပျက်ခြင်း အကြောင်းအကျိုး
ဆက်သွယ်ခြင်း သဘောရှိ၏။ လောကုတ္တရာ (လောက+ဥတ္တရာ) သည် လောကမှလွန်မြောက်နေ၏။ တနည်းအားဖြင့်
ဖြစ်ခြင်း၊ ပျက်ခြင်းနှင့် မဆိုင်သလိုအကြောင်းတရားတို့၏ ဖန်တီးမှုကြောင့်လည်း မဟုတ်။
ပရမတ် တည်မြဲသောဓမ္မကို နိဗ္ဗာန်ဟူ၍ လွယ်လင့်တကူ သိမြင်ကုန်၏။
ပါရမီဖြည့်ကျင့်ခြင်း၊
မဂ္ဂင်ကျင့်သုံးခြင်းသည်လည်း နိဗ္ဗာန်၏ အကြောင်းမဟုတ်ချေ။ အမှန်ရှိသော ပရမတ်နိဗ္ဗာန်ကိုသိမြင်ရေး၏
အကြောင်းများသာ ဖြစ်သည်။ နိဗ္ဗာန်ကို လောကုတ္တရာစိတ်ဖြင့် သိနိုင်၏ ထိုမဂ်ဖိုလ်စိတ် ၈ပါးသည်လည်း
အကြောင်းအကျိုးဆယ်နွယ်မှု ဖြစ်ပျက်သဘောမှ မလွတ်ချေ။ သို့သော် လောကုတ္တရာဟူ၍ ဆိုပြီး ဖြစ်၍
လောကီအတွင်းရေတွက်စရာမလိုတော့ပေ။ သမာပတ်အမျိုးမျိုးအကြောင်း စနစ်တကျ လေ့လာကြပါကုန်။
တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင်
ပါသူကအောင်၍ မပါသူကရှုံး၏။ စာမေးပွဲခန်းကို စောင့်သော ဆရာ၏အမည်အောင်စာရင်း၌ မပါ၍ကျသည်ဟုလည်း
မဆိုအပ်၊ အောင်သည်လည်း မဟုတ်၊ အဘယ်ကြောင့်ဆိုသော် စာမေးပွဲဖြေခြင်းမှ လွန်မြောက်နေသူဖြစ်၏။
နိဗ္ဗာန်သည် အဖြစ် အပျက်အကြောင်းအကျိုးမှ ကင်းသည်လွန်သည်ဖြစ်၍
အနိစ္စမဟုတ်၊ နိစ္စဟူလည်း မဆိုသာ။ ထို့သို့ မငြိမ်သက်မှုမှ ကင်းသောကြောင့် သုခ(သန္တိသုခ)ဟုခေါ်ဆိုအပ်၏။
သို့သော် ပညာအမှူး ဖြစ်သော လောကုတ္တရာဖိုလ်စိတ်ဖြင့် သိမြင်အပ်သော်လည်း ပိုင်ဆိုင်သည်မဟုတ်။
ဝေငှပေးကမ်း၍ လည်းမရ။ တားမြစ်၍လည်းမဖြစ်နိုင် ချမ်းသာစွာ သိမြင်နိုင်ခြင်းသာဖြစ်၍ အနတ္တသဘောရှိ၏။
''သဗ္ဗေဓမ္မာ
အနတ္တာ'' အလုံးစုံသော ရုပ်၊ နာမ်၊ နိဗ္ဗာန်၊ ပညတ်၊ ပရမတ်၊ တို့သည် သူ့သဘာဝအတိုင်းသာ ဖြစ်၏။
ကျယ်ပြန့်သောနက်နဲသော အလွန်ပြည့်ဝစွာ မရေးသားနိုင်ပါ။ မသိသေးပါ။ မိမိကိုယ်တိုင် သင်ယူလေ့လာကျင့်သုံးပါမှ
သိမြင်ပါလိမ့်မည်။
(၃ဝ) ထို့အပြင် တည်မြဲနေသော ဓာတ်တော်ဟူသည်ရှိ၏ဟု
အဂုင်္တ္တိုရ်နိကယ်ယောဓဇီဝဝဂ် ဥပ္ပါဒါ သုတ်တွင် ဖော်ပြသည်။ သို့ဖြစ်၍ သဗ္ဗလုံးစုံရှိသမျှသော
အရာတိုင်းသည် အနိစ္စဖြစ်သည်ဟူသော အဆိုသည် အခြေအနေအားလုံးတွင် မှန်ကန်နေခြင်းမဟုတ်ဘဲ၊
ကိုယ်တော်ဂေါတမ မတိုင်မီ ရှေးဘာသာဝင်များ၏ အယူစွဲများအား တော်လှန်သည့်အခါ၌ သုံးစွဲပြောဆိုသည့်
စကားသာဖြစ်သည်။ ထိုနိစ္စဓူဝရှိနေသော အရာများအပါဝင် မည်သည့်အရာသည်မျှ ရှေးဘဝ ကံကြောင့်
ဖြစ်လာခြင်းမဟုတ်သကဲ့သို့ သဘာဝအားဖြင့် အကြောင်းဇစ်မြစ်မရှိဘဲလျက် အလိုအလျောက်ဖြစ်လာခြင်းလည်း
မဟုတ်ချေ။ (အင်္ဂုတ္ထိုလ်၊ မဟာဝဂ်၊ တိတ္ထာယသုတ်၊ ၆၂) --×××--
အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊
တိကနိပါတ်၊ (၁၄) ၄၊ယောဓါဇီဝဝဂ် မှလာသော ဥပ္ပါဒသုတ်ကို လေ့လာလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော
ဓါတ်(မည်သူ့လိုမျှ မလိုက်ကိုယ်ပိုင်သဘောလက္ခဏာရှိ) ၃ပါးသည် ဘုရားရှင်တို့ ပွင့်ပေါ်သည်ဖြစ်စေ၊
မပွင့်ပေါ်သည်ဖြစ်စေ လောကတွင်ရှိ၏ ဟုဟောတော်မူလိုသည်ကို ထင်ရှားစွာ လေ့လာနိုင်ပါသည်။
ထာဝရဘုရားသို့မဟုတ် မူလဇစ်မြစ်ဘုရားသည် ပြဌာန်း၏၊ ဖန်ဆင်း၏၊ သွန်သင်ချက်များပို့၏ စီလည်းစီရင်တတ်၏။
ထိုအခါ ထိုဘုရားသည် အနိစ္စသဘောရှိ၏။ ထို့ကြောင့် မငြိမ်သက်မှု ဒုက္ခသဘောရှိ၏။ ဝပ်ပြုသူကို
သဘောကျကာ ကောင်းချီးပေးတတ်၏။ မယုံကြည်သူကို မနှစ်သက်။ အနာဂါတ်ကို မမြော်မြင်ဖန်ဆင်း၏။
(ငြင်းပယ်သူ၊ မကောင်းမှု၊ ငရဲ)။ ထို့ကြောင့် အသိÓဏ်ခေါင်းပါး ကလေးဆိုးကြီးသာ ဖြစ်တော့သည်။
ကျေနပ်အောင် အမှန်တကယ် တောင်းပန်လျှင် မကောင်းမှုကို ခဝါချပေးမည်။ ငါ့ကို ကြောက်ပါ။
ယုံကြည်ပါ ဟူသော ကျမ်းချက်များ များပေ၏။
အင်္ဂုတ္တိုရ်ပါဠိတော်၊
တိကနိပါတ်၊ (၇)၊ မဟာဝဂ်မှလာသော တိတ္ထာယနသုတ်ကို လေ့လာလျှင် အရာအားလုံး၏ အကြောင်းကို
ဖော်ပြသည်မဟုတ်၊ ဝေဒနာအမျိုးမျိုး၌ ကံမ္မအမှုများ၊ တိတ္ထိတို့အယူများ ဆက်သွယ်မှုကို ဖော်ပြဟောကြားပါသည်။
ယခင်အမှတ်စဉ် များ၌လည်း ဖော်ပြဖူးပြီးဖြစ်သည်။
(၃၁) ဓမ္မသည်သာ ကိုးကွယ်ရာ
ဓမ္မသည်
မဖောက်မပြန်တည်မြဲခြင်းရှိ၍ သဘောတရားအားဖြင့် တည်မြဲခြင်းရှိ၍ ဓမ္မသည်သာ လောက၌ အမြတ်ဆုံးဖြစ်ကြောင်း
ပါထိကတ် အဂ္ဂညသုတ်၌ ပြောဆို၍၊ လောကသည် မာယာဖြစ်ကြောင်း ဝေဒနာကို ဝေဒနာဟုမှတ်၊ စိတ်ကို
စိတ်ဟုမှတ်လျှင် နှလုံးသား၌ မခံစေခြင်း(အပူးမခံစေခြင်း)ပကတိမိမိအား အခြားသောမာယာများ
မပူကပ်နိုင်စေရန် မိမိသည်သာ အဓိကအားထားရာ ကျန်းကြီးသဘွယ် ကိုးကွယ်ရာဖြစ်ကြောင်းနှင့်
ထိုမဖောက်ပြန် သော သဘောတရားများဖြစ်ကြောင်း၊ ပါထိကတ်စက္ကဝတ္တသုတ်၈ဝ၌ ဆိုထားပေသည်။--×××--
ဒီဃနိကာယ၊ပါထိကဝဂ်ပါဠိတော်၊
အဂ္ဂညသုတ်(၁၁၇)အရ အပိုဒ်တော်ကိုမလေ့လာမီ ထိုအပိုဒ်၌ လာသော''တရား''ကို (၁၁၆)၌ လေ့လာလျှင်
ဤသို့ ထင်ရှားစွာ သိနိုင်ပါသ်ည။ မဂ္ဂင်အကျင့်ကို ကျင့်သုံးပြီးဖြစ်၏။ မဂ်ကိစ္စကို ပြုပြီးဖြစ်၏။
ခန္ဓာဝန်ကို ချပြီးဖြစ်၏။ မိမိအကျိုး (ရဟန်းပန်းတိုင် အရဟတ္တဖိုလ်)သို့ ရောက်ပြီးဖြစ်၏။
ဘဝသံယောဇဉ်ကုန်ပြီး ဖြစ်၏။ ကောင်းစွာ သိ၍ လွတ်မြောက်ခြင်းဖြစ်၏။ ထိုရဟန်းကို အမြတ်ဆုံးဟုဆိုအပ်၏။
တရားသည်သာ လောက၌ အမြတ်ဆုံးဖြစ်၏။ ထိုဒေသနာတို့ကို ခြုံငုံသုံးသပ်သော် ထိုရဟန်းကျင့်သုံးသောတရားဓမ္မကိုသာ
လောက၌ အမြတ်ဆုံးဟု ဟောကြောင်းသိလွယ်ပါသည်။ (၁၁၇)တွင် မဂဓတိုင်းရှင် ကောလလဘုရင်က မြတ်စွာဘုရားကို
လေးစားရိုသေသည်မှာ မြတ်စွာဘုရားကျင့်သုံးသောတရား၊ သိမြင်သောတရားကြောင့်သာ ဖြစ်ကြောင်း
ပေါ်လွင်ပါသည်။ ထိုသို့ မြတ်စွာဘုရားနှင့် ရဟန်းတော်သိမြင်သော နိဗ္ဗာန်ကို မဖောက်ပြန်တည်မြဲသော
သန္တိသုခ ပရမဓမ္မဟုခေါ်ဆိုအပ် ပေသည်။
ဒီဃနိကယ်၊
ပါထိက၀ဂ်၊ စက္ကဝတ္တိသုတ်၊ (၈ဝ၂)ကို လေ့လာကြည့်လျှင် မြတ်စွာ ဘုရားရှင်တော်သည် အကျဉ်းမှအကျယ်သို့
စိတ်ပါဝင်စားလာအောင် ဟောကြားသည်။ ''မိမိသည်သာ မိမိ၏မှီခိုကိုးကွယ်ရာ ဖြစ်ပါစေ''ဟု ပထမဟော၏။
''မည်သို့လျှင် မိမိကိုယ်ကို မှီခိုကိုးကွယ်ရာရောက်သနည်း '' ဟုပြန်လည်မေးကာ ''တရားကိုသာလျှင်
မှီခိုကိုးကွယ်နေခြင်း'' မျိုးဖြစ်သည်ဟု မိန့်၏။ ''မည်သို့လျှင် တရားကို မှီခိုကိုးကွယ်ရာရောက်သနည်း
'' ဟူမူ ''သတိပဌာန် (၄)ပါး (အကျယ်အားဖြင့်
ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိတော်၊ ၉-မဟာသတိပဌာန်သုတ်) ကိုပွားများ ပညာကိုဖြစ်စေလျက် လောဘနှင့်
ဒေါသကို ပယ်ဖျောက်နေ၏''ဟူ၍ တရားကို ကျင့်သုံးခြင်းသည်ပင် တရားကိုမှီခိုကိုးကွယ်ရာရောက်ကြောင်း
ဟောကြားမေးဖြေ ပြုတော်မူထားပါသည်။ တစ်ကြောင်းတည်းသော သတိ ပညာ ဦးစီးသည့် ဗောဓိပက္ခိယ(၃၇)ပါးလမ်း
(အဂ္ဂညသုတ် ၁၃၈)မြတ်ကို မဖောက်မပြန်သော ကျင့်သုံးဖွယ် ဓမ္မဟုခေါ်ဆိုအပ်ပေသည်။
မြတ်စွာဘုရားဟောကြားတော်မူ၍သာ
သိလာရသော မဂ္ဂင်လမ်း၊ ထိုလမ်း၏အဆုံး နိဗ္ဗာန် ထိုတရားမြတ်နှစ်ပါးနှင့် ဂေါတမမြတ်စွာဘုရားဟောကြားသေ
ဒေသနာခွဲခြား၍ မရစကောင်းပေ။ အလွန်စက်ဆုတ်ဖွယ်ကောင်းသောသူတို့သာ တရားကို အမွှမ်းတင်ယောင်ပြု၍
ဘုရားရှင်ကို ကျေးဇူးကန်းကာ တရားနှင့်ဘုရား ခွဲခြားပေလိမ့်မည်။
(၃၂) ဓမ္မသည် ဖန်ဆင်းခံ
ထိုဓမ္မဟူသည်
မည်သည့်အကြောင်းဇစ်မြစ်၌ အခြေခံလျှက် ဖြစ်လာသနည်းဟု ဆင်ခြင်ရန် လိုအပ်ပြန်သည်။ သို့ဖြစ်လျှင်
ဓမ္မဟူသည် ''ဘဝတောမှိ ပုတ္တော သြရသ မုခတော ဓမ္မေဇော ဓမ္မနိမ္မိတော ဓမ္မဒါယာ ဒေါတိ'' ''မြတ်စွာဘုရား၏
ရင်မှဖြစ်သော အမွေပင်ဖြစ်၏''ဟူသော ပါထိကဝဂ် အဂ္ဂညသုတ်(၁၁၈)၌ ဆိုပေသည်။ ထိုသုတ်တော်တွင်
ဓမ္မဟူသည် ဖန်ဆင်းခံ ဖြစ်ကြောင်း ထိုဖန်ဆင်းခံဓမ္မဟူသည်မှာ (၁) မြတ်စွာဘုရားရင်မှဖြစ်သော
(၂) ကိုယ်တော်ဂေါတမ ၏ခံတွင်းမှ ပေါက်ဖွားလာသော (၃) မူလ ဘူတနိစ္စဓူဝတည်နေသော ဓမ္မ - ထိုဓမ္မကြောင့်
ဖြစ်သောဟု နာမဝိသေသန(၃)ခုဖြင့် ဖော်ပြထားပေသည်။ ဤနေရာတွင် ဝိသေသန (၁)နှင် (၂)မှ ညွှန်သော
ဓမ္မမှာ ကိုယ်တော်ဂေါတမÓဏ်စဉ်ကိန်းဆိုက်လျှက် သစ္စာလေးပါးကိုသိလျှက် ပြန်လည် ရွတ်အံ့သော
တရားဒေသနာကို ပြဆိုလျက်၊ (၃)ဓမ္မမှဖြစ်သော ဓမ္မဟူသည် မည်သည့်လူသား ဘုရားပွင့်သည်ဖြစ်စေ၊
မပွင့်သည်ဖြစ်စေ တည်နေသောဓမ္မပင် ဖြစ်သည်။ ထိုဓမ္မအားလုံးသည် ဖန်ဆင်းခံဖြစ်သည်ဟု ဟောပြောသော
တရားဓမ္မများကို ကိုယ်တောဂေါတမနှုတ်မှ ထွက်သောကြောင့် ကိုယ်တော်ဂေါတမက ဖန်ဆင်းရှင်ဟုပြော၍
မရနိုင်ချေ။ သူကိုယ်တိုင် ဓမ္မကို သိသူသာဖြစ်ပေသည်။ သို့ဆိုက ထိုဓမ္မအား မည်သူက ဖန်ဆင်းသနည်း။
ထို့အတွက် ဝေါဟာရ မရှိသော ကိုယ်တော်ဂေါတမသည် သူကိုယ်တိုင်တော်လှန်ခဲ့သော ဗြဟ္မဝါဒမှ
ဗြဟ္မာဟူသည့် ဝေါဟာရအား ပြန်သုံးရလေတော့သည်။--×××--
ပုဏ္ဏားအချို့သည်
ပုဏ္ဏားတို့ကား ဗြဟ္မာ၏ ရင်၌ဖြစ်ကုန်ပြီး ဗြဟ္မာ၏ခံတွင်းမှ ဖွားးသည်ဟု ဆို၏။ ဦးပြည်းခေါင်းတုံးနှင့်
အလှူခံစားရဟန်းများကား ဗြဟ္မာ၏ ခြေဖမိုးမှ ဖွားလျက် ဇာတ်နိမ့်ကုန်၏ဟုဆို၏။ ထိုသို့ပုဏ္ဏားမျိုးမှ
ရဟန်းပြုလာသော ''ဝါသေဋ္ဌ''တို့ကို ဆဲရေး၏။ ပုဏ္ဏားတို့လည်း အင်္ဂါဇာတ်မှသာ ဖွားလာကြောင်း
မြတ်စွာဘုရားက ''ဝါသေဋ္ဌ''ကို ဟောကြားလျှက် ဒုစရိုက်(၁ဝ)ပါး၊ သုစရိုက်(၁ဝ)ပါးကသာ အယုတ်အမြတ်ခွဲပေးကြောင်း
မိန့်တော်မူ၏။ ရဟန်းသည် ဗောဓိပက္ခိယ (၃၇)ပါး၊အကျင့်တရားနှင့် နိဗ္ဗာန်၊ မဂ်ဖိုလ် အသိတရားကြောင့်
အမြတ်ဆုံးဖြစ်နေ၏။ မြတ်စွာဘုရားသည်လည်း အသိ၊ အကျင့်တရားကြောင့် အမြတ်ဆုံးဖြစ်နေ၏။
(အမှတ်စဉ်(၃၁)၌ ပြပြီးဖြစ်၏။) အသိတရားဖြင့် အမြတ်ဆုံးသို့ မရောက်သေးသော ရဟန်း အကျင့်တရားမရင့်ကျက်
သေး၍ အမြတ်ဆုံးသို့ မရောက်သေးသော ရဟန်းသည်လည်း ရှိ၏။
တရားကျင့်ဆဲ၊ ထိုရဟန်းသည် ''တရားကြောင့်ဖြစ်သော၊
တရားသည် ဖန်ဆင်းသော၊ တရားအမွေခံဖြစ်သော သားတည်း'' ဟုဆိုအပ်၏။ တိုက်ရိုက်မြန်မာပြန်ကို
လေ့လာပါလျှင် ''မြတ်စွာဘုရား၏ ရင်မှဖြစ်သာ မြတ်စွာဘုရား၏ ခံတွင်းမှဖွားသော တရားကြောင့်ဖြစ်သော
တရားသည် ဖန်ဆင်းအပ်သော တရားအမွေခံဖြစ်သောသားတည်း''ဟု ဆိုအပ်၍ ဖော်ပြထားပါသည်။နားလည်အပ်သည်မှာ ''မြတ်စွာဘုရား၏ ရင်မှဖြစ်သော(သိမြင်သော)တရားကို
မြတ်စွာဘုရား၏ ခံတွင်းမှ ဖွား၏ (ဟောတော်မူ၏)။ ထိုတရားဖြင့် ဖန်ဆင်းအပ်သော (လိုက်နာကျင့်သုံး၍
တရား၌ တည်လာသော) တရားမွေခံဖြစ်သော (တရားတို့ကို ကိုယ်တိုင်လည်းသိ၊ သူတပါးအားလည်း ဟောသော)
သားတည်း (သာကီဝင်မင်းသားဘုရားသားတော် ရဟန်းတည်း) ဟူ၍ အနက်ရှိသည်။ကိုယ်တိုင်မြန်မာပြန်လိုလျှင်
ကစ္စည်းသဒ္ဒါကျမ်းများ လေ့လာပါလော့။ ခုဒ္ဒနိကာယ်ထေရာ၊ ထေရီ အပါဒါန်များတွင် ထိုရှင်သူမြတ်တို့ကို
ဖော်ညွှန်းရာ၌ ''ဓမ္မနိမ္မိတာ =တရားဖြင့် ဖန်ဆင်းအပ်သော၊ သြရသာ=သားကြီးရတနာကဲ့သို့ အားထားရသောသား''
ဆိုသော ပါဠိတော်များ၊ အနက်များကို မြောက်မြားစွာလေ့လာနိုင်ပါသည်။ မူရင်းအနက်ကို လက်တလုံးခြားလှည့်စား၍
မဆီမဆိုင်ဆိုခြင်းသည် ဟဿရသ ပင်မြောက်နေလေတော့သည်။
မြတ်စွာဘုရားရှင်သည် မိမိကိုယ်ကို
''ဓမ္မကာယ ဗြဟ္မကာယ ဓမ္မဘူတ ဗြဟ္မဘူတ''ဟူသော အမည်ထိုက်ရှိကြောင်း ဝါသေဌအား မိန့်တော်မူပြန်၏။
ထို့နောက် ''ကမ္ဘာလောကဖြစ်ပျက်စီးခဲ့ပုံ၊ ဖြစ်ပေါ်လာခဲ့ပုံ''များ ထပ်ဟော၏။ ထို၌လည်း ဖန်ဆင်းရှင်မပါဘဲ
ကံကြောင့်သာဖြစ်၏။ မြတ်စွာ ဘုရားရှင်သည် ဗြဟ္မာဟူသည်မရှိဟု ဗြဟ္မာဝါဒကို တော်လှန်ခြင်းမဟုတ်။
ဖန်ဆင်းရှင်ဗြဟ္မာ မရှိကြောင်း။ ဗြဟ္မာသည်လည်း ကံကြောင့်ဖြစ်လာကြောင်း၊ ဗြဟ္မာဖြစ်ရန်
ကမ္မဌာန်းများလည်း ရှိကြောင်း ဟောကြားသည်သာဖြစ်၏။ နောက်ဆုံးတွင် အသိ''ဝိဇ္ဇာ'' နှင့်
အကျင့် ''စရဏ'' တို့သည် တရား ဖြစ်ကြောင်း ဟောတော်မူ၍ ထိုသုတ္တန်နိဂုံးချုပ်ထားပါသည်။
(၃၃) အာရုံ
လူသားမဟုတ်သော
အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့မှ ကင်းသော အသင်္ခတ ပရမတ်ဖြစ်သော ပရမတ်ဘုရားနားလည်နိုင်ရန် အဓိကကျသောအချက်များအနက်မှတစ်ခုမှ
သတ္တလောကသားတို့၏ အာရုံဖြစ်တည်ရာ ဇစ်မြစ်ကို သိရန်လိုအပ်ခြင်းပင် ဖြစ်သည်။--×××--
ဖန်ဆင်းရှင်
ပရမတ်ဘုရား အကယ်၍ရှိလျှင် ထိုဘုရားလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တမှ မလွန်ကြောင်း အမှတ်စဉ်
(၃ဝ)လျှင် ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့်ထိုဘုရားအား နားလည်ရန် မလို(မရှိသည်ကို ရှာခြင်းသည်
အကျိုးမရှိ)။ ကိလေသာအာသဝကင်းစင်ရေးသာ အရေးကြီးလှ ပေတော့သည်။
အာရုံဟူသည်
သိစရာဖြစ်၏။ သိစရာသည် အဆင်း၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အသံနှင့် စိတ်ဖြင့် သဘောပေါက်စရာကြံတွေးစရာ
(ဓမ္မာရုံ)ဟူ၍ (၆)ပါးရှိ၏။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်နှင့် ပညတ်ဟူသမျှသည် သိစရာအာရုံသာ
ဖြစ်၏။ နိဗ္ဗာန်မှအပ ကျန်တရားများကို ''အဖြစ်'' တရားဟုခေါ်၏။ ထို့ကြောင့် ''အာရုံ''၌
ဗုဒ္ဓဘာသာဝင်တို့ မျက်စိလည်စရာအကြောင်းမရှိပေ။
(ဓမ္မာရုံ၆ ပါး = စိတ်ဓမ္မာရုံ စေတသိက်ဓမ္မာရုံ
ပသာဒရုပ်ဓမ္မာရုံ သုခုမရုပ်ဓမ္မာရုံ နိဗ္ဗာန်ဓမ္မာရုံ ပညတ်ဓမ္မာရုံ)
(၃၄) ပဌာန်း(၂၄)ပစ္စည်းတွင် အရမ္မဏမအာရုံဟူသည် စိတ်ခံစားမှုကို သိသာခံစားစေရန်
လှုံ့ဆော်သောအရာဖြစ်ပြီး စိတ်ဖြစ်ပေါ်လာစေရန် မွေးဖွားပေးသော မိခင်လည်းဖြစ်၏။ဟု ဆရာတော်များက
ဖွင့်ဆိုကြပေမည်။ တနည်းအားဖြင့် အာရုံမရှိလျှင် (အာရုံမဖြစ်တည်လျှင်) စိတ်လည်း မဖြစ်တည်လာနိုင်ချေ။--×××--
ပသာဒရုပ်
(မျက်စိအကြည်၊ နားအကြည်.....စသည့်)နှင့် အာရုံ(အဆင်း၊ အသံ..) ထိခြင်းကြောင့် စိတ်ဖြစ်ပေါ်လာရ၏။(မြင်သိစိတ်၊
ကြားသိစိတ်....)။သို့သော် ထိတိုင်းသိသည် မဟုတ် မနသီကာရ နှလုံးသွင်းခြင်းခေါ် စိတ်ညွှတ်မှ
သိ၏။ ဥပမာ မျက်လုံးဖြင့် ကြည့်နေတိုင်းလည်း မမြင်ရ။ အထူးသဖြင့် ကိုယ်ပေါ်မှ အဝတ်အစားများ
ကိုယ်ခန္ဓာနှင့်ထိမှုကို သတိမပြုမိတတ်ကြချေ။ ဤအမှတ်စဉ်၌မူ မငြင်းဆိုပေ။ ဗုဒ္ဓဒေသနာနှင့်
ဖီလာကွဲလွဲသော အချက်များကိုမူ ငြင်းဆိုရပေသည်။ အစ္စလာမ်သာသာလာ အာယတ်များ၊ ဟဒီးဆ်များကိုလည်း
ငြင်းမည်မဟုတ်၊ မဟုတ်တမ်းစွပ်စွဲသည်သာ ဖြေရှင်းအံ့။
(၃၅) အာရုံဟူသည် နား၊ နှာခေါင်း၊လျှာ၊ အထိတွေ့၊ အတွေး၊ အမြင်များ၊ အာရုံနှင့်
အာရာမဏီက ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်သော ရသဟု အများစုက နားလည်ထားလျက် ရသအာရုံ (၆)ပါး
ရှိသည်ဟုဆိုသည်။ သို့သော် ယခုသတ်မှတ်သော အာရုံ(၆)ပါးဆိုသည်မှာ အာရုံနှင့် အာရာမဏိက
နှာခေါင်းရှိသော်လည်း အနံ့မရှိလျှင် အနံ့အာရုံမဖြစ်နိုင်၊ အနံ့ရှိသော်လည်း နှာခေါင်းမရှိလျှင်
အာရုံမဖြစ်နိုင်သော ရလာဒ်များသာဖြစ်သည်။--×××--
နှာခေါင်းအကြည်ဓာတ်
(ဃာနပသာဒ)နှင့် အနံ့(ဂန္ဓာ+ဂန္ဓာရုံ) ထိတွေ့မှုကြောင့် နံသိစိတ် (ဃာနဝိညာဏ)ဖြစ်လာခြင်းဖြစ်သည်။
နားလည်မှုလွဲမှားစွာ ရေးသားချက်ဖြစ်ဟန်တူသည်။ အနံ့နှင့်အနံ့အာရုံ အတူတူသာ ဖြစ်သည်။ အာရုံနှင့်
စိတ်မကွဲပြားသော မှားယွင်းသော အရေးအသားဖြင့် ဗုဒ္ဓဒေသနာကို စွတ်စွဲဝေဖန်မှုပြုသည်မှာ
အံ့ဖွယ်တည်း။ အာရုံနှင့်ပက်သက်သော ဒေသနာတစ်ခုကား
ဗဟိဒ္ဓသန္တာန်၌ဖြစ်သော အာရုံတရားတို့ကို
အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။
ဥပမာ အဆင်းတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။
အသံတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အနံ့တို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။
အရသာတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အတွေ့အထိတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။
ဓမ္မာရုံတို့ကိုဗဟိဒ္ဓသန္တာန်၌ပိုင်းခြား မှတ်သား၏။အဆင်းရူပါရုံတို့ကို ဗဟိဒ္ဓသန္တာန်၌ အဘယ်သို့လျှင်
ပိုင်းခြားမှတ်သားသနည်း။အဆင်းတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။
အဆင်းတို့သည်တပ်မက်မှုတဏှာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် ကံကြောင့်
ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် အာဟာရကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။
အဆင်းတို့သည်မဟာဘုတ်လေးပါးတို့ကို စွဲ၍ ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည်
ဖြစ်ကုန်ဆဲဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် ကောင်းစွာ ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။
အဆင်းတို့သည်မဖြစ်မူ၍ ဖြစ်ကုန်၏၊ ဖြစ်ပြီး၍ နောင်မဖြစ်ကုန်လတ္တံ့ဟု ပိုင်းခြားမှတ်သား၏။
အဆင်းတို့ကိုအဆုံးအပိုင်းအခြား ရှိသော အားဖြင့် ပိုင်းခြားမှတ်သား၏။အဆင်းတို့သည် မမြဲကုန်၊
မြဲသောသဘော မရှိကုန်၊ ဖောက်ပြန်သော သဘောရှိကုန်၏ဟုပိုင်းခြားမှတ်သား၏။ အဆင်းတို့သည်
နိစ္စသဘော မရှိကုန်၊ ပြုပြင်အပ်ကုန်၏၊ အကြောင်းကို စွဲ၍ ဖြစ်ကုန်၏၊ ကုန်ခြင်း သဘောရှိကုန်၏၊
ပျက်ခြင်းသဘောရှိကုန်၏ကင်းခြင်းသဘောရှိကုန်၏၊ ချုပ်ခြင်းသဘော ရှိကုန်၏ ဟု ပိုင်းခြားမှတ်သား၏။အဆင်းတို့ကို
အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့် မမှတ်။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ်သား၏။
သုခအားဖြင့် မမှတ်။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သား၏။ အတ္တအားဖြင့် မမှတ်။ ငြီးငွေ့၏။
မနှစ်သက် တပ်နှစ်သက်ခြင်းကင်း၏။ မတပ်နှစ်သက်။ ချုပ်စေ၏။ မဖြစ်စေ။ စွန့်လွှတ်၏။ မစွဲယူ။
အနိစ္စအားဖြင့် ပိုင်းခြားမှတ်သားသောသူသည်
နိစ္စသညာကို စွန့်၏။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် သုခသညာကို စွန့်၏။ အနတ္တအားဖြင့်
ပိုင်းခြားမှတ်သားသောသူသည်အတ္တသညာကို စွန့်၏။ ငြီးငွေ့သောသူသည်နှစ်သက်ခြင်းကို စွန့်၏။
တပ်ခြင်းကင်းသူသည် ရာဂကိုစွန့်၏။ ချုပ်စေ သောသူသည် ဖြစ်ပေါ်ခြင်းကို စွန့်၏။ စွန့်လွှတ်သောသူသည်
စွဲယူခြင်းကို စွန့်၏။ ဤသို့အဆင်းတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။( ခုဒ္ဒကနိကာယ်ပဋိသမ္ဘိဒါမဂ်
ပါဠိတော် မဟာဝဂ္ဂ)
(၃၆) မည်သည့်အာရမဏိက (ယခုနားလည်သည့် ထိတွေ့ပေါင်းစပ်ခံ)မှု မရှိဘဲလျက် ပကတိ
အာရုံ (မည်သည်နှင့် မပေါင်းစပ်ဘဲလျှက် အာရုံကို အာရုံအတိုင်း တည်အောင်ထားနိုင်သော အာရုံ)
ရသ ရှိနေသေးသည်ပင်။ ¤င်းမှာ လက်ရှိလူသားများ နားလည်နေသည့် အာရုံ(၆)ပါးအား ဖြတ်တောက်
လျှက် တရားဘာဝနာကျင့်ကြံချိန်=ဈာန်သမ္မာပါတ် ကိန်းဆိုက်ချိန်၌ ခံစားရသော အာရုံရသ ဖြစ်သည်။
ထိုအာရုံမျိုးကို စရထကျက်စားရာ အာရုံဟုခေါ်သည်။--×××--
လောကီဈာန်
သမာပတ်(၈)ပါးကို ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့သည် စိတ်၊ စေတသိက်များနှင့်
ရုပ်အချို့ကို ပိုင်းခြားထားသော အချိန်ပိုင်းအလိုက် ချုပ်နေစေသော နိရောဓသမာပတ်ကို ဝင်စားနိုင်၏။
ထိုအခါ၌ မည်သည့်မငြိမ်သက်မှုမျိုးမျှ မရှိ ပကတိသန္တိသုခ ဖြစ်၏။ သို့သော်ထိုသုခကို ခံစားခြင်း
ဝေဒနာသဘောဖြင့် မခံစား။ သိခြင်း(ပသာဒကို သိစရာ အာရုံရိုက်ခတ်၍ သိမြင်လာခြင်း)မှန်သမျှ
ငြိမ်းနေ၏။ ဈာန်သမာပတ်မူကား သိစရာအာရုံ(၆)ပါးကို ဖြတ်တောက်ခြင်းမဟုတ်။ ဝိတက်၊ ဝိစာရ၊
ပီတိ၊ သုခ၊ ဧကဂတာဟူသော အင်္ဂါရပ်များဖြင့် ပညတ်နိမိတ်တွင် ကျက်စားခြင်းသာဖြစ်သည်။ သို့သော်
ရူပါရုံကားမဟုတ်။ ပရမတ် သညာ ပရမတ် ဧကဂတာဖြင့်ပြီးသော သည် အဆင်းနိမိတ်တည်း။ သို့သော်
ရူပါရုံကားမဟုတ်။ ပရမတ်သညာ+ဧကက္ကတာ(သမာဓိ) အစွမ်းဖြင့် ပြီးသော ပသာဒရုပ်ဓမ္မာရုံနိမိတ်
(မနောပသာဒတွင် ထင်လာသော အဆင်းပညတ် သိစရာ)ပေတည်း။ အာရုံ(၆)ပါး မှတပါး အခြားအာရုံ ဒေသနာတွင်
မရှိ။
စရထ
ကျက်စားရာသည် ပုထုဇဉ်တို့ ကျက်စားရာနှင့်အရိယာဖြစ်လိုသော သာဝကတို့ ကျက်စားရာဟူ၍ (၂)မျိုးရှိ၏။
အာရုံ(၆)ပါးသည် စိတ်၏ကျက်စားရာ ဖြစ်သည်ကားမှန်၏။ စိတ်ဖြစ်ပေါ်နိုင်သော ကာလပတ်လုံးအာရုံ(၆)ပါးသည်
စိတ်၏ကျက်စားရာဖြစ်၏။ မှန်၏။ စိတ်ရှိသမျှကာလပတ်လုံး အာရုံ(၆)ပါးနှင့် ကင်းသည်ဟူ၍မရှိ။
သို့သော် ပုထုဇဉ်တို့ကား ကိလေသာအစွမ်းဖြင့် ကာမဂုဏ် အာရုံ(၅)ပါး၊ ထို(၅)ပါးနှင့် ပတ်သက်သော
ဓမ္မာရုံများ၌ ကျက်စား၏။ သာဝကတို့မှု ရှောင်လွဲ၍ မရသော ပယ်၍မရသော တရစပ်ထိလာသော အာရုံ(၆)ပါးလုံးပေါ်၌
ကိလေသာမှ ခွာထွက်ရန် အလို့ငှာဟူသော အသိ၊အကျင့်ဖြင့် မြင်၏၊ ကြား၏၊ အနံ့ရ၏၊ ထိသိ၏။
အမှန်စင်စစ်
စရထ ကျက်စားရာဟူသည် စိတ်ဖြစ်ပေါ်ခွင့်ပေးရာ အကျင့်နယ်ပယ်ကို ဆိုလို၏(အဘိဓါန် အရ)။ ကိလေသာယှဉ်သော
စိတ်များသည် သာဝက၏ အကျင့်နယ်ပယ်မဟုတ်၊ ပညာ+သတိယှဉ်သော စိတ်များသာ သာဝက၏ အကျင့်နယ်ပယ်တည်း။
မြတ်စွာဘုရားရှင် ဆိုလိုတော်မူသော စရထ သည် အဘယ်နည်းဟူသည်ကို နောက်အမှတ်စဉ်၌ ထင်ရှားစေအံ့။
(၃၇) ပဋ္ဌာန်းတရားတော်အရပင် ဟေတုဟုခေါ်သော အကြောင်းရင်းဇစ်မြစ်မရှိဘဲလျက် သဘာဝ
အလျောက် ဖြစ်တည်လာနိုင်ဘွယ်ရာမရှိချေ။ သို့ဖြစ်လျှင် ထိုအရထခေါ် ကျက်စားရာအာရုံ ဖြစ်တည်လာခြင်းသည်
အဘယ်နေရာကနည်းဟုမူ ပိဋကတ်တော်၌ ''ဂေါစရ ဘိက္ခဝေ စရထ သကေ ပေတ္တတေ ဝိသယေ၊ ဂေါစရေ ဘိက္ခဝေ
စရန္တာ သကေ ပေတ္တိကေ ဝိသေယ၊ ဘောဂေနပိ ဝိဍ္ဎဿထ၊ ဝဏ္ဏေနပိ ပဍ္ဎိဿထ၊ သုခေနပိ ဝဍ္ဎိဿထ၊ ဘောဂေနပိ
ဝဍ္ဎိဿထ၊ဗလေနပိ ဝဍ္ဎိဿထ''၊ရဟန်းတို့ အဘထံမှလာသော - မိမိတို့၏ ကျက်စားရာအရုံ၌ ကျက်စားကုန်သော
(သင်တို့သည်) အသက်အားဖြင့်လည်း တိုးပွားကုန်လတ္တံ၊ စည်းစိမ်အားဖြင့်လည်း တိုးပွားကုန်လတ္တံ၊
ချမ်းသာအားဖြင့်လည်း တိုးပွားကုန်လတ္တံ၊ အဆင်းအားဖြင့်လည်း တိုးပွားကုန်လတ္တံ၊ ခွန်အားဖြင့်လည်း
တိုးပွားကုန်လတ္တံဟု ဆိုထားပေသည်။ (သုတ်ပါထိက၊ စက္ကဝတ္တိသုတ္တ၊ ဘိက္ခုနော အာယုဝဏ္ဏာဒိဝဍ္ဎန
ကထာ) --×××--
ဒီယနိကယ်၊
ပါထိကဝဂ်ပါဠိတော်ြ>ွစက္ကဝတ္တိသုတ် (ပိုဒ် ၁ဝဝ)၌ လာသော ပါဠိတော် မြန်မာပြန်ကို အကျဉ်းချုံး၍
ဖော်ပြအံ့။
''ရဟန်းတို့
(သင်တို့သည်) အဖ(ဘုရား)မှ လာသော(ဟောပြသော) မိမိတို့ ကျက်စားရာ အာရုံ၌ ကျက်စားလော့။
ထိုအခါ သင်ချစ်သားတို့အား အသက်၊ အဆင်း၊ ချမ်းသာ၊ စည်းစိမ်၊ ခွန်အားတို့ကို တိုးပွားကုန်လတ္တံ့။
ရဟန်း၏ အသက်တိုးပွားခြင်းသည်အဘယ်နည်း။ ဤသာသနာ တော်၌ ရဟန်းသည် ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ
ကြီးမှူးသော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓါန် ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်တရားကို
ပွား၏။ အဖန်ဖန်ပွားခြင်းကြောင့် အလိုရှိ ခဲ့သော ဘဝသက်တမ်း (ဥပမာ နှစ် ၁ဝဝ) ပတ်လုံးသော်လည်းကောင်း၊
ထိုထက်အလွန်သော် လည်းကောင်း တည်ရာ၏။ ဤကား ရဟန်း၏ အသက်တည်း။
ရဟန်း၏
အဆင်းသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၏။
အကျင့် ''အာစာရ'' ကျက်စားရာ ''ဂေါစရ''နှင့်ပြည့်စုံ၍ အနည်းငယ်မျှသော အပြစ်တို့၌ ''ဘေး''ဟုရှု၏။
သိက္ခာပုဒ်တို့ကို ကောင်းစွာကျင့်၏။ ဤကားရဟန်း၏ အဆင်းတည်း။
ရဟန်း၏ ချမ်းသာသည် အဘယ်နည်း။ ဤသာသနာတော်၌
ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းစင်လျက် အကုသိုလ်တို့မှ ကင်းလျက် ဈာန်ချမ်းသာအဆင့်ဆင့်
ဝင်စားနေ၏။ ဤကားရဟန်း၏ ချမ်းသာတည်း။
ရဟန်း၏
စည်းစိမ်သည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍
ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့်နေ၏။ သနားကြင်နာသော ကရုဏာဖြင့်နေ၏။
ဝမ်းမြောက်ခြင်း မုဒိတာဖြင့်နေ၏။ အညီအမျှသဘောထားခြင်း ဥပေက္ခာဖြင့်နေ၏။ ဤကားရဟန်း၏ စည်းစိမ်တည်း။
ရဟန်း၏
ခွန်အားသည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် အရဟတ္တဖိုလ် စိတ်နှင့် အာသဝေါမှ လွတ်သောပညာကို
ကိုယ်တိုင်မျက်မှောက်ပြု သိမြင်နေ၏။ အဖန်တလည်းလည်း သေစေတတ်သော ကိလေသာမာရ်ဟူသော အားကိုအရဟတ္တဖိုလ်ခွန်အား
တစ်ခုသာ ပယ်လှန်နိုင်၏။ ဤကားရဟန်း၏ ခွန်အားတည်း။
ရဟန်း၏အသက်၊
အဆင်း၊ ချမ်းသာ၊ စည်းစိမ်၊ ခွန်အား တိုးပွားစေရန် မြတ်ဘုရားမှ လာသော ဟောသောတရားလမ်းစဉ်ကို
ကျင့်သုံးပါဟုလွယ်တကူ သဘောပေါက်နိုင်သည်သာ ဖြစ်၏။ လိုချင်တပ်မက်မောဆာလောင်မှု လောဘ၊
ပူပန်ပျက်စီးဖျက်စီးတတ်သော ဒေါသ၊ အာရုံ၏ သဘောအမှန်ကို မသိမှု မောဟဟူသော အကုသိုလ်ဟိတ်
၃ပါးတို့ဆန့်ကျင်ဘက်ဖြစ်သော အလောဘ၊ အဒေါသ၊ အမောဟ ဟူသည့် ကုသိုလ်ဟိတ် (၃)ပါးသည် တိုးပွားခြင်းဟူသော
အကျိုးသို့ ရောက်ရန် ဗုဒ္ဓဖော်ပြဟောကြားသည့် ဗောဓိပက္ခိယ (၃၇)ပါးအတွင်း ပါဝင်လျက်သား
ရှိတော့သည်။
(၃၈) အဆိုပါ သုတ်တော်မှ အဘ(ပီတ) ဟူသည်ကို ဆရာတော်ကြီးများက အဘဘုရားဟု ပြန်ဆိုကြလျက်
ကိုယ်တော်ဂေါတမကို ညွှန်းသည်ဟု ဖွင့်ဆိုမှုများ ရှိပေသည်။ ထိုသို့ ဖွင့်ဆိုနိုင်ရန် ရဟန်းတို့ဟူသောစကားလုံးကိုလည်း
သင်ချစ်သားတို့ဟုစကွင်းပိတ်ဖြင့် ထည့်သွင်းဘာသာပြန်မှုများ ရှိတော့သည်။ သို့သော် သက်ဆိုင်ရာ
ဂိုဏ်းအယူများကို စောကြောနေရန် မလိုပဲလျှက် မူရင်း ပါဠိလာ-စရထ သကေ ပေတ္တိကေ ဝိသယေကိုသာ
ဆင်ခြင်ရမည်ဖြစ်သည်။--×××--
ခုဒ္ဒကနိကယ်
ထေရာပဒါန်ပိဠိတော် ၁ဗုဒ္ဓဝဂ်ြ>ွ၃-၁သာရိပုတ္တတ္ထေရအပဒါန်တွင် အရှင်သာရိပုတြာအလောင်းတော်သည် အဘိညာဉ်(၅)ပါးနှင့်
ပြည့်သော သီလရှိသော''သုရုစိ'' မည်သော ရသေ့ဆရာဖြစ်၏။ သာရိပုတ္တထ္ထေရအပဒါန်(၁၈ဝ)တွင် ''အဘိညာဉ်(၅)ပါး
အထိပ်သို့ ရောက်သော ဖခင်၏ဥစ္စာဖြစ်သော (သမာဓိ၊ ကသိုဏ်း စသော) အာရုံ၌ မွေလျော်ကုန်သော
ကောင်းကင်၌ သွားလေ့ရှိသော ပညာရှိကုန်သော ငါ၏တပည့်တို့သည် အခါခပ်သိမ်းငါ့ကို ခြံရံကုန်၏''
ဟုဆိုထား၏။ အထွတ်အထိပ်ပညာရှိဆရာမြတ်ကို အဖဟု ခေါ်၍ထိုဆရာ၏ လမ်းစဉ်ကို ''ဖခင်၏ဥစ္စာဖြစ်သော
အာရုံ''ဟု ခေါ်ပေသတည်း။ ''ပီတာ''သည် အဖကဲ့သို့ ဆရာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ခုဒ္ဒကနိကယ်
ြ>ွထေရီအပဒါန်ြ>ွ၂ ဧကူပေါသထိကုဝဂ်ြ>ွရမဟာပဇာပတိဂေါတမီထေရီအပဒါန် (၁၁၅)တွင်
''ဤဘိက္ခုနီကျောင်းသည် ထိုဘိက္ခုနီမ (မဟာပဇာဂေါတမီနှင့် ရဟန်းမ ၅ဝဝ)တို့နှင့်ကင်း၍ ဆိတ်သုဉ်းခဲ့လေ၏။
မိုးလင်းသောအခါ ကြယ်ထို့ကဲ့သို့ မြတ်စွာဘုရားသမီးတော်တို့ကို မတွေ့မြင်ရကုန်''ဟုပါရှိ၏။
အဒေါ်ဖြစ်သူ မဟာပဇာပတိဂေါတမီ ကိုပင် မြတ်စွာဘုရား၏ သမီးတော်ဖြစ် အမည်အားဖြင့် ဂေါတမီ
ဖြစ်လတ္တံ့ဟု လွန်ခဲ့သော ကမ္ဘာတစ်သိန်းက ပဒုမုတ္တရဘုရားရှင် ဗျာဒိတ်ထားခဲ့သည်ဟု (၂ဝ၃)တွင်
ဖော်ပြထားပါသည်။ များစွာသော ထေရီ၊ ထေရာတို့သည် မိမိကိုယ်ကို ဘုရားရှင်၏ သားသမီးများအဖြစ်
ခံယူကုန်၏။
ထို့အပြင်
အဂ္ဂညသုတ် (၁၁၈)၌လည်း မြတ်စွာဘုရားက ''ဝါသေဋ္ဌ အသီးသီးသောဇာတ် အမည် အနယ်အမျိုးရှိသော သင်တို့သည်
လူ့ဘောင်မှ ရဟန်းဘောင် (ပဗ္ဗတိက၊ ဘိက္ခု)သို့ ဝင်ရောက်လာ၏။ ယင်းသို့ဖြစ်သော်လည်း သင်တို့သည်
''အဘယ်သူတို့နည်း'' ဟု မေးကြကုန်သော် ငါတို့သည် ''သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့တည်း
'' ဟူ၍ ဝန်ခံကြကုန်လော့။ ဝေါသေဋ္ဌစင်စစ်အကြင်သူ၏ ယုံကြည်ခြင်းသည် မြတ်စွာဘုရား၌ မတုန်လှုပ်တည်၏။
မဂ်အမြင် ပေါ်ခြင်းကြောင့် ဖြစ်၏။ ထိုမဂ်Óဏ်ဖြင့်တည်၏။ မြဲမြံ၏။ ရဟန်းသည်လည်းကောင်း
ပုဏ္ဏားသည် လည်းကောင်း၊ နတ်သည်လည်းကောင်း၊ မာရ်သည်လည်းကောင်း ဗြဟ္မာသည်လည်းကောင်း၊ လောက၌တစ်စုံတစ်ယောက်သောသူသည်လည်းကောင်း
လှုပ်ရှားစေခြင်းငှာ မတတ်နိုင်၊ ထိုသူသည် ထိုအခါ ငါ၏ရင်၌ သိမြင်၍ခံတွင်းမှ ဟောသောတရား၏အစွမ်းဖြင့်
တည်သောကြောင့် ''မြတ်စွာဘုရား၏ ရင်မှဖြစ်သော ခံတွင်းမှဖွားသော တရားကြောင့်ဖြစ်သော တရားသည်(တရားဖြင့်)
ဖန်ဆင်းအပ်သောတရာအမွေခံဖြစ်သော သားတည်း''ဟု ဆိုခြင်းငှာ သင့်၏။ အဘယ်ကြောင့်ဆိုခြင်းငှာ
သင့်သနည်း၊ ဝါသေဋ္ဌ ''ဓမ္မကာယ ဗြဟ္မဘူတ ဗြဟ္မဘူတ'' ဟူသော ဤအမည်သည် ငါ၏ အမည်ဖြစ်သောကြောင့်တည်း။
''
(၃၉) ပေတ္တိတေ-ဖခင်၏ ဟူသည့် စကားလုံးမှာ အဘရင်း၊ ဇစ်မြစ်ကို ပြောဆိုခြင်းဖြစ်၍-ဤနေရာ၌
တတိယ နာမ်စားကို ဖော်ညွှန်းသည်။ နင်-ငါနာမ်စားဖြင့် တိုက်ရိုက်စကားပြောဖြစ်သော ဤဝါကျတွင်
တတိယနာမ်စားမှာ စကားပြောသူကိုယ်တော် ဂေါတမအား မညွှန်းချေ။ အကယ်၍ ညွှန်းသည်ထားဦး-ရဟန်းဖြစ်စေ၊
လူဖြစ်စေ မည်သူတစ်ဦး၏ အာရုံသည်မျှ-ဖခင်ရင်းဖြစ်စေ၊ ဆရာဖြစ်စေ-အခြားလူသားတစ်ဦးထံမှ
ရောင်ခြည်တော် ကွန့်မြူးဖြန့်ကျက်ပေးလျှက် ကူးစက်ဖြစ်တည်လာခြင်း မဟုတ်ချေ။ ဖခင်အရင်းက
သွန်သင်ပေး၍၊ ဆရာတစ်ဦးဦးက သွန်သင်ပေး၍- ထိုသွန်သင်မှုပေါ်၌ အခြေတည်ကာ ဖြစ်လာသောအာရုံ-ဟုဆိုရန်လည်း
ဤသုတ်တော်ပါ စကားအရ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျက်စားရာအာရုံဟူသည်-အပြင်ဗဟိဒ္ဓမှ
ထိတွေ့မှုအာရုံကိုသာ ဆိုလိုခြင်း ဖြစ်သောကြောင့်ပင်။--×××--
ထူးကဲသောဆရာမြတ်ကို
ဖခင်ဟုခေါ်ကြောင်း ထပ်မံမရှင်းလိုတော့ပေ။ သို့သော် အာရုံနှင့်ပသာဒ ထိတွေ့၍ သိမှုဝိညာဉ်
ဖြစ်လာသမျှသည် အတိတ်ကံကြောင့်သာဖြစ်သည်။ အတိတ်ကံအလျောက် အာရုံများက လာရောက်ထိတွေ့သည်ဟု
ဆိုသော် ပုဗ္ဗေကတဟေတု ဒိဋ္ဌိသာဖြစ်သည်။ အားကြီးသော အထောက်အပံ့ဖြစ်သော ''ဥပနိဿယပစ္စယသတ္တိ''တွင်
''ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော''၊ ''သေနာသနံပိ ဥပနိဿယ ပစ္စယေန ပစ္စယော'' ဟူ၍ပါရှိသည်။
''ပုဂ္ဂလခေါ်
မိမိကိုယ်တိုင်၊ ဆရာ၊ ရန်သူ၊ချစ်သူ၊ မိတ်ဆွေ၊ မိဘစသည်တို့သည် ''လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊
အဒေါသ၊ အမောဟ'' ဟူသည့် ဟိတ်ယှဉ်သောစိတ် ဖြစ်လာစေရန် အားကြီးစွာ အထောက်အပံ့ ပြုလျက်သားရှိတော့သည်။
မှန်ပေ၏။ အတိတ်ကံတို့သည် မခန့်မှန်းနိုင်အောင် ရှိကြ၏။ မည်သည့်ကံက အကျိုးပေးခွင့်ရမည်ကို
ပစ္စုပ္ပန်ကံက၊ ပစ္စုပ္ပန် (ကာလ၊ ဒေသ၊ ပယောဂ၊ ဘဝ) အခြေအနေက ဆုံးဖြတ်ပေးလျက်သားရှိသည်။ အဇာတသတ်မင်းသားသည်
အတိတ်ပါရမီပါသော်လည်း ငယ်စဉ်က ထိုပါရမီမရင့်ကျက်သေးပေ။ မရင့်ကျက်မီတွင် ''အဖသတ်''ကံကျူးလိုက်သည်။
ထိုအခါ ထိုဘဝ၌ မဂ်ဖိုလ်ရခွင့် မရှိတော့ပြီ။
''သေနာသနံ''ခေါ် ပတ်ဝန်းကျင် ပစ္စည်းပစ္စယများကလည်း
ဟေတုကို အားကြီးစွာထောက်ပံ့နေ၏။ ''ကဗဠီကရာအာဟာရ''ခေါ် စားသောက်ဖွယ်ကလည်း ''အာဟာရပစ္စယသတ္တိ''ဖြင့်
ရုပ်ကိုသာမက သိမှုဝိညာဉ်နှင့် ယှဉ်သောဟိတ်စေတသိတ်များကို ထောက်ပံ့၏။ စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊
အားဆေးတို့ကို အစွမ်းမရှိဟု ငြင်းဆိုခြင်း မပြုပါလေ။ ပဋ္ဌာန်းပစ္စည်းတို့ကား လောက၌ဖြစ်သော
သဘောသာတည်း။ နက်နဲကျယ်ပြန့်သောအဆုံးမဲ့ ပဋ္ဌာန်းကို လေ့လာသင့်၏။
ပသာဒ၊
အာရုံ၊ ဝိညာဉ် (စိတ်+စေတသိတ်)များကို ရောထွေးအောင် ရှုပ်ထွေးမှားယွင်းစေလျက် ကျက်စားရာအာရုံကို
ဖွင့်ဆိုခြင်းကိုထပ်မံမရှင်းတော့ပြီ။
ရဟန်းတို့
အဘယ်သို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ မလိမ္မာ သနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည်
သတိပဋ္ဌာန် လေးပါးတို့ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကျက်စားရာ
စားကျက်၌ မလိမ္မာပေ။( မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ ပါဠိတော် မဟာယမကဝဂ် မဟာဂေါပါလကသုတ်)
(၄ဝ) ဤစကားလုံး အဘထံမှ (ဇစ်မြစ်ဘုရားထံမှ) ဖြစ်သော ကျက်စားရာ အာရုံ-စရထသက
ပေတ္တိကေ ဝိသယေ ဟူသည်ကို ပကတိဓမ္မသည်သာ ကိုးကွယ်ရာ ဖြစ်သည်ဟု ဟောကြားသော စက္ကဝတ္တိသုတ်၊
အတ္တဒီပဏတာ (မိမိသည်သာ ကျွန်းကြီးသဖွယ် ကိုးကွယ်ရာ)ဟူသည့် သုတ်တော်၌လည်း ပြောဆိုထားပေသည်။
အဆိုပါသုတ်တော်တွင် ပြောဆိုသည့် ဓမ္မသည်လည်း ကိုယ်တော်ဂေါတမဟူသော လူသားမွေးဖွားပေါ်ပေါက်လာမှ
ဖြစ်တည်လာသော ဓမ္မမဟုတ်ဘဲလျှက် နဂိုရှိရင်းစွဲ ပကတိဓမ္မဖြစ်၍၊ ထို-ဓမ္မကိုသာ အားကိုးအားထားပြုထိုက်ကြောင်း
ဟောထားသည့် သုတ်တော်ဖြစ်သည်။ ထို့ကြောင့် ထိုပကတိဓမ္မသည် ရဟန်းတို့ လူတို့ကိုးကွယ်ရာဖြစ်၍
ထိုဓမ္မအား ကျက်စားရမည့် အာရုံသည် ဇစ်မြစ်ဘုရားထံမှ လာသော အာရုံဖြစ်သည်ဟုဆိုသည်။--×××--
ရှင်းခဲ့ပြီးဖြစ်၏။
နားလည်သင့်လောက်ပြီ။
(၄၁) သို့ဖြစ်၍ ကိုယ်တော်ဂေါတမက ဟေတုဟူသည့် အကြောင်းရင်းဇစ်မြစ်ကို အဝိဇ္ဇာ
ဖုံးကွယ်သောကြောင့် မသိနိုင်ခြင်းဖြစ်သည်ဟု မကြာခဏပြောဆိုသည်။ ထို့ကြောင့် ဖုံးကွယ်ထားသော
အဝိဇ္ဇာအား အလျင်အဦး ဖယ်ရှားနိုင်ရန် ကျင့်ကြံအားထုတ်ခိုင်းခြင်းဖြစ်သည်။ ဖုံးကွယ်သည်ဆိုခြင်းမှာ
နဂိုကရှိနေပြီးသားဖြစ်၍သာ ဖုံးကွယ်ခြင်းဖြစ်သည်။ နဂိုကမည်သည့်အရာမျှ မရှိလျှင် ထိုမရှိသည့်အရာကို
မည်သည့်အရကမျှ ဖုံးကွယ်ရန် အကြောင်းမရှိသလို ဖုံးကွယ်သည်ဟူသော ဝေါဟာရကိုလည်း သုံးစွဲပြောဆိုရန်
မလိုအပ်ပေ။--×××--
ပရမတ်အားဖြင့်
ထင်ရှားရှိသော ရုပ်၊ စိတ်၊ စေသိက် တို့၏ အဖြစ်အပျက်၊အကြောင်းအကျိုး ဆက်သွယ်မှုကို အဝိဇ္ဇာခေါ်
မောဟကဖုံးလွှမ်းထား၏။ သံသရာအစကို ထားဦးဘိ၊ သိမြင်သောအာရုံ၏ သဘောသဘာဝ ကိုပင် မသိ (ပစ္စုပ္ပန်ပင်မသိ)၊
လွန်ခဲ့သော (၁ဝ)နှစ်ခန့်က အမှတ်ရစရာ မိမိမွေးနေ့တွင် တစ်နေ့လုံးကြုံတွေ့သမျှ အခြေအနေကို
ပြည့်ဝစွာမသိ၊ မမှတ်မိ။ အစ္စလာမ်သာသနာတွင်မရှိသော ဘဝများကို ပြန်ကြည့်သည့် ပုဗ္ဗေနိဝါသအဘိညာဉ်
အစွမ်းသည်လည်း ပစ္စေကဗုဒ္ဓများအဖို့ပင် အကန့်အသတ်ဖြင့်သာ သိနိုင်၏။ ထို့အပြင် အရိယာမဟုတ်သူများက
အတိတ်ကို ဆင်ခြင်လတ်သော မှားယွင်းသော မိစ္ဆာအယူသာဖြစ်လာရ၏။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ
ပါဠိတော်၊၁-မူလပရိယာယဝဂ်၊ ၂-သဗ္ဗာသဝသုတ် (သဗ္ဗသဝသံဝရဒေသနာ အာသဝအားလုံးပိတ်ကြောင်းတရား)
''မောဟဖုံးကွယ်ထားသော
အမှန်သဘောများအား ကုသိုလ်၊ အကုသိုလ်ဟူသည့် အကောင်းအဆိုးသဘော၊ ကံ,ကံ၏အကျိုးသဘော၊ သစ္စာ
(၄)ပါးတို့၏ အနက်သဘော,ဘဝသံသရာရှိခြင်းသဘော,ပဋိစ္စသမုပ္ပါဒတရား၏ သဘောတို့ဖြစ်၏။''
ထင်ရှားစေရန် ဗုဒ္ဓအဘိဓမ္မာပိဋကတ်မှတပါး
အခြားသော ဘာသာ သာသနာများ၏ အကောင်းအဆိုးကို ခွဲပြရာတရား၊ ကုသိုလ်၊ အကုသိုလ်တရားကို ပြည့်ဝအောင်
နှစ်ချီအချိန်ယူ၍ စုစည်းထားလိုက်လော့။ သာသနာ့ပညာရှင်များနှင့်လည်း တိုင်ပင်လိုက်ဦးလော့။
ထို့နောက် နီးစပ်ရာ သဂြိုလ်ကျမ်း ပို့ချသူဆရာတော်ထံ၌ ကုသိုလ်၊ အကုသိုလ်အကြောင်း အပြည့်အစုံသင်ပြရန်
လျောက်ထားလော့။ နှိုင်းယှဉ်၍ မိမိမောဟကိုသိမြင်ပါလော့။ (ဦးဌေးလွင်ဦးနှင့် နောက်ပိုင်းတွင်
အစ္စလာမ်သာသနာလာ ကုသိုလ်အကုသိုလ်သတ်မှတ်ချက်များ ပြောဖြစ်ကြရာ ထိုသူမှာ ကပေါက်တိကပေါက်ချာ
ရှေ့နောက်မညီ ဆိုဖူးလေပြီ။)
ပြီးပြည့်စုံသော
ဗုဒ္ဓသာသနာလာ ကုသိုလ်၊ အကုသိုလ်၊ သုစရိုက်၊ ဒုစရိုက်များ ပြုစုရေးသားပြီးသော် ပရမတ်ဇစ်မြစ်ဘုရား
(အာရ်ဗီခါ် အလာဟ်)ထံပို့လော့။ ကိုရ်အာန် (၂၈း၄၉)အတိုင်း ပရမတ်ဘုရားက သုစရိုက်၊ ကုသိုလ်များလိုက်နာပါလိမ့်မည်
Jသုံးသပ်စရာရှိသည်။
(၄၂) ယခုအခါ-ပရမတ်ဇစ်မြစ်ဘုရား (အာရ်ဗီအခေါ်အလာဟ်)ဟူသည့် အကြောင်းကို တိုက်တိုက်
ဆိုင်ဆိုင်ပြောလာလျှင် ကျွန်ုပ်တို့၏ ဗုဒ္ဓဘာသာ ဓမ္မစရိယ (ဝိပဿနာ၌ ရင့်ကျက်သော ဆရာတော်များ
မပါဝင်ပါ)-ဆရာတော်များက-ဘုရားမဲ့ ကွန်မြူနစ်အယူများကို ကိုးကားလျှက် အတတ်နိုင်ဆုံး
ကာကွယ်ဖုံးဖိထားလျှက် ရှိတော့သည်။ နောက်ဆုံးအခြေအနေတွင် ဖုံးဖိထား၍ မရနိုင်တော့သည့်အခါ၊
ဖန်ဆင်းရှင်ဟူသည် ရှိချင်လည်းရှိမည်-သို့သော် လောလောဆယ် လူ့ဘဝငြိမ်းချမ်းရေးက ပိုမို၍အရေးကြီးသည်။
သို့ဖြစ်ပါ၍ ''မြှားလာရာကြည့်မနေနှင့် လူနာကိုအရင်ကု''ဟူသော အရှင်နာဂသေန စကားကိုသုံလျက်
ရှောင်ထွက်သွားသည်သာ ရှိတော့သည်။ (ဝမ်းနည်းစရာပင်) --×××--
ဘဝသံသရာ၊ကုသိုလ်၊
အကုသိုလ်ကိုလည်းကောင်း၊ သမထဗောဓိပက်္ခိယ (၃၇)ပါး၌လည်းကောင်း နားမျှမလည်သော ပရမတ်ဇစ်မြစ်ဘုရား
(အာရ်ဗီခေါ်အလာဟ်)ကို ဝပ်ပြုမှု၌ ယုံကြည်သောသူများလည်း ရှိ၏။ အံ့အားသင့်စရာပင်။
ဤသာသနာတော်ရှိ
သီလ (ဒီဃနိကာယ် သီလက္ခနိပါဃဠိတော်၌ လာသော သုတ္တန်များ၊ ဝိနည်းပါဠိတော်များ၊ မင်္ဂလသုတ်၊
သိင်္ဂါလောဝါဒသုတ်)များနှင့် ဝပ်ပြုကိုးကွယ်ရာ ဘာသာများ၏ သီလချင့်ချိန်သုံးသပ်ကြပါကုန်။
အဗြဟ္မစရိယာ သိက္ခာပုဒ်ပါဝင်သော ဗုဒ္ဓဘာသာလာ
ဥပေါသထ ဥပုသ်သီလနှင့် အာရ်ဗီခေါ် အာလာဟ်
ဝပ်ပြုသူတို့အတုခိုး ဝေါဟာရယူထားသော ဥပုသ်တွင် တစ်ညလုံး စိတ်ကြိုက်သံဝါသပြုရန် ဟောကြားမှု(ကိုရ်အာန်)တို့
နှိုင်းယှဉ်ကြည့်ပါကုန်။ လားလားမျှမဆိုင်သော ဝါဒ၂ရပ်သာတည်း။
မြတ်စွာဘုရားရှင်၏
သာသနာတော်တွင် တရားဟောကြားခြင်းသည် သတ္တဝါတို့ ကိလေသာဝဋ် ဒုက္ခမှကင်းလွတ်ရေး၊ မဂ်၊ ဖိုလ်၊
နိဗ္ဗာန်ကို မျက်မှောက်ဘဝ၌ ထူးသောÓဏ်ဖြင့် မျက်မှောက်ပြုရေးအတွက် ဖြစ်သည် (ပါထိကဝဂ်,
၂-ဥဒုဗ္ဗရိကသုတ် (၇၈)။ထို့ကြောင့် ဝိပဿနာ၌ ရင့်ကျက်သော အချို့သော ဆရာတော်များက မိစ္ဆာဒိဌိအယူအမျိုးမျိုးကို
ဝေဖန်ခွဲခြားခြင်း မပြုတော့ပဲ သုတမယÓဏ်ဖြင့် အထူးပယ်သတ်အပ်သော ''သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊
အတ္တဒိဋ္ဌိ'' များကို သစ္စာ (၄)ပါးနည်း၊ ပဋိစ္စသမုပ္ပါဒနည်း ပဋ္ဌာန်းနည်းတို့ဖြင့်ရှင်းလင်းစေ၏။
သတိ-ပညာဦးဆောင်သောစိတ်ဖြင့်သာ သင်္ခါရများ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ (မနောဖြင့် သိအပ်သော ဓမ္မာရုံများအနက်
ဘိက္ခုတို့ကျက်စားရာ အာရုံ) လက္ခဏာကို အထူးမြင်ရန် ဝိသုဒ္ဓိ၇ပါးပြည့်စုံရန် စသည်ဖြင့်
ညွှန်ကြားဟောပြ၏။ မိစ္ဆာဒိဋ္ဌိနှင့် သံသယယုံမှားမှု ဝိစိကစ္ဆာ ကင်းပြီးသော သောတာပန်အရိယာ
ဖြစ်လတ်သော် အမှန်ကိုမြင်ပြီဖြစ်၏။ (ခုဒ္ဒကပါဌပါဠိတော်၊ ရတနသုတ်)
(၄၃) ကိုယ်တော်ဂေါတမကမူ-ဇစ်မြစ်ဘုရား (အာရ်ဗီစကားဖြင့် အလာဟ်) မှလာသော ကျက်စားရာ
အာရုံမှ ကျက်စားမှသားလျှင် အသက်အားဖြင့် တိုးပွားကုန်လတ္တံ့၊ အဆင်းအားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊
ချမ်းသာအားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊ စည်းစိမ်အားဖြင့်လည်း တိုးပွားကုန်လတ္တံ့၊ ခွန်အား
အားဖြင့်လည်း တိုးပွားကုန်လတ္တံ့ ဟု ဆိုထားသည်ကို မေ့လျော့နေခြင်းလော့၊ သို့မဟုတ် ကွန်မြူနစ်
အားသန်၍ ဗုဒ္ဓဘာသာအား အမည်နာမသုံးလျှက် ရိုးရိုးသားသား ယုံကြည်နေသူတို့အား ကွန်မြူနစ်
ဇာတ်သွင်းနေခြင်းလောဟူသည်မှာ ဆင်ခြင်ဖွယ်ရာဖြစ်တော့သည်။--×××--
ဂေါတမရှင်တော်
ဗုဒ္ဓရည်ညွှန်းသော အသက်၊ အဆင်း၊ ချမ်းသာ၊ စည်းစိမ်၊ ခွန်အားတို့သဘောကို အမှတ်စဉ် (၃၇)တွင်
ဖော်ပြပြီးဖြစ်သည်။ ရဟန်း၏ ကျက်စားရာသည် အကျင့် စရဏ၊ အသိ ဝိဇ္ဇာ တို့ပင် ဖြစ်သည်။ ဝိပဿနာÓဏ်စဉ်များ၊
အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာများ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ဈာန်တို့သည် အသိ ဝိဇ္ဇာအတွင်း ပါဝင်၏။
ဗောဓိပက္ခိယ (၃၇)ပါးကား အကျင့်စရဏပင်ဖြစ်သည်။ ထို (၃၇)ပါးမှာ-
(၁) သတိပဋ္ဌာန် (၄)ပါး
(၂) သမ္မပ္ပဓါန် (၄)ပါး
(၃) ဣဒ္ဓိပါဒ် (၄)ပါး
(၄) ဣနြေ္ဒ (၅)ပါး
(၅) ဗိုလ် (၅)ပါး
(၆) ဗောဇ္ဈင် (၇)ပါး
(၇) မဂ္ဂင် (၈)ပါး
(၄၄) လူများ၏ တရားနိုင်၊ အာဏာဖြင့် အမှန်ကို ဖုံးထားသော အဝိဇ္ဇာလောကကြီး၌-ဝိပဿနာ
အထုံရှိသော ဆရာတော်ကြီးများ ချိုးနှိမ်ထားခြင်း ခံနေရသည်မှာလည်း စိတ်မကောင်းဖွယ်ရာပင်
ဖြစ်တော့သည်။--×××--
J
(၄၅) ပရမတ်ဘုရားရှင်ဗြဟ္မကာယ၊ ဓမ္မကာယကိုယ်တော်ဂေါတမက သူ့ကိုယ်သူ ငါသည် ဗြဟ္မကာယဖြစ်၏။
ဓမ္မကာယဖြစ်၏ဟု ပါထိကတ်၊ အဂ္ဂညသုတ် (၁၁၈)တွင်ဆိုသည်။ ထိုမျှမက ငါသည် ဓမ္မဘူတ (ဓမ္မဇစ်မြစ်)
ဗြဟ္မဘူတ(ဗြဟ္မဇစ်မြစ်) ဟုလည်းရင့်ကျူးခဲ့သည်။ ဤသို့ရင့်ကျူးမှု၌ ဓမ္မဇစ်မြစ်၊ ဗြဟ္မဇစ်မြစ်ဟူသည်
အဘယ်အရာ ဖြစ်သနည်း။ သူသည် မည်သည့်အခြေအနေ၌ ထိုသို့ရင့်ကျူးသနည်း ဟူသည်ကို ဆင်ခြင်ရန်လိုအပ်ပေသည်။
ဗုဒ္ဓစာပေ
ဂေါတဟာရအရ ဗြဟ္မဟူသည့် စကားလုံးမှာ အဓိပ္ပါယ်ပြားလျက်ရှိသည်။ သို့သော် အဆိုပါ သုတ်တော်မှ
ကိုယ်တော်ဂေါတမရင့်ကျူးသည့် ဗြဟ္မကာယဟူသည့် စကားလုံးသည် ဖန်ဆင်းရှင် ဗြဟ္မကို ပြောဆိုကြောင်း-ထိုမတိုင်မှီ
သုတ်တော်၁၁၇မှ ထောက်ပြလျက်ရှိသည်။ အဆိုပါသုတ်တော် (၁၁၇)တွင် ဗုဒ္ဓဘာသာမတိုင်မှီမှ ဖြစ်သော
ရှေးဘာသာဝင် ဘုန်းကြီးလူတန်းးစား (ပုဏ္ဏား) တို့က သူတို့သည် ဖန်ဆင်းရှင် ဗြဟ္မ၏ရင်မှ
ဖြစ်သောခံတွင်းမှမွေးသော အမွေခံဖြစ်သော သားတို့ဖြစ်၏ ဟူသည်ကို တုံ့ပြန်သောအားဖြင့်-ကိုယ်တော်ဂေါတမက
ငါသည် ဗြဟ္မကာယ၊ ငါသည် ဓမ္မကာယဟု ရင့်ကျူးခြင်း ဖြစ်သည်။--×××--
ဗြဟ္မာဟူသည်
''မြင့်မြတ်သောသူ'' ဟူသောအနက်ပင်ဖြစ်စေ၊ ''ဗြဟ္မဘုံ ၂ဝမှ ဗြဟ္မဘဝ'' ကိုဖြစ်စေ၊ မြတ်စွာဘုရား၏
သာသနာတော်၌ တရားတော်ကို ကျင့်ကြံနေသူသည် ဗြဟ္မ ၂မျိုးလုံးဖြစ်နိုင်၏။ ထိုတရားကို ဟောပြသော
ဗုဒ္ဓသည် ဗြဟ္မဇစ်မြစ်ပင်ဖြစ်၏။ ရှေးဘာသာဝင် ပုဏ္ဏားအချို့တို့က ရဟန်းတို့ကို ဆဲဆိုကြောင်း
ဖော်ပြဖူးလေပြီ။ ထိုသို့ ဆဲရေးမှုကို တုန့်ပြန်သည့်အနေဖြင့် မဟုတ်မူ၍ ဆိုသည်လည်း ဆိုထိုက်၊
ဖြစ်လည်းဖြစ်နေသော အခြေအနေအရ မြတ်စွာ ဘုရားသည် ''ဝိဇ္ဇာ၊ စရဏတရားတို့ကို ဟောပြရာ ဇစ်မြစ်၊
ဝိဇ္ဇာ၊ စရဏပြည့်စုံသူတို့၏ ဇစ်မြစ်သည် ငါဘုရားပင်ဖြစ်သည်'' ဟု ဟောတော်မူ၏။ ရင့်ကျူးသော
ဥဒါန်းစကား မဟုတ်ပါချေ။ဖန်ဆင်းရှင် ဗြဟ္မာ ဟူသည်ပင်မရှိ။ အသက်ရှည်လှသော ဗြဟ္မာ ကိုပင်
ဖန်ဆင်းရှင်ဟု ယူဆနေကြကြောင်းသာ မိန့်တော်မူထားသည် ကို လေ့လာတွေ့ရှိနိုင်ပါသည်။
(၄၆) ထိုဝေါဟာရ အသုံးအနှုန်းမှာ အစ္စလာမ် ရှရီအတ်သ်ဘောင်မှကြည့်လျှင် ရှရှီးခ်က်
(ရြော>ွပန်းကိုးကွယ်မှု)ဖြစ်ရန် အကြောင်းရင်းဖြစ်သော်လည်း-လက်ရှိ ဗုဒ္ဓဘာသာဝင်များ
ခါးခါးသီးသီး ငြင်းဆန်နေသော ဖန်ဆင်းရှင် (ဗြဟ္မ)ရှိ၏ဆိုသည့် စကားလုံးဝေါဟာရအား ကိုယ်တော်ဂေါတမ
ကိုယ်တိုင်က တိုက်ရိုက်ဝန်ခံခဲ့သော စားလုံးဖြစ်ပေသည်။ (အစ္စလာမ် ဆူဖီဇင်လောကတွင် မန်ဆူးအဟာမဒ်က
အနလဟာက်ဟု ရင့်ကျူးခဲ့သည်နှင့် ပုံစံတူသည်။) --×××--
အစ္စလာမ်
သာသနာတွင် အစ္စလာမ်ကိုလက်မခံသူ ကာဖိရ်များ သည် အပြစ်ကြီးကိုကျူးလွန်ခြင်း ဖြစ်သကဲ့သို့
ရောပြွန်းကိုးကွယ်ခြင်းကလည်း ပြစ်မှုကြီးပင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိဗုဒ္ဓဘာသာဝင်များ
ထာဝရငရဲတွင် ကျက်စားရမည် ဟု ဆိုလိုကြောင်း ရိုးရိုးသားသား ပြောဆိုသင့်သည်။ အသက်ရှည်လှသော
ဗြဟ္မာ ကိုပင် ဖန်ဆင်းရှင်ဟု ယူဆနေကြကြောင်းသာ မိန့်တော်မူထားသည် ကို ထင်ရှားတွေ့ရပါလျက်
''ဖန်ဆင်းရှင် (ဗြဟ္မ)ရှိ၏ဆိုသည့် စကားလုံးဝေါဟာရအား ကိုယ်တော်ဂေါတမ ကိုယ်တိုင်က တိုက်ရိုက်ဝန်ခံခဲ့သော
စားလုံးဖြစ်ပေသည်'' ဟု ဆိုခြင်းမှာ အံ့ဖွယ်ပင်ဖြစ်သည်။
(၄၇) ဗြဟ္မကာယဟူသည့် ဝေါဟာရနှင့် တစ်ဆက်တည်းသုံးသော ဓမ္မကာယ (ဓမ္မကိုယ်ထည်)ဟူသည့်
စကားလုံးသည်လည်း နားလည်ရလွယ်ကူသော စကားလုံးပင်ဖြစ်သည်။ ကိုယ်တော်ဂေါတမ ကိုယ်တိုင်သည်
ဓမ္မမဟုတ်ချေ။ သူသည် သစ္စာလေးပါးတည်းဟူသည့် ပရမတ်တည်မြဲသော ဓမ္မအား ကိန်းဆိုက်သိမြင်သူသာ
ဖြစ်သည်။ ဓမ္မမှာ နဂိုပကတိ တည်ရှိနေသော အရာဖြစ်သည်။--×××--
ဗုဒ္ဓဘာသာတွင်ရှိသော
သစ္စာ(၄)ပါးသည် ကြံစည်လှုပ်ရှား ဖန်ဆင်းတတ်သော အကောင်ပလောင်မဟုတ်သော သဘာဝတရားများ၏ အမှတ်အခြေအနေတည်း။
အစ္စလာမ် သာသနာတွင် အမျိုးမျိုးစီရင် ဖန်ဆင်းတတ်သော အလ္လာဟ်ရှင်မြတ်သာ သစ္စာ (အခြားအရာများက
မတည်မြဲ၊ ပရမတ်ဘုရားကား မသေ)ဖြစ်၏။ ထို့ကြောင့်လည်း ဧကသစ္စသဿတဝါဒအတွင်း အကျုံးဝင်၏။
''အာကလိအောက်၊ အောက်ကလိအာ'' ကပြားဖြင့် ဗုဒ္ဓဘာသာဝင်တို့ မူးနောက်ရှုပ်ထွေးရန် အစီအမံသာဖြစ်ပေတော့မည်။
(၄၈) ထိုသို့ရင့်ကျူးသည့် အခြေအနေ အခိုက်အတန့်မှာ သူသည် Óဏ်စဉ်နှင့် တစ်သားတည်း
ဖြစ်နေသော ကာလဖြစ်သည်။ တစ်နည်းအားဖြင့် ဓမ္မအားဆိုက်မြိုက်လျှက် ခံစားနေသော အခိုက်အတန့်ဖြစ်သည်။
သို့သော် အနိစ္စကိုယ်ထည်ကို ဆောင်နေသည့် လူသား ဂေါတမသည် အချိန်အလပ်သူနှင့် Óဏ်စဉ်တစ်သားတည်း
ဖြစ်နေခြင်းကား မဟုတ်ချေ။ ထိုအချက်ကို မဇ္ဈိမနိကာယ် တေဝဇ္ဇသုတ်၌ ''ငါသည် အိပ်နေစဉ်၊
လျောက်နေစဉ်၊ ထိုင်နေစဉ် အစဉ်အမြဲ အချိန်မလပ် သိနေသည်။ သဗ္ဗေညုတÓဏ်စဉ်ရ ထားသည်ဟု ဆိုသူသည်ငါနှင့်
ပတ်သတ်၍ မဟုတ်မမှန်ပြောသူဖြစ်၏။ မဟုတ်မမှန် စွပ်စွဲသူဖြစ်၏''ဟု အတိအကျ ဝန်ခံထားပေသည်။--×××--
အစ္စလာမ်သာသနာ၌
မရှိသော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ဝေးကွာသောအရပ်ကို မြင်နိုင်သူသည် ဆင်ခြင်မှမြင်၏။ မဆင်ခြင်လျှင်မမြင်။
ဖန်ဆင်းမှု က္ကဒ္ဓိဝိဓအတိညာဉ် ရသူလည်း ထို့နည်းသာ။ အရိယာပုဂ္ဂိုလ်တို့လည်း ဖိုလ်ဝင်စားရ၏။
ဈာနလာဘီ ပုဂ္ဂိုလ်တို့လည်း အစဉ်ဈာန်စိတ်ရှိနေသည် မဟုတ် ဈာန်ဝင်စားရ၏။ မြတ်စွာဘုရားရှင်သည်
ထိုအခါ၌ အရာရာကိုသိမြင်သော သဗ္ဗေညုÓဏ် ကိန်းဆိုက်နေသည် ဆိုပါဦးတော့ ယခုကျွန်ုပ်စာရေးနေသည်ကို
သိမည်လော၊ ထိုသို့သိခြင်းသည် အကျိုးမရှိ။
သဗ္ဗေညုတÓဏ်တော်ဟူသည်
အဘယ်နည်း။ ခုဒ္ဒကနိကာယ်ပဋိသမ္ဘိဒါမဂ် ပါဠိတော် မဟာဝဂ္ဂတွင်
''၁၁၉။
သဗ္ဗံ သင်္ခတမသင်္ခတံ အနဝသေသံ ဇာနာတီတိ သဗ္ဗညုတညာဏံ။သင်္ခတ (စိတ်၊ စေတသိတ်၊ ရုပ်)၊ အသင်္ခတ (နိဗ္ဗာန်)
တရားအားလုံးကိုြ<ွကင်းကျန်မရှိ အကုန်သိသောကြောင့် သဗ္ဗေညုတÓဏ်မည်၏။
၁၂၁။
ထိုမြတ်စွာဘုရားအား ဤလောက၌ မမြင်အပ်သောတရား တစ်စုံတစ်ခုမျှမရှိ။ မသိအပ် မသိထိုက်သောတရား
တစ်စုံတစ်ခုမျှမရှိ။ သိသင့်သိထိုက်သော အရာအားလုံးကို သိတော်မူပြီ။ ထို့ကြောင့် မြတ်စွာဘုရားကို
သမန္တစက္ခုဟု ဆိုအပ်၏။''
ဝိနည်းပိဋကတ်၊
မဟာဝဂ္ဂ၊ ဥပကနှင့် တွေ့တော်မူခြင်း (၁၁၊ ၁၂)တွင် မြတ်စွာဘုရားရှင်သည် ဥပကကိုလည်းကောင်း၊
ပဉ္စဝဂ္ဂီတို့အားလည်းကောင်း ''ငါသည်အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်ကန်စွာ သိသောဘုရားတည်း
'' ဟု ဝန်ခံရှင်းပြတော်မူ၏။ အကယ်၍ငြား အာရ်ဗီခေါ် အလာဟ်၏ တမန်တော်သည် အလ္လာဟ်နာမတော်
(ပရမတ်ဗြဟ္မာ၊ ပရမတ်အတ္တ၊ ဣဿရနိမ္မာန)ကို ကျော်လွန်၍ မိမိအလိုတိုင်း ဟောနေလျှင် မည်သို့အပြစ်ပေးမည်ဖြစ်ကြောင်း
မုစ်လင်မ်တို့သိပြီးဖြစ်၏။
ထိုတေဝိဇ္ဇဝစ္ဆသုတ်တွင်
ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် '' အသျှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံသိ၊ အလုံးစုံမြင်
(သဗ္ဗညုတÓဏ်)၏ သွား၊ ရပ်၊အိပ်၊ နိုး အမြဲÓဏ်ထင်၏'' ဟုကြားဖူးကြောင်း ဆို၏။ အမှန်စင်စစ်
မြတ်စွားဘုရားသည် သဗ္ဗေညုဘုရားဖြစ်၏။ အကယ်၍ ''ငါဘုရားသည် အလုံးစုံသိ၊ အလုံးစုံမြင်၊
သဗ္ဗေညုတÓဏ်ရှင်ဖြစ်၏။ ဈာန်သမာပတ်ကဲ့သို့ ဆင်ခြင်မှသာ ထိုÓဏ်ဖြစ်လာ၏''ဟု မိန့်သော်
ဝစ္ဆသည် တစ်စုံတစ်ရာကို မေးရန်ဝေဝါးပေတော့မည်။ သို့မဟုတ် မသင့်မလျော် အထင်သေးကာ အကုသိုလ်ပွားပေတော့မည်။
''ပုဗ္ဗေနိဝါသÓဏ်၊ ဒိဗ္ဗစက္ခုÓဏ်၊ အာသဝက္ခယÓဏ်'' ကိုသာ ဝန်ခံခြင်းဖြင့် ဝစ္ဆအဖို့ အကျိုးရှိမည့်
သိလိုရာမေးမြန်းမှုကို စတင်နိုင်ပေတော့သည်။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသိပါဠိတော်၊ ၃ ပရိဗ္ဗာဇကဝဂ်၊
၁-တေဝိဇ္ဇဝစ္ဆသုတ်၊၂-အဂ္ဂိဝစ္ဆသုတ်၊ ၃-မဟာဝစ္ဆသုတ်၊ ၄-ဒီဃနခသုတ်၊ ၄-မာဂဏ္ဍိယသုတ်များကို ကြည်လင်သောစိတ်ဖြင့်
လေ့လာသင့်လှပေသည်။
ထို့အပြင် ထပ်မံထင်ရှားစေရန် မဇ္ဈိမနိကာယ်၊
မူလပဏ္ဏာသ ပါဠိတော် မဟာသီဟနာဒသုတ် မှ ဖော်ပြလိုပါသည်။သာရိပုတြာ ဤသို့ (မြတ်စွာဘုရား၏
ညာဏ်အင်အား ၁ဝပါးကို) သိမြင်သော ငါ့ကို ''ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ်ကမ္မပထ)တရား
ဆယ်ပါးထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော Óဏ်အမြင်ထူး မရှိ၊ ရဟန်းဂေါတမသည် ကြံစည်
ယူဆလျက် စူးစမ်း လေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏'' ဟုပြောဆိုသော သူသည်
ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော်ဆောင်ယူလာသော ဝန်ထုပ်ကို
ပစ်ချလိုက် သကဲ့သို့ ငရဲ၌ အချခံရ လတ္တံ့။ သာရိပုတြာ သီလ သမာဓိပညာနှင့် ပြည့်စုံသော
(အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့ ဤအတူ ထိုစကားကို မပယ်သော်
ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော်ဆောင်ယူ လာသော ဝန်ထုပ်ကို ပစ်ချလိုက် သကဲ့သို့
ငရဲ၌ အချခံရ လတ္တံ့ ဟူသော ဤဥပမာကို ငါဟော၏။
(၄၉) သို့ဖြစ်၍ Óဏ်စဉ်ရ လူသားတစ်ဦး၏ နှုတ်မှ''ငါ''ဟူသည့် အသုံးအားသုံးနှုံးခြင်းဖြင့်
ဖွင့်ဟတိုင်းတွင် သူ့ကိုယ်သူဖြစ်သည်ဟု အစဉ်သတ်မှတ်၍မရနိုင်ချေ။ ကျွန်ုပ်တို့၏ ကျမ်းမြတ်ကုရ်အ
တစ်အုပ်လုံးတွင် ''ငါသည် ကိုးကွယ်ရာအရှင်ဖြစ်၏။ ငါ့အားသာ ကိုးကွယ်ကြကုန်လော့ဟု ပြောသမျှစကားလုံးသည်
ကိုယ်တော်မုဟမ္မဒ်ကြီး၏ နှုတ်မှထွက်သော စကားလုံးများသာဖြစ်ပေသည်။ သို့သော် အစ္စလာမ်၏ ခိုင်မာသော
အုတ်မြစ်အလျောက် ကိုယ်တော်မြတ်ကြီး ဝဟီ(သဗ္ဗေညုÓဏ်စဉ်) ကိန်းအောင်းဆိုက်နေစဉ် နှုတ်မှထွက်သော
''ငါ''ဟူသည် အလာဟ်ပေရမတ် ဘုရားရှင်၏ နာမ်စားဖြစ်ကြောင်း နားလည်ပြီးသားပင်ဖြစ်သည်။ ထို့အပြင်
အာရ်ဗီစာပေသဒ္ဒါ၏ ခွဲခြားနားလည်စေမှုကလည်း အလ္လာဟ်နှင့် လူအကြားခွဲခြားနားလည်မှုအတွက် တန်ဘိုးမဖြတ်နိုင်သော
အင်အားတစ်ရပ်ပင် ဖြစ်သည်။--×××--
ဂေါတမဗုဒ္ဓအပါအဝင်
အရိယာအရှင်သူမြတ်များကို သူတပါးက အိမ်ခေါင်မိုးခွဲ၍ နှလုံးသားအတွင်း Óဏ်ပညာထည့်ပေးခြင်းခံရသူများ
မဟုတ်သည့်အတွက်ကြောင့် ငါ ဟုသုံးတိုင်း မိမိကိုယ်ကို ဖွင့်ဆိုခြင်းသာဖြစ်သည်။ နတ်ပူး၊
သရဲပူး၊ ပြိတ္တာပူး၊မြေဘုတ်တစ္ဆေအပူးခံရသူများ၏ နှုတ်မှ ''ငါ''ဟူသည့် စကားသည် ဝင်ပူးသည့်သူကို
ရည်ညွှန်းသည်။ အချို့သော တန်ခိုးရှင် ပြိတ္တာများသည် စွန့်ပစ်ထားသော သွေးကိုသောက်သုံးနိုင်သည်ဟု
ခုဒ္ဒကနိကာယ် ပေတဝတ္ထုပါဠိတော်တွင် လေ့လာနိုင်ပါသည်။
(၅ဝ) ဗုဒ္ဓဘာသာသည်သာမက ရှေးကျသော ဘာသာအားလုံးတွင် စာပေသဒ္ဒါအရ အင်အား မခိုင်မာခဲ့ကြောင့်
လူသားÓဏ်စဉ်ဆောင် ပုဂ္ဂိုလ်များနှင့် Óဏ်စဉ်၏ ဇစ်မြစ်၊ ဓမ္မ၏ဇစ်မြစ် အရာခပ်သိမ်းအား ဖြစ်တည်စေသော
ပရမတ်ဘုရားရှင် (အာရ်ဗီဝေါဟာရအားဖြင့် အလာဟ်)နှင့် အသုံးနှုံး ရြော>ွပန်းခဲ့ရသည်သာ
ဖြစ်တော့သည်။ ထို့အတွက် မံသမျက်စိဖြင့် မမြင်နိုင် မမြင်အပ်မသော မရမတ်ဘုရားရှင် ရှိနေခြင်းဟူကို
မည်သို့မျှ ပါယ်ဖျက်၍ မရနိုင်ကောင်းချေ။--×××--
ဂေါတမရှင်တော်ဘုရား
ပရိနိဗ္ဗာန်ပြုရန် လျောက်ထားသော မာရ်နတ်အား ''မာရ်နတ် ငါ၏ တပည့်ရဟန်းတို့သည် အကြင်မျှလောက်
ကာလပတ်လုံး တတ်သိလိမ္မာ မရှိကြသေး၊ ကောင်းစွာဆုံးမပြီး မဖြစ်ကြသေး၊ မရဲရင့်ကြသေး၊ အကြားအမြင်မများကြသေး၊
တရားတော်ကို မဆောင်နိုင်ကြသေး၊ လောကုတ္တရာတရားနှင့် လျော်သောတရားကို မကျင့်နိုင်ကြသေး၊
လျော်သောအကျင့်ကို မကျင့်နိုင်ကြသေး၊ တရားနှင့် လျော်စွာမကျင့်နိုင်သေး၊ မိမိတို့ဆရာ့ဝါဒကို
သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်ဆိုင်နိုင် မဝေဖန်နိုင်
မပေါ်လွင်စေနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတစ်ပါးဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နှင်း၍
အံ့ဖွယ်ရှိသော တရားကိုမဟောပြောနိုင်ကြသေး၊ ထိမျှလောက်ကာလပတ်လုံး ငါသည် ပရိနိဗ္ဗာန်ပြုမည်မဟုတ်....''ဟု
ဒီယနိကာယ်-မဟာဝဂ္ဂပါဠိတော်-မဟာပရိနိဗ္ဗာန်သုတ် (၁၇၅)တွင် ပါရှိ၏။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုနှင့်ပြီ။
ခိုင်မာသော ပိဋကတ်တော်ကြောင့် မြတ်သောအရိယာတို့သည် ယနေ့ခေတ်တိုင် အစဉ်မပြတ် ပွင့်ထွန်း
ပေါ်လျက်သားရှိသည်။ (မြန်မာနိုင်ငံ ပဋိပတ္တိသာသနာတွင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ ဓမ္မစရိယ
ဦးဋ္ဌေးလှိုင်ရေး) ရူပသဒ္ဓိ စသောပါဠိသဒ္ဒါ ကျမ်းများထင်ရှားရှိ၏။
သောတပတ္တိမဂ်အစွမ်းဖြင့်
မိစ္ဆာဒိဋ္ဌိအမြင်ဟူသမျှ ပယ်ဖျက်နိုင်သည်ချည်းဖြစ်၏။ ထိုအရိယာ သူတော်ကောင်းသည် မာရ်နတ်က
ဘုရားရှင်ကဲ့သို့ ဖန်ဆင်းကာ တရားအတုကို မံသစက္ခု၊ မံသသောတတို့ဖြင့် မြင်ကြားအောင် ဖြားယောင်းသော်လည်း
အမှန်တရား၌ ရဲဝံ့တည်ငြိမ်သူပင်ဖြစ်၏။ မမြင်နိုင်သော အယူတို့၌ ဆိုဖွယ်ရာမရှိပြီ။
(၅၁) ခရစ်ယာန်တို့လက်ခံထားသော သမ္မာကျမ်းစာ၏ ဓမ္မသစ်ရှင် ယောဟန်ခရစ်ဝင် ၁ဝး၃၅၊
၃၆တွင်- သင်တို့လက်ခံထားသော ရှေးကျမ်းများ၌ ဘုရားသခင်၏ ဗျာဒိပ်တော်အား လက်ခံရရှိသူတို့အား
ဘုရားဟူ၍ ခေါ်ဝေါ်ကြလျှင်-ဘုရားသခင်က သန့်ရှင်းစေ၍ လောကသို့ စေလွှတ်သောသူက ငါသည် ဘုရားသခင်၏
သားဟုဆိုခြင်းကြောင့် အပြစ်ရှိသလောဟု-ကိုယ်တော်ယေရှုက သူကိုယ်သူကာကွယ် ပြောဆိုထားပေသည်။
ထိုကျမ်းချက်အရလည်း ရှေးဘာသာဝင်များသည် သူတို့၏ Óဏ်စဉ်ဆောင် ပုဂ္ဂိုလ်တို့အား ဘုရားဟူ၍ပင်
ပြောဆိုသုံးစွဲခဲ့ကြောင်း သက်သေတစ်ရပ်ပင်ဖြစ်သည်။--×××--
ယဟူဒီ၊
ခရစ်ယာန်ဘာသာများနှင့် အစ္စလာမ်ဘာသာတို့၏ ဘုရားရှင်သည် ဖန်ဆင်းရှင် ပရမတ်ဘုရား၊ွသိ၊
အလ္လာဟ်၊ ယေဟောဝါ အမည်ကွဲသော်လည်း တစ်ဆူတည်းပင် ရည်ညွှန်းသည်။ ထွိုသိ ခေါ်အလ္လာဟ်၏ တမန်တော်များသည်
ကိုယ်စားလှယ်တော်များ ဟူ၍လည်းသတ်မှတ်နိုင်သည်။ မောရှေလက်ခံရရှိသော ပညတ်တော် ၁ဝပါးကို
၃ ဘာသာလုံးလက်ခံသည်ဖြစ်သည်။ ယဟူဒီ (ဂျူး)နှင့် အစ္စလာမ်တွင် သတ်ဟယ်၊ ဖြတ်ဟယ် ဒေသနာများ၊
အရေပြားလှီးဒေသနာများ တူသော်လည်း အီဗရာဟိမ်၏ မယားငယ်မှ ဆင်းသက်လာသော အာရပ်အမျိုးမှ
မိုဟာမဒ်က တမန်တော်ဟု ဆိုရုံမျှမက မိမိက နောက်ဆုံးပိတ်တဖန်ပါဟု ဆိုသောကြောင့်လည်းကောင်း၊
ခရစ်ယာန်များ (နစွာရာများ)က မသတ်၊ မဖြတ် ဘုရားသခင်အား အသက်ဖြင့်မပူဇော် မေတ္တာဖြင့်ပူဇော်သည်ဟု
ဆို၍သော်လည်းကောင်း၊ ထို ၃ ဘာသာသည် လူချင်းသာ မိတ်ဆွေဖြစ်မည် အယူခြင်းကာ ပဋိပက္ခဝိရောဓိသာဖြစ်တော့သည်။
ဤကား စကားချပ်တည်း။ (မုစ်လင်မ်တို့သည် ကာဖိရ်ကို မိတ်ဆွေဟု မမှတ်ကုန် ဟန်ဆောင်နေခြင်းသာဖြစ်သည်
အခါသင့်က လည်လှီးရန် အသင့်ပင်(ကိုးကား ကိုရ်အာန် ၃း၂၈)
''ရှေးဘာသာဝင်များ''ဟု
ဆိုသော်လည်း ယဟူဒီ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာများမှ Óဏ်စဉ်ရပုဂ္ဂိုလ်များသည် မိမိကား
တမန်တော်ဖြစ်ကြောင်း ဝန်ခံကုန်သည်ဖြစ်၏။ အလ္လာဟ်နှင့် ဆန့်ကျင်စကား မဟဝံ့ပေ။ ပူရာဏကဿပ၊
မက္ခလိဂေါသလာ စသူတို့ကလည်း ဘုရားဟု မဂတိုင်းရှင် ဘုရင်ရှေ့မှောက်၌ ဝန်မခံဝံ့ကုန်။ ဗုဒ္ဓသည်
မိမိကား တမန်တော် ဖြစ်ကြောင်း မည်သည့်အခါမျှ မမိန့်ခဲ့သလိုပါရမီဖြည့် ကျင့်၍ ဘုရားဖြစ်ကြောင်းသာ
ဟော၏။ ဗုဒ္ဓဟူသည် နိုးလာသူ၊ သိမြင်လာသူဖြစ်၏။ ကိလေသာမှနိုးထ၍၊ နိဗ္ဗာန်ကို သိမြင်လာသူ၊
အကြောင်းအကျိုးနှင့် စရဏ၊ ဝိဇ္ဇာကို သိမြင်လာသူဖြစ်၏။ အလ္လာဟ်ဟု အမည်နာမပါသော ကိုရ်အာန်နှင့်
ဆန့်ကျင်လွန်းသော တရားသာ ဟော၏။ အကယ်၍ ဂေါတမဗုဒ္ဓသည် အလ္လာဟ်၏ တမန်ဖြစ်ပါမူ ကိုရ်အာန်ရွတ်အံသူ
မိုဟာမဒ်က လူလိမ်ညာဝါးနှာဘူးသာ ဖြစ်တော့မည်။
(၅၂) သို့သော် စာပေသဒ္ဒါအရတိကျ ပြတ်သားစွာ ခွဲခြားထားမှုမရှိသော ရှေးဘာသာဝင်များ
အနေဖြင့် ပရမတ်ဘုရားနှင့် လူသားÓဏ်စဉ်ဆောင် ပညတ်ဘုရားတို့အကြား ခွဲခြားနားလည် နိုင်ရန်မှာ
ဓမ္မအားတိကျပြတ်သားစွာ သိနားလည်ရန် လိုအပ်ပေသည်။ သို့ဖြစ်၍ ကိုယ်တော်ဂေါတမက အရှင်ဝက္ကလိအား
''ဓမ္မကို မသိလျှင် ငါ့ကိုမြင်သော်လည်း ငါ့ကို မြင်ခြင်းမဟုတ်''ဟု ဆိုခဲ့ခြင်းဖြစ်သည်။--×××--
မြတ်စွာဘုရားရှင်သည် များသတ္တဝါတို့
ကိလေသာဝဋ် ကမ္မဝဋ် ဝိပါကဝဋ်မှ လွတ်မြောက်ရန် စရဏလမ်းကို ဟောကြားတော်မူ၍ ဝိဇ္ဇာ(အရဟတ္ထမဂ်)
မျက်မှောက်ပြုစေရေးအတွက် ပါရမီ ဖြည့်ကျက်ဘုရားဗုဒ္ဓဖြစ်လာ၏။ မြတ်စွာဘုရားဟောပြသော တရားကို
ကျင့်သုံးခြင်းက ဗုဒ္ဓမြတ်စွာ ကိုယ်ခန္ဓာကို ဖူးမြှော်ခြင်းထက် သာ၍မြတ်သောကြောင့်တည်း။
ထိုဓမ္မသည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုသာ ရည်ညွှန်းသည်မှာ ယုံမှားဖွယ် မဟုတ်ချေ။ ယံုၾကည္မႈ၊ႊၽသမ့်သစ
ပြုမှု၌ နှစ်ခြိုက်သော ပရမတ်ဘုရားခေါ် အလ္လာဟ်ခေါ် အစ္စလာမ်ဟု ဘုရားနှင့် ကိုယ်တိုင်မျက်မှောက်ပြုသိမြင်
ရေးကို လိုလားသော ဂေါတမဘုရားတို့ကား ကွာခြားလွန်းလှပေသည်။
(၅၃) ရှေးကျသော သက်ဆိုင်ရာ Óဏ်စဉ်ဆောင် ပုဂ္ဂိုလ်များအနေဖြင့် လူသားဖွံ့ဖြိုးတိုးတက်မှု
အားနည်းသေးသော ခေတ်ကာလတွင် ပေါ်ထွန်းခဲ့ရသည် ဖြစ်သောကြောင့် သူတို့အနေဖြင့် အစ၊ အလယ်၊
အဆုံး ကောင်းမွန်တိကျပြတ်သားသော ကမောက်ကမကင်းသော တရား(ဓမ္မ)ကိုသွန်သင်ရန် နောက်ဆုံးပွင့်
Óဏ်စဉ်ဆောင်ပွင့်ပေါ်ဦး မည်ဟုခိုင်မာစွာ ပြောခဲ့ခြင်းပင် (ပါထိကတ် စက္ကဝတ္တိသုတ် ၁ဝ၇)။--×××--
မြတ်စွာဘုရား
ဟောကြားတော်မူအပ်သော တရားတောသည် အစ၊ အလယ်၊ အဆုံး ကောင်းမွန်ပါ၏။ နာလျှင်ချမ်းသာ၊ ကျင့်လျှင်
ချမ်းသာ၊ ကျင့်ပြီးချမ်းသာ စေတတ်၏၊ ကိုယ်တော်တိုင်သိပြီးမှ သာတော်မူ၏ ဟူသော ''သွာက္ခာတ''
ဂုဏ်တော်နှင့် ပြည့်စုံ၏။ ရှေးဘုရားရှင် တို့သည် တူညီစွာပင်မနှိုင်းယှဉ်အပ်သော ပညာရှိ၏
''တထာဂတ'' ဂုဏ်နှင့်ပြည့်စုံ၏။ သမ္မာသံဗုဒ္ဓ ကိုယ်တော်အလိုလို (အကူအညီမပါ) သာလျှင် တရားအလုံးစုံကိုသိ၏။
ဝိပဿီအစရှိသော ရှေးဘုရားရှင်တို့သည်လည်း ပွင့်လတ္တံ့သော မေတ္တေယျဘုရားသည်လည်းကောင်း ဗောဓိပက္ခယ
၃၇ပါး စရဏနှင့် မဂ်၊ဖိုလ်၊ နိဗ္ဗာန်ဟူသော ဝိဇ္ဇာအသိကို များဝေနေယျတို့အား ညွှန်ကုန်၏။
ဂေါတမမြတ်စွာဘုရားရှင်နှင့် ပွင့်လတ္တံ့သော မေတ္တေယျ ဘုရားရှင်တို့သည် ဂုဏ်အားဖြင့်
တူ၏။ ကိုယ်တိုင်သိ၍ ကောင်းစွာဟောခြင်း၌တူ၏။ အစ၊ အလယ်၊ အဆုံး အနက်သဒ္ဒါ ကောင်းမွန်ပြည့်စုံသော
တရားဟောခြင်း၌ တူ၏။ စင်ကြယ်သောအကျင့်ကို ပြခြင်း၌တူ၏။ ဒေသစာရီြ<ွကသွားတတ်ကုန်၏။
ဤသို့ ပါထိကတ် စက္ကဝတ္တိသုတ် ၁ဝ၇ ၌ ဟောထား၏။
ဂေါတမဘုရား
အနေဖြင့် လူသားများ ဖွံ့ဖြိုးမှုအားနည်းသော ခေတ်တွင် ပေါ်ပွင့်ပြီး တိကျပြတ်သားသော တရားကို
ဝေါဟာရ သဒ္ဒါအခက်အခဲကြောင့် မဟောနိုင်ဟု အရှက်တရား ကင်းမဲ့စွာ ဆိုဝံ့သည်မှာ အံ့ဖွယ်ပါကား။
အမှတ်စဉ်များပြီး၏။
ပုံပြင်
ရှေးအခါက အရေးပိုင်မင်းတစ်ဦးသည် အမဲလိုက်
တောလည်ခြင်းကို နှစ်သက်၏။ အခါအားလျော်စွာ တောလည်လေ့ရှိ၏။ မိမိတစ်ဦးတည်း အမဲပစ်သည်မဟုတ်ရွာများစွာမှ
မုဆိုးများနှင့် မိမိတပည့်များကို ခေါ်သွားလေ့ရှိ၏။ သားကောင်ကို ပစ်ခတ်ရာ၌ စုပေါင်း၍
ဝိုင်းဝန်းပစ်ခတ်ကြ၏။ သေနတ်မှန်သွားသော သားကောင် လဲတိုင်း လဲတိုင်း အရေးပိုင်မင်းက
''ဒါငါပစ်တာ၊ ဒါငါပစ်တာ''ဟုြေ<ွကးကြော်လေ့ရှိ၏။ တစ်နေ့သော် လူတစ်ယောက်ကို ဝိုင်းဝန်းပစ်ခတ်မိရာ
ထိုသူလည်း သေလေသည်။ ထိုအခါမှ အရေးပိုင်မင်းက ခပ်အအ တပည့်တစ်ယောက်လို ''ဒါနင်ပစ်တာ၊
ဒါနင်ပစ်တာ''ဟု ဆိုလေတော့သတည်း။ ထို့နည်းတူစွာပင် အကောင်းဖြစ်ရပ်မှန်သမျှ ''ဒါပရမတ်ဘရားရှင်
လုပ်တာ၊ ဒါအလ္လာဟ်လုပ်တာ (အာရ်ဗီအခေါ်)'' မကောင်းသော ဖြစ်ရပ်မှန်သမျှ ''ဒါနင့်အပြစ်၊
ဒါရှိုက်တွန် (မကောင်းဆိုးဝါးကောင်ကင်တမန်)လုပ်တာ၊ ဒါကာဖိရ် (ဆန့်ကျင်လက်မခံသူ) လုပ်တာ''ဟု
ဆိုလေတော့သည်။ မကောင်းသော ဖြစ်ရပ်များမှာ ဒုစရိုက်မှုများအပြုခံရခြင်းနှင့် သဘာဝဘေး၊
ရောဂါဘေးကျရောက်ခြင်း၊ အစွပ်စွဲခံရခြင်းတို့တည်း။ ''လောကတွင် မြူကအစ ပရမတ်ဘုရား (အာရ်ဗီခေါ်
အလ္လာဟ်)အလိုရှိမှ ရွေ့နိုင်သည်။ မီးသည်လည်း အလိုတော်ရှိမှ ပူနိုင်သည်'' ဟူသော ကျမ်းချက်များကို
မေ့လျော့နေခြင်းလော၊ မိုက်မိုက်မဲမဲ ယုံကြည်နေသူတို့အား စစ်မက်တိုက်ခိုက်စေ၍ အင်ပါယာအရှင်
ဘာသာရေးဖြင့် အုပ်ချုပ်မှုအရှင်ပြုလိုခြင်းလော ဟူသည်မှာ ထိုသာသနာ ပညာရှင်တို့သာ သိပေတော့မည်။
(သိမည်လည်း မထင်ပါ၊ ထိုသာသနာပညာရှင်ဆိုသူသည်ပင် ရာဇဝတ်မှုမြောက်သော (သတ်ဟယ်၊ ဖြတ်ဟယ်၊
ဖမ်းဟယ်၊ ကာဖိရ် သုံပန်းလင်ရှိ မိန်းမလည်းယူချင်ယူ) ကျမ်းစာအုပ်အလွတ်ကျက်၊ လူကြားကောင်းသည့်
ကျမ်းချက်များဟောကြား၊ ထောက်ပံ့ကြေးမှန်မှန်ယူနေသောသူ ဖြစ်၍ပင်)
(အမှားပါက ခွင့်လွှတ်၊ ပြုပြင်ပေးကြပါကုန်)ဝိဘဇ္ဇဝါဒီ
ဗုဒ္ဓဘာသာ ဒေသနာများ၌ နိဒါန (ပဋိစ္စသမုပ္ပါဒ)
ဒေသနာသည်သာ ရှိ၏။ အဓိစ္စသမုပ္ပါဒ ဒေသနာမရှိပေ။ ပဋိစ္စ၊ အခြားအကြောင်း တရားတစ်ခုကို အမှီပြု၍
(ိနစနညိနညအ) သမုပ္ပါဒ၊ အကျိုးတရားကိုဖြစ်စေသော အကြောင်းတရား (သမငါငညအေငသည) ဟူ၍သာရှိပါသည်။
မူလဇစ်မြစ် (မသသအ ခကျေနယ ခကျေနူနျ ခကျေန) အကျိုးတရားဖြစ်စေမှု ဝါ အဓိစ္စသမုပ္ပါဒ မရှိချေ။
''ယဟူဒီဘုန်းကြီးများ၊ ခရစ်ယာဉ် ဓမ္မဆရာများ၊ ဘုန်းကြီး ရဟန်းများသည် လူတို့၏ ရွှေ၊ ငွေကို
လိမ်လည်အလှူခံနေသူများ ဖြစ်ကြ၏။ ထိုသူတို့ကို နောင်တမလွန်၌ ဂျဟနှမ် ထာဝရငရဲတွင် ဆင်းရဲဒုက္ခခံရမည့်
အကြောင်း သတင်းကောင်းပြောပါလေ''ဟူသည့် ကိုရ်အာန်ကျမ်း မြတ်ပါအတိုင်း ဗုဒ္ဓဘာသာဝင်များသည်
ကျွန်ုပ်တို့၏ံသူပျှကမညေ အရ ထာဝရငရဲ၌ ကျက်စားရမည်''ဟု ဆိုခြင်းသည်သာ မြတ်သေး၏။ ဗုဒ္ဓဘာသာဝင်များ
ထင်ယောင်ထင်မှား ဖြစ်စေရန် ''အာကလိအောက်၊ အောက်ကလိအာ'' ပုံစံဖြင့် လှည့်စားခြင်းသည်
ယုတ်ညံ့သိမ်ဖျဉ်းလွန်းလှချေ၏။
ငျူောငညာပညောမေ
ဘလော့စာမျက်နှာတွင် ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာအပေါ် အခြားသော စွပ်စွဲပုတ်ခတ်မှုများ ရှိသေးသော်လည်း
ဤမျှနှင့်ပင် ¤င်းတို့၏ သဘောသရုပ် ပေါ်လွင်ပေလောက်ပြီ ဖြစ်၏။ အမှန်စင်စစ် တိတ္ထိ (ဘာသာခြား)
တို့၏ စွပ်စွဲဝေဖန်မှုများကို ဖြေရှင်းရသည်မှာ လွန်စွာလွယ်ကူ၏။ သို့သော် ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ပါသည်ဟု
ဆိုကာ တရားဓမ္မကိုထင်ရာမြင်ရာ တလွဲ အဓိပ္ပာယ်ကောက်ယူသည့် အဓမ္မဝါဒီများကို ရှင်းလင်းရသည်မှာ
မလွယ်ကူလှပေ။ ဝိနည်းဓိုရ် ဆရာတော်တို့၏ အရာသာဖြစ်ပေသည်။ ပိဋကတ်တော်၏ မူပိုင်ခွင့်
(ဃသစပ မငါ့အ) အဓိပ္ပာယ်ကို ကာကွယ်သည့်အနေဖြင့် ဝိနစ္ဆဥပဒေများ မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
ပါဠိတော်များကို အနက်အဓိပ္ပာယ်ယူရာတွင် မတူညီမှုများအပေါ် ''စောဒက'' ၊''ဝိနိစ္ဆယ''များ
လုပ်ရမည်ဟု မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင်
ဝိနည်းပါဠိတော်တွင် လမ်းညွှန်ပညတ်ပြီးဖြစ်၏။ သို့သော့် အပေူတငညသသဏ္ဍ င်ူောာပောညေမ. ခသာ
(¤င်းစာမျက်နှာဖွင့်သူ ဦးဋ္ဌေးလွင်ဦး) အဆိုအရံသူပျှကမညေ တစ်ယောက်တစ်မျိုး အဓိပ္ပာယ်ဖွင့်နေခြင်းကို
အချင်းချင်းမှားသည် မှန်သည်ဟု ခွဲမရ မတူညီမှုများးကို လေ့လာရုံသာ၊ အာရ်ဗီဘာသာ ကိုရ်အာန်
(အနက်မတူ၊ အသံသာတူ)ကို တစ်ကမ္ဘာလုံးရှိ မုစ်လင်မ်များ မကွဲမပြား ရွတ်အံနိုင်သည်ဟု ဆို၏။
(သနားဖွယ်ပင်)။ အမှန်စင်စစ် ထိုသို့ဆိုခြင်းမှာ ဦးဋ္ဌေးလွင်ဦးသည် ပိဋကတ်တော်ကို ထင်ရာအဓိပ္ပာယ်ဖွင့်
နေရုံသာမက ကျမ်းမြတ်ကိုအာန်ကိုလည်း နှစ်သက်သလို အနက်ကောက်လို၍သာ ဖြစ်တော့သည်။အလ္လာဟ်ရှင်မြတ်သည်
နိယာမ ဖြစ်မြဲတရား ကို ကြိုတင်ပြဋ္ဌာန်းထားခြင်း
မဟုတ် ကိုယ်တော်မြတ်အလိုရှိသလို ဖန်ဆင်းနေ၏''ဟု (42:49-50,6:65,85:16, 3:6, 16:71,
13:26, 3:37, 13:4, 56:59, 75:4, 36:81, 46:33, 35:1,ကျမ်းချက်များ အကိုးအကားပြုလျက်
ကိုရ်အာန်ရေးရာကောလိပ်မှ ကျောင်းအုပ်ကြီး ဟာရှင်တင်မြင့် က သူ၏ ဗုခါရီ ဟဒီးဆ်တော်များ
(သင်တန်းသားများ သီးသန့်စာအုပ်တစ်ခု )၌ ဆိုထားလေသည်။ မသွာလိဗုလ်ဖုရ်ကာန် ကျမ်း အတွဲ၎
နှာ ၆၈ တွင် (အလိုတော်ဥပဒေဆိုတာ သဘာဝအတိုင်းဖြစ်ပျက်တဲ့ ဥပဒေ Low
of Causef and Effect)
ပါပဲ။အရှင်မြတ်ရဲ့ အဖန်ဆင်းခံတွေထဲမှာ အရှင်မြတ်ရဲ့ အမိန့်တိုင်းဟာ အဲဒီ ဥပဒေတွေနဲ့အညီပဲ
ဖြစ်နေတယ်) စသောကျမ်းများကဲ့သို့ ကိုရ်အာန်ကျမ်းမြတ်ကို ဆန့်ကျင်လျက် ခေတ်ပညာတတ် မုစ်လင်မ်တို့သည်
မိမိတို့အယူကို ပြုပြင်ကာ မမှန် မှန်အောင်အားထုတ်လာ ကြလေသည်။သို့ရာတွင် ၄င်းတို့သည်
မှားယွင်းသော အယူများသာဖြစ်ကြောင်း ဟာရှင်တင်မြင့်က ဆက်လက်ဖော်ပြထားသည်။ ဥပမာအားဖြင့်
(လူသားဟာ လင်မယားအတူနေတဲ့ အကြောင်းခံလေးပဲမြင်တယ်။မိခင်ရဲ့ သားအိမ်ထဲမှာ အကြောင်းခံမရှိဘဲ
အရှင်မြတ်ရဲ့ အမျိုးမျိုးပြုပြင်ဖန်ဆင်းနေတာမမြင်ဘူး။ ဒါကြောင့် မမြင်တဲ့သူတွေဟာ အကြောင်းအကျိုးဥပဒေ
အမှားကြီးနောက်ကို ထင်ယောင်ထင်မှားလိုက်နေကြခြင်းဖြစ်တယ် )။ (အရှင်မြတ်ဟာတတ်စွမ်းနိုင်တယ်
ဒါပေမဲ့ မိမိလုပ်ချင်သလို မလုပ်ဘူးဓ ဆိုတဲ့ အယူအဆကြီးဟာ မှားယွင်းနေ.....) စသည်ဖြင့်
စာမျက်နှာ ၅၈ တွင်ဖော်ပြထားပါသည်။
မည်သည့် ဆရာတစ်ဦးထံမှ တိုက်ရိုက်မေးမြန်းခြင်းမပြုပဲ
ကျွန်တော်နားလည် လေ့လာဖူးသမျှရေးသားထားခြင်းသာ ဖြစ်သောကြောင့် အမှားပါပါက ကျွန်တော့တာဝန်သာဖြစ်သည်။ကျမ်းညွှန်းများကို
ကိုယ်တိုင်ကိုယ်ကျ ဖတ်စေလိုပါသည်။