Sunday, September 14, 2014

အကယ်၍ (၁) 1. အကယ်၍ ငါ့မိဘ ငါ့သားသမီး ငါ့ခြေ ငါ့လက်ဟု သတ်မှတ်ခံစားတိုင်း အတ္တဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဖြစ်ပါက ပရိတ်ကြီး ၀ဋ္ဋသုတ်လာ ငုံးငှက်ကလေး၏ သစ္စပါရမီ သည်လည်းကောင်း၊ သုဝဏ္ဏသာမဇာတကလာ ဒုကူလ ပါရိကာ တို့၏ သစ္စာတရား တို့သည်လည်းကောင်း ကုသိုလ်ပါရမီ မဟုတ်သည့်အပြင် အကုသိုလ်ဖြစ်ရပေမည်။

အကယ်၍ (၁)
1. အကယ်၍ ငါ့မိဘ ငါ့သားသမီး ငါ့ခြေ ငါ့လက်ဟု သတ်မှတ်ခံစားတိုင်း အတ္တဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဖြစ်ပါက ပရိတ်ကြီး ၀ဋ္ဋသုတ်လာ ငုံးငှက်ကလေး၏ သစ္စပါရမီ သည်လည်းကောင်း၊ သုဝဏ္ဏသာမဇာတကလာ ဒုကူလ ပါရိကာ တို့၏ သစ္စာတရား တို့သည်လည်းကောင်း ကုသိုလ်ပါရမီ မဟုတ်သည့်အပြင် အကုသိုလ်ဖြစ်ရပေမည်။
-----------------------------------------------
'ငါ၊သူတပါး၊ယောက်ျား၊မိန်းမ၊င့ါဟာ' ဟူသော အထင်အမြင်မျိုးသည် ပညတ်သက်သက်ဖြစ်သော အထင်အမြင်နှင့် 'တဏှာ၊မာန၊ဒိဋ္ဌိ' တို့မှ လာသော အထင်အမြင်ဟူ၍ နှစ်မျိုးနှစ်စားရှိ၏။
မိစ္ဆာဒိဋ္ဌိမှ လာသော 'အတ္တ၊ငါ' သဘောသည် .............
ဇီဝအတ္တစွဲလမ်းပုံ။......။ ဤခန္ဓာကိုယ်တွင်း၌ 'အသက်ကောင်'ဟု ခေါ်ရသော 'အတ္တ' ရှိ၏၊ ထို အတ္တသည် အလွန်သတ္တိကောင်း၏၊ (ကာရက) ပြုလုပ်ဖွယ်ဟူသမျှကို ပြုလုပ်တတ်၏၊ ဥပမာ- ခြေလှမ်း၍ သွားနေရာ၌ ခြေထောက်၏ သတ္တိမဟုတ်, အတွင်းက အတ္တ၏ သတ္တိပင်တည်း၊ အတ္တ၏ အလိုကြောင့် ခြေထောက်ကြီး မြှောက်လိုက်ချလိုက်နှင့် ရှေ့သို့တိုးလျက် နေရ၏၊ ကောင်းမှု မကောင်းမှု အစုစုကို ထို အတ္တ၏ သတ္တိကြောင့် ပြုမိကြ၏၊ အတ္တက ကောင်းမှုကို ပြုချင်လျှင်အတ္တအမိန့်အတိုင်း ကိုယ်နှုတ်တို့က ကောင်းမှုကို ပြုလျက်ဖြစ်ကြရ၏။ (*** ဤအယူအဆကို သေသေချာချာဆင်ခြင်ကြည့်ပါက 'စိတ်၊စေတသိက်' တို့ ခြယ်လှယ်မှုကြောင့် ကောင်းမှု မကောင်းမှုကို ပြုချင်ခြင်းနှင့် ခြားနားသည်ကို သဘောပေါက်တန်ရာ၏။ အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် 'သူလုပ်သူရ ငါလုပ်ငါရ' ဟူသော ကမ္မဿတာသမ္မာဒိဋ္ဌိကို 'သူငါ အတ္တစွဲမှမလွတ်' ဟု ဆင်ခြင်ဉာဏ်ခေါင်းပါးစွာ ဆိုကြချေကုန်၏။ ထိုသူတို့သည်ပင် 'ရုပ်ကား မသိ၊နာမ်ကားသိသည်၊ နာမ်ကြောင့်သာလျှင် ဤကိုယ်ခန္ဓာကြီး လှုပ်ရှားသက်ဝင်ရပေသည်၊ ရုပ်ကြောင့်ကုသိုလ်အကုသိုလ်မဖြစ်၊ နာမ်တရားကြောင့်သာလျှင် ကုသိုလ်အကုသိုလ်ဖြစ်၏' ဟု ဆိုကြပြန်ပါသေး၏။ သို့ဆိုပါလျှင် နာမ်တရားသည် ပြုစီရင်သူ အသက်ဇီဝအတ္တဖြစ်၏ ဟု ဆိုရမလိုဖြစ်နေပေသည်။ နာမ်တရားသည် အာရုံနှင့် ဒွါရထိခိုက်မှပေါ်သည်ဟု ဆင်ခြေပေးနိုင်သော်လည်း ဆုံးဖြတ်ခြင်း ကြံစည်ခြင်း တွေးတောခြင်း လက်ခံခြင်းတို့ကို ကျွန်ုပ်တို့ ဆန္ဒအတိုင်းပြုနိုင်သည်။ ဒါဆို ဆန္ဒက အတ္တဟု ဆိုရမလိုဖြစ်နေသည်။ ဤကားစကားချပ်တည်း။ ရည်ရွယ်ချက်မှာ သမုတိဒေသနာနှင့် ပရမတ်ဒေသနာ အမှန်2ခုအနက် သမုတိကို ဆော်ပလော်တီးပြီး တရားဟောလည်း အားနည်းချက်က ထွက်လာမှာပဲ။ သူ့အမှန်နှင့်သူ သူ့နယ်နဲ့သူမှန်တာကို လက်ခံပေးစေချင်လို့ပါ။ဟဲဟဲ၊ ဒီထက်ပို ရယ်စရာကောင်းတာက အတ္တ ဇီဝ သတ္တ ဆိုတာ ဘာမှန်းသေချာမသိပဲ ရမ်းပြီး အတ္တအမြင်တို့ သတ္တ၀ါရှိမရှိတို့ ပြောနေကြသေးတယ်။ )
ဝေဒက။..................။ ကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်း အတ္တသည် ခံစား၏၊ နာကျင်မှု အရသာရှိမှုစသော ခံစားဖွယ်ဟူသမျှကို အတ္တက ခံစား၏၊ 'ယခုလို ဘ၀က ကောင်းမှု မကောင်းမှုကို ပြုခဲ့သည့်အတိုင်း နောင်ခါ မိမိပြုအပ်သော ကောင်းကျိုး မကောင်းကျိုးကို အတ္တသည်ပင် ခံစားရလိမ့်မည်-ဟူလို။
သာမီ။....................။ ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် ပိုင်နိုင် အုပ်စိုးနိုင်သောကြောင့် ထို အတ္တသည် ခန္ဓာအိမ်၏ အရှင် ခန္ဓာအိမ်ပိုင် ဖြစ်၏။ ( ကမ္မသကတာသမ္မာဒိဋ္ဌိကို အတ္တဒိဋ္ဌိနှင့် စပ်ဆိုင်နေသည်ဟု ဆိုသူတို့ကပင် အပါယ်လေးဘုံသည် ပုထုဇဉ်တို့၏ ကိုယ်ပိုင်အိမ်ဟု ဆိုကြချေ၏။ )
နိဝါသီ။...................။ ခန္ဓာကိုယ် အဟောင်း ဆွေးမြေ့ ပျက်စီးသော အခါ ခန္ဓာအိမ်အသစ်ကို စီမံဖန်တီးလျက် ထိုခန္ဓာအိမ်အသစ်သို့ ရွှေ့ပြောင်းနေထိုင်တတ်သောကြောင့် ခန္ဓာအိမ်သာပျက်၏၊ အတ္တကား အပျက်အစီးမရှိ, အမြဲတည်သည်။ တချို့က 'ဤအသက်ဇီဝအတ္တသည် ပရမအတ္တ၏ အစိတ်အပိုင်းဝါ ပရမအတ္တ၏ အဖန်ဆင်းခံဖြစ်၍ ခန္ဓာအိမ်ပျက်ချိန်ကျသောအခါ မူလဖန်ဆင်းလိုက်သော ပရမအတ္တအထံသို့ ပြန်သွားသည်' ဟု ယူဆကြသတဲ့။
သယံဝသီ။..............။ ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် မိမိအလိုသို့ လိုက်ပါစေနိုင်သည်၊ ဤနိဝါသီနျင့် သယံဝသီပုဒ်တို့အရ 'အတ္တသည် မပျက်မစဲ အမြဲတည်သော အနှစ်သာရ အမာခံ အထည်ကိုယ်တည်း, မိမိအလိုသို့ လိုက်ပါစေနိုင်သော ၀သ၀တ္တနသဘော ရှိ၏' ဟု စွဲလမ်း မှတ်ထင်ကြသည်။
သက္ကာယဒိဋ္ဌိ။...........။ ဤသို့စွဲလမ်းရာ၌ ခန္ဓာငါးပါးတွင် တချို့က ၀ိညာဏက္ခန္ဓာကို အတ္တဟု စွဲလမ်း၍, တချို့က ရူပက္ခန္ဓာကို စွဲလမ်း၏၊ တချို့က စေတသိက်ခန္ဓာတစ်ပါးပါးကို စွဲလမ်း၏၊ ဤသို့ ခန္ဓာငါးပါး၌ အတ္တဟု စွဲလမ်းမှုကို 'သက္ကာယဒိဋ္ဌိ' ဟု ခေါ်၏၊ ဤအတ္တ၀ါဒုပါဒါန်တည်း။ မည်သည့် ဒိဋ္ဌိမဆို ဤသက္ကာယဒိဋ္ဌိမှ ဆက်သွယ်၍ ဖြစ်ပေါ်လာရသဖြင့် ဤသက္ကာယဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိဟူသမျှ၏ အရင်းခံမျိုးစေ့ဖြစ်သည်ဟု သဠာယတနသံယုတ် စိတ္တ၀ဂ်၌ မိန့်တော်မူသည်။
[သန္တော+ကာယော သက္ကာယော, သက္ကာယေ+ ပ၀တ္တာ+ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ၊ သန္တော-ထင်ရှားရှိသော၊ ကာယော-ခန္ဓာငါးပါးအပေါင်းတည်း၊ သက္ကာယော-ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၊ သက္ကာယေ-ပရမတ္တအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်းတို့၌၊ ပ၀တ္တာ-ဖြစ်သော၊ ဒိဋ္ဌိ-သည်၊ သက္ကာယဒိဋ္ဌိ-သက္ကာယဒိဋ္ဌိ မည်၏။]
ထိုဇီဝအတ္တကို သက္ကတ၌ 'အာတ္မာ(ပါဠိလို အာတုမာ)' ဟု ခေါ်၏၊ ပါဠိတော်များ၌ '*** ဇီဝ,သရီရ,ပုဂ္ဂလ,သတ္တ' ဟု အမျိုးမျိုးခေါ်၏ (ဇီဝအသက်သည် ရိုးရိုးအသက်မဟုတ် ခိုင်မြဲသောအတ္တဇီဝ၊ ပုဂ္ဂလသည် ရိုးရိုးသူငါပုဂ္ဂိုလ်မဟုတ် အတည်သူငါအတ္တ၊ သတ္တသည် ရိုးရိုးသတ္တ၀ါမဟုတ် အတ္တသဘောသတ္တတည်း။ ထို့ကြောင့် ရဟန္တာကို ပုဂ္ဂလအတ္တအားဖြင့်ရည်စူး၍ မေးသော အမေး၊ သတ္တ၀ါသေပြီး ဖြစ်မဖြစ်မေးတို့၌ မြတ်ဘုရားသည် သမရိုးကျမဟုတ်သော အဖြေကိုသာ ပေးတော်မူ၏။ အမှန်စင်စစ် ပညတ်အနေဖြင့်မူကား မြတ်ဘုရားသည် ရဟန္တာ ပရိနိဗ္ဗာန်စံပြီးနောက်ဘ၀ မရှိသည်ကိုလည်းကောင်း၊ သတ္တ၀ါသေပြီး ကံအလိုက် ထိုထိုဘုံဘ၀၌ ပဋိတစ်ဖန် သန္ဓေဆက်ပြန်သည်ကိုလည်းကောင်း ဟောတော်မူ၏။****) အာရဗီဘာသာ၌ 'ရူဟ်', အင်္ဂလိပ်ဘာသာ၌ 'ဆိုးလ်' ဟု ခေါ်သတဲ့။ ဤအတ္တသည် တကယ်ဧကန်အမှန်ရှိ၏' ဟု ထင်မှတ်သော အယူသာလျှင် အတ္တ၀ါဒုပါဒါန်ဒိဋ္ဌိတည်း။ အများပြောနေကျအတိုင်း 'အတ္တာ ဟိ အတ္တနော နာထော၊ မိမိကိုယ်သာကိုးကွယ်ရာ၊ အတ္တဒီပါ (မိမိကိုယ်ကို မှီခိုအားထားနိုင်ရာကျွန်းကြီးသဖွယ်ဖြစ်ပါစေ၊ အတ္တသရဏာ (မိမိကိုယ်ကို ကိုးကွယ်ရာ) ' စသည်ဖြင့် (***ရှင်တော်ဗုဒ္ဓကိုယ်တော်တိုင်) ဟောပြမှုမှာ အတ္တ၀ါဒုပါဒါန် မဟုတ်။ ဤဥပါဒါန်အားဖြင့် ခွဲခြားရာ၌ အတ္တ၀ါဒုပါဒါန်နှင့် သီလဗ္ဗတုပါဒါန်ဒိဋ္ဌိတို့မှ ကြွင်းသော ဒိဋ္ဌိဟူသမျှကို ဒိဋ္ဌုပါဒါန်ဟုချည်းမှတ်ပါ။ နိက္ခေပကဏ္ဍပါဠိတော်၌ 'ထပေတွာ သီလဗ္ဗတုပါဒါနဉ္စ အတ္တ၀ါဒုပါဒါနဉ္စ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌိုပါဒါနံ' ဟုမိန့်ပြီ။
ဒိဋ္ဌိနှင့်မာန။.........။ ဒိဋ္ဌိသည် လောကီခန္ဓာငါးပါးကို 'အတ္တ' ဟု စွဲလမ်း၏၊ မာနကား ထို ခန္ဓာငါးပါးကိုပင် **** အဟံ- ငါ**** ဟု ထင်မှတ်၏။ မာနဖြစ်ခိုက် ဒိဋ္ဌိဖြစ်ရိုးမရှိ။ (ဟဲဟဲ ငါငါ ဆိုပြီးမာနကြီးနေတဲ့လူကို သက္ကာယဒိဋ္ဌိကြောင့်လို့ မထင်လိုက်လေနဲ့ အနာဂါမ်လည်း မာနမပယ်ရသေးဘူး)
(သဂြိုလ်ဘာသာဋီကာ)
စွဲလမ်းသော အခြင်းအရာ ၃-ပါး (သာသန၀ိသောဓနီ
''ဧသောဟ မသ္မိ၊ ဧတံ မမ၊ ဧသော မေ အတ္တာ'' ဤသုံးပါးကား
စွဲလမ်းပုံ အခြင်းအရာ သုံးပါးတည်း။
၁။ ဧသော=ဤသည်ကား၊ အဟံ=ငါသည်၊ အသ္မိ=ဖြစ်၏။
မာနစွဲလမ်းပုံ။
၂။ ဧတံ=ဤသည်ကား၊ မမ=ငါ့ဟာတည်း။ တဏှာစွဲလမ်းပုံ။
၃။ ဧသော=ဤသည်ကား၊ မေ=ငါ၏၊ အတ္တာ=အတ္တတည်း။
ဝါ=အထည်ခံ အမာခံ အနှစ်အသားတည်း။ ဒိဋ္ဌိစွဲလမ်းပုံ။ (ဘာဝနာဒီပနီ)
မောင်ဘိုးမင်း လျှောက်လွှာစိစစ်ချက်
မောင်ဘိုးမင်းလျှောက်လွှာမှာ-''ပရမတ္ထသစ္စာ, သမုတိသစ္စာ ၂-
ရပ်ရှိသည်တွင် ၄င်းသမုတိသစ္စာသည် ကမ္ဘာဦးသူတို့ လောကသင်္ကေတအားဖြင့် ခေါ်ဝေါ်ပညတ်သမုတ်အပ်သော ပညတ္တိဓမ္မမျှသာ ဖြစ်၍
ဇာတိဥပါဒ်နှင့်တကွ မရှိခြင်းကြောင့် စုဆောင်းပေါင်းသင်း၍ ရကောင်း
သောတရားမျိုး မဟုတ်၊ အတွေ့အထိမှ ခံနိုင်ကောင်းသော တရားမျိုး
မဟုတ် ဖောက်ပြန်ပျက်စီးတတ်သောတရားမျိုး မဟုတ်၊ ဉာဏ်ဖြင့်လည်း
မမြင်ရ၊ စက္ခုဝိညာဏ်ဖြင့်လည်း မမြင်ရ၊ မနောဝိညာဏ်မှ မိစ္ဆာဒိဋ္ဌိက
သာလျှင် အလုံး, အခဲ, အဝိုင်း, အပြား, အရှည်, အတို, ကိုယ်လက်,
မျက်ခွက်, နား, နှာခေါင်း အမှန် သဏ္ဌာန်အမျိုးမျိုး အိုးခွက် ကွဲပျက်
ခြင်း, သစ်ပင်သစ်ရွက် ပျက်စီးဖောက်ပြန်ခြင်း, ခြေ လက် နား နှာခေါင်း
ပျက်စီးဖောက်ပြန်ခြင်းများကို မိစ္ဆာဒိဋ္ဌိကသာလျှင် မြင်သည်ဟု
တပည့်တော်ယူပါသည်'' ဟူသော စကားပါရှိသည်။
ထိုတွင် ''`ဉာဏ်ဖြင့်လည်း မမြင်ရ၊ စက္ခုဝိညာဏ်ဖြင့်လည်း
မမြင်ရ'' ဟူသောစကား၌ ဉာဏ်ဖြင့်မမြင်ရသော တရားဟူ၍မရှိ၊
အလုံးစုံသော ပရမတ်တရားကိုလည်း ပရမတ်အနေအားဖြင့် ဉာဏ်သည်
သာ သိနိုင်မြင်နိုင်၏။ ။ အလုံးစုံသောပညတ်တရားကိုလည်း
ပညတ်အနေအားဖြင့် ဉာဏ်သည်သာ သိနိုင် မြင်နိုင်၏။
ထို့ကြောင့် မြတ်စွာဘုရားကို ''သဗ္ဗညူဟူ၍လည်းကောင်း,
သဗ္ဗဒဿာဝီ'' ဟူ၍လည်းကောင်း ခေါ်ဆိုရ၏။
သဗ္ဗညူ ဆိုသည်ကား- သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်
တည်းဟူသော ဉေယျဓံတရားငါးပါးကို အြ<ွကင်းအကျန်မရှိ၊ အလုံးစုံ
သိတော်မူလေ့ရှိသည်ဟု ဆိုလိုသည်။
သဗ္ဗဒဿာဝီ ဆိုသည်ကား- ပညတ်နှင့်တကွ ထိုအလုံးစုံသော
ဉေယျဓံတရား ငါးပါးကိုပင်လျှင် အကြွင်းအကျန်မရှိ၊ သဗ္ဗညူတဉာဏ်ဖြင့်
မြင်တော်မူလေ့ရှိသည်ဟု ဆိုလို၏။
စိတ်တစ်ခုယုတ် ၉ဝ-ဟူသော ပရမတ္ထတရား၌ အသီးအသီးသော
နာမပညတ်တို့သည်ရှိကြကုန်၏၊ ထိုနာမပညတ်ကို သဗ္ဗညုတÓဏ်
ဖြင့်သာ သိနိုင်မြင်နိုင်၏၊ စေတသိက်ဒွေပညာသဟူသော ပရမတ္ထတရား,
ရုပ်အဋ္ဌဝီသ, နိဗ္ဗာန်ဟူသော ပရမတ္ထတရားတို့၌ အသီးအသီးသော
နာမပညတ်တို့သည်ရှိကြ၏၊ ထိုနာမပညတ်ကို သဗ္ဗညုတÓဏ်ဖြင့်သာ
သိနိုင်မြင်နိုင်၏။ အပေါင်းအားဖြင့်လည်း ''ရူပကာယော=ရုပ်အပေါင်း,
နာမကာယော=နာမ်အပေါင်း, ရူပက္ခန္ဓော=ရုပ်တုံး-ရုပ်ခဲ, နာမက္ခန္ဓော=
နာမ်တုံး-နာမ်ခဲ'' ဟူရာတို့၌လည်း အသီးအသီးသော နာမပညတ်ကို
သဗ္ဗညုတÓဏ်ဖြင့်သာ မြင်နိုင်၏၊ ဤ၌ရုပ်အပေါင်း, နာမ်အပေါင်း,
ရုပ်တုံး, ရုပ်ခဲ, ဆိုသောစကားမှာ အပေါင်း, အတုံးအခဲဆိုလျှင် ပညတ်
ဟူ၍ ထင်တတ်၏၊ အပေါင်း, အတုံးအခဲဆိုသော်လည်း ရုပ်အစု, နာမ်
အစုကို ဆိုသည်ဖြစ်၍ ပရမတ်ပင်ဖြစ်၏။
ထိုမှတစ်ပါး လူနတ်ဗြဟ္မာ အစရှိသော အသက်ရှိသော ပညတ်မျိုး,
သစ်ပင်, ချုံနွယ်အစရှိသော အသက်မရှိသော ပညတ်မျိုးတို့၌လည်း
အသီးအသီးသော သဏ္ဌာနပညတ်မျိုး, နာမပညတ်မျိုးတို့သည် ရှိကြ၏၊
ထိုပညတ်မျိုးကိုလည်း သဗ္ဗညုတဉာဏ်တော်ဖြင့် အကုန်သိနိုင် မြင်နိုင်၏၊
ထို့ကြောင့်''သမုတိပညတ်မျိုးကိုဉာဏ်ဖြင့်မမြင်ရ'' ဟူသော မောင်ဘိုမင်း
စကားသည် လွန်၏။
''မနောဝိညာဏ်မှ မိစ္ဆာဒိဋ္ဌိကသာလျှင် မြင်သည်'' ဟူသော
စကားမှာလည်း ဝိပလ္လာသတရားသည် ၃-ပါးရှိ၏။ ၃-ပါးဟူသော်ကား
သညာဝိပလ္လာသ ၁-ပါး, စိတ္တဝိပလ္လာသ ၁-ပါး, ဒိဋ္ဌိဝိပလ္လာသ ၁-ပါး၊
ထိုသုံးပါးတို့တွင် သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ ၂-ပါးသည် ပုထုဇ္ဇန်
သတ္တဝါတို့မှာ ဒိဋ္ဌိနှင့်ယှဉ်သော ဒေါသမူစိတ်, မောဟမူစိတ်, တို့၌သာမက ***မဟာကုသိုလ်စိတ်တို့မှာပင် ရှိ၏။ ရဟန္တာမဟုတ်သေးသော အရိယာတို့၏ စိတ်၌ပင် ထိုက်သလိုရှိ၏။ ထို သညာ, စိတ္တဝိပလ္လာသ ၂-ပါးတို့ဖြင့်
လည်း အလုံး, အခဲ, အဝိုင်း, အပြား, အရှည်, အတို, စသည်တို့ကို
အဟုတ်ရှိ, အမှန်ရှိ, ဧကန်ရှိဟု-မှတ်၏၊ ထင်၏၊ မြင်၏။
ပရမတ်နှင့် ပညတ်ကိုမြင်သော တရားများ ဖြေရှင်းခန်းပြီး၏။
---------------------
အကြင်အခါ၌ ဘုရားလောင်းဖြစ်သော ငုံးငှက်လေးသည် ငါ့၌ အတောင်တို့ရှိ၏ မပျံနိုင် စသည်ဖြင့် သမုတိသစ္စာပညတ်၌ တည်၍ သစ္စာပြုမှုသည် အတ္တငါစွဲဒိဋ္ဌိမဟုတ်ရုံသာမက သစ္စပါရမီပင်မြောက်လေသည်။ မျက်စိရှေ့မှာ ပေါ်လာသော တကယ်ရှိတဲ့ အဆင်းသဘော ပရမတ်ကို ဉာဏ်ဖြင့် မမြင်ပါဘဲ မိမိပါးစပ်ပ မိန်းမပဲ, ယောက်ျားပဲ, ကျွဲပဲ, နွားပဲ, ခွေးပဲ, ကြောင်ပဲ, ခေါ်တဲ့ မရှိတဲ့ ပညတ်တွေကို မြင်နေတဲ့ အမြင်သည် မှားသော အမြင် (ကမ္မပထမြောက်သော) မိစ္ဆာဒိဋ္ဌိဖြစ်သည် ဟု မဆိုသင့်ရုံသာမက ယင်းတို့မှာ သက္ကာယဒိဋ္ဌိမျှပင် မဖြစ်ပေ။ သမုတိသစ္စာနယ်မှ အများသုံးစွဲရန်အတွက် အမှန်သမုတ်ထားသော ယောက်ျား မိန်းမ စသည်များကို ယောက်ျားအမှန်, မိန်းမအမှန်ဟု ယူဆမှု၊ ထင်မှတ်မှု, ခေါ်ဝေါ်မှု, သုံးစွဲမှုများမှာ မိစ္ဆာဒိဋ္ဌိဖြစ်မဖြစ်ကို စိစစ်နိုင်ရန်အတွက် သမုတိသစ္စာနယ်ကို ဦးစွာရှင်းလင်းသင့်ပေသည်။
လောကတွင် ကထာဟု ဆိုအပ်ကုန်သော စကားတို့သည်-
1. သမုတိကထာ
2. ပရမတ္ထကထာ- ဟူ၍ နှစ်မျိုးရှိကုန်၏။
ထိုတွင်-
သတ္တ၀ါ, လူ, ယောက်ျား, ပုဂ္ဂိုလ်, တိဿ, နာဂ- ဟူ၍ ခေါ်ဝေါ်ပြောဆိုခြင်းသည် သမုတိကထာမည်၏။
2.ခန္ဓာ ဓာတ် အာယတန- ဟူ၍ ခေါ်ဝေါ်ပြောဆိုခြင်းသည် ပရမတ္ထကထာမည်၏။
မြတ်စွာဘုရားတို့သည် ပရမတ္ထတရားတို့ကို ဟောကြားရာ၌ သမုတိကထာတို့ကို လွှတ်၍ ဟောကြားတော်မူလေ့မရှိပေ။ ယင်းတို့ကို သမုတိသစ္စာ ပရမတ္ထသစ္စာ ဟူ၍ဆိုကြရကုန်၏။
သတ္တ၀ါ, လူ, ယောက်ျားမိန်းမ, နွား, ကျွဲ -စသည့် သမုတိကထာ ၀ါ သမုတိသစ္စာကိ ပြောကြားခြင်းမှာ အပြစ်မရှိ၊ သမုတိအားဖြင့်မှန်ကန်၍ မုသာဝါဒလည်း မဖြစ်ချေ။ သမုတိဝစီသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက်လည်းဖြစ်သည် ကုသိုလ်ကမ္မပထမြောက်သော ပုညကိရိယာလည်းဖြစ်သည်၊ သုဘာသိတ မင်္ဂလာဝါစာလည်းဖြစ်သည်၊ အဆုံးအားဖြင့် သမ္မာဝါစာ မဂ္ဂင်လည်း ထိုက်ပေသည်။
ပရမတ်သဘာဝကို မသိမူ၍ သန္တတိဃန (သန္တတိဃနာဒီနံ အယံ ဝိသေသော – ပုရိမပစ္ဆိမာနံ ဓမ္မာနံ နိရန္တရတာယ ဧကီဘူတာနံ ဝိယ ပဝတ္တိ သန္တတိဃနတာ, ရုပ်နာမ်တရားတို့၏ တစ်ဆက်တည်း ဖြစ်ပျက်မှု သန္တာန်စဉ်), သမူဟဃန (ဧကသမူဟဝသေန ဧကီဘူတာနမိဝ ပဝတ္တိ သမူဟဃနတာ, ကွဲပြားသောသဘာဝတရားတို့၏ တစ်ခုတည်းတစ်ပေါင်းတည်းစုပေါင်းဖြစ်မှု) ကို သတ္တ၀ါ, ပုဂ္ဂိုလ်, ယောက်ျား, ကျွဲနွား စသည် ထင်မှတ် တပ်မက်မှုသည် မည်သည့်အရာမျိုးဖြစ်လေသနည်းဟူမူ သညာဝိပလ္လာသ၊ စိတ္တ၀ိပလ္လာသ, (ရဟန္တာဖြစ်မှပင် စိတ္တသညာဝိပလ္လာသကင်းလေ၏၊ အနာဂါမ်တို့၌ပင်လျှင် ရူပအရူပဈာန်ဘုံဝသည် ချမ်းသာ၏ဟူသော သညာစိတ္တ၀ိပလ္လာရှိသေး၏), သတ္တသမ္မောဟ (သတ္တ၀ါဟု တွေဝေမှု), တဏှာမညနာ (တဏှာဖြင့်အထင်ရောက်မှု), မာနမညနာ, ၀ိစိကိစ္ဆာတို့သာ အရာဌာန အခွင့်အာရုံအားလျော်စွာ ဖြစ်ကုန်ရာသည်။ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရန်မှာကား သမုတိသစ္စာ၌ပင်ထင်ရှားမရှိသော အသက်လိပ်ပြာအတ္တစွဲနှင့် သက်ဆိုင်သည့် အယူအဆအထင်အမြင်မျိုးဖြစ်မှ အခွင့်ရပေသည်။ ထင်ရှားရှိသော သက္ကာယတို့၌ ဘယ်မှာမှ ထင်ရှားမရှိသော တည်မြဲသည့် အသက်ကောင်ငါကောင်အနေဖြင့် ရှုမြင်မှ မိစ္ဆာဒိဋ္ဌိဖြစ်လေသည်။ မှားသောအမြင်ဆိုတိုင်း မိစ္ဆာဒိဋ္ဌိမဟုတ်ပါပေ။ မိခင်ဖခင်တို့သည် ပရမတ်အားဖြင့် ထင်ရှားမရှိစေကာမူ သမုတိသစ္စာအားဖြင့် ထင်ရှားရှိလေသည်။ ထိုမိခင်ဖခင်တို့ကို သတ်ဖြတ်ပါက ပဉ္စနန္တိယကံကြီးထိုက်ပေသည်။ ထိုမိခင်ဖခင်တို့အပေါ် ကျေးဇူးသိတတ်ချစ်မြတ်နိုးကြင်နာပေမှ မင်္ဂလာတရားထိုက်ပေသည်။ ပညတ် ဟူသည် ပေါ့သေးသေးရာမဟုတ်သလို မိစ္ဆာဒိဋ္ဌိအမြင်မှားမျိုးမဟုတ်ပါပေ။ ဈာန်ကျင့်စဉ်များတွင်လည်း အာရုံနိမိတ်ပညတ်ကို အခြေပြု၍သာ ဈာန်စိတ်များဖြစ်လာရပေသည်။ ဈာန်စိတ်သည် လွန်စွာထက်မြက်သော ဂရုကံ ဖြစ်ပေသည်။ ထိုဈာန်စိတ်ဖြစ်ရန်အတွက် ပညတ်နိမိတ်မှန်ကန်မှုမှာ အရေးကြီးလှပေသည်။ **** ဗုဒ္ဓဘာသာဝင်တို့ အထူးသတိပြုရန်မှာ 'မြတ်စွာဘုရားရှင်ဟောတော်မူသော ပညတ်စကားလုံးတို့ကို မြတ်စွာဘုရားရှင်အလိုတော်အတိုင်း တတ်သိနားလည်ရန်အရေးကြီးလှပေသည်။ မိမိ နားလည်ခံစားမှုမျိုးဖြင့် သိသော အနက်သိ သည် အမှန်စင်စစ်ပြည့်စုံမှုမရှိပဲ။ ပညာရှိတို့အမြင်တွင် ကန့်လန့် ဖြစ်နေတတ်ပေသည်။ သမရိုးကျ အယူအဆနားလည်မှုမျိုးမှ အမှန်သိမဟုတ်လျှင်အမှားသိဖြစ်ရမည်။ တနည်းအားဖြင့် သမ္မာဒိဋ္ဌိမဟုတ်လျှင် မိစ္ဆာဒိဋ္ဌိသာဖြစ်ရမည်။ ဤသည်မှာ လူပြိန်းသိသာဖြစ်သည်။ အမှန်မဟုတ်လျှင် အမှားသာဖြစ်ရမည်ဆိုသည့်အမြင်ဖြင့် ပိဋကတ်တော်၌ ကျက်စား၍ မရနိုင်၊ ခက်ခဲသော အဘိဓမ္မာဒေသနာတို့ကို နားမလည်နိုင်ပေ။ ဥပမာအားဖြင့် လောကီနှင့် လောကုတ်ရှိသည်။ လောကီမဟုတ်လျှင် လောကုတ်ဖြစ်ရမည်။ သို့ရာတွင် စိတ် စေတသိက်တို့ချုပ်ငြိမ်းနေသော
နိရောဓသမာပတ် ၀င်စားနေမှုသည် လောကီလည်းမဟုတ် လောကုတ္တရာကိုးပါးလည်း မဟုတ်ပါပေ။ (ကထာဝတ္ထုပါဠိတော်)။ လောကုတ္တရာဖိုလ်စိတ် ဖလသမာပတ်သည် ဒုက္ခသစ္စာလည်းမဟုတ် မဂ္ဂသစ္စာလည်းမဟုတ်ပါပေ။ စိတ္တ၀ိပလ္လာသ သညာဝိပလ္လာသတို့ ဖြစ်လျက်နှင့် မဟာကုသိုလ် ကာမကုသိုလ်များ ပါရမီကုသိုလ်များ ဖြစ်နိုင်သည်သာမက ရူပအရူပကုသိုလ်တို့လည်း ပညတ်ကိုသာအာရုံယူလျက်ဖြစ်ကြရသည်။ ငုံးငှက်လေး၏ သစ္စာပြုမှုသည် အမှန်ကို အမှန်အတိုင်း ဆိုမှုဖြစ်သည်။ အပြစ်ကင်းပြီး သမုတိအားဖြင့် မှန်ကန်သော အခြေအနေတို့၌ လုံးဝစိတ်ချယုံကြည်ပြီး အမှန်ကို လက်ခံလျှင် ထူးကဲစွာ ကုသိုလ်ဖြစ်သည့်သဘာဝရှိသည်။ ဥပမာအားဖြင့် အဖြူ၌ အဖြူဟု ထပ်ခါထပ်ခါ ကသိုဏ်းရှုပွားခြင်းမှသည် ဈာန်၏အခြေခံဖြစ်သော အာရုံနိမိတ်ရစေတတ်သည်။ သာမန်ကာလျှံကာ အဖြူကို အော်အဖြူပဲဟု မြင်ရုံမျှဖြင့် ကုသိုလ်မရနိုင်၊ သတ္တ၀ါတို့၏ အဇ္ဈာသယ အာသယအလိုက် (တချို့က ကုသိုလ်အဖြစ်များ အချို့က အကုသိုလ်အဖြစ်များ) ကုသိုလ် အကုသိုလ်ဖြစ်ပါစေဦးတော့ အားပျော့သောကံများသာဖြစ်ပေလိမ့်မည်။ ထို့အတူ ၁ နဲ့ ၁ ပေါင်း ၂ဟု သာမာန်သိရုံမျှဖြင့် ထင်ရှားသောကုသိုလ်မရနိုင်၊ ၁၂၃၄၅၆၇၈ စသည်ဖြင့် လေ့ကျင့်ခန်းလုပ်သည့် အခေါက်ကို သိရုံမျှ မထင်ရှားသောဝီထိမျှဖြင့် ကုသိုလ်မရနိုင်။ သို့သော် ပညာသင်စဉ်က ၁ နဲ့ ၁ ပေါင်း ၂ဟု စိတ်ပါဝင်စား ယုံကြည်စွာလေ့လာသဘောပေါက်ခြင်းသည် 'အပြစ်ကင်းသော အကြားအမြင်များခြင်း သိပ္ပံပညာမျာကို တတ်မြောက်နားလည်ခြင်း မင်္ဂလာကုသိုလ်တရား' ဖြစ်ခွင့်ရပေသည်။ အာနာပါန ဂဏနည်းအတိုင်း ၀င်သက်ထွက်သက်တို့၌ 12345678 စသည်ဖြင့် ရေတွက်သိခြင်းသည် ကုသိုလ်ရစေသည်။ ဈာနသမ္မာဒိဋ္ဌိကို အထောက်အပံ့ပြုသည်။
---------------
မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးက ချစ်မြတ်နိုးတက်မက်မှု ဖြစ်သည်ဆိုပါစို့။ မိန်းမဟူသော ပညတ်နှင့်တကွ ချစ်ဖွယ်ဟူသောတဏှာသည်ဖြစ်၏။ ထိုသဘောသည် သကဒါဂါမ်တို့၌ပင် ရှိသေး၏။ လောဘမူ စိတ်8ပါးတွင် ရှေ့လေးပါသည် ဒိဋ္ဌိနျင့်တကွဖြစ်၏။ သို့ရာတွင် သမုတိသစ္စာ၌ပင်မရှိသော အတ္တပညတ်ကို အာရုံယူမှသာဖြစ်သည်။ နောက်လေးပါး၌ ဒိဋ္ဌိမယှဉ်ပေ။ သက်သက်သော တဏှာ၌လည်းကောင်း မာနဖြင့်လည်းကေင်း ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိဆိုတာ ဘာမှန်း ‪#‎ပိဋကတ်အလိုကျ‬ မသိပဲ နေရာတကာ သက္ကာယဒိဋ္ဌိချည်း ဖြစ်လျှင် ဘုရား သံဃာ မိဘ ဆရာ ရှိသေတာလည်း

Wednesday, September 3, 2014

နိဗ္ဗာန် ဟူသည်




နိဗ္ဗာန် ဟူသည်

10. နိဗ္ဗာန် မရသေးဘဲ နိဗ္ဗာန်ချမ်းသာကို သိနိုင်သလော
'အရှင် နာဂသေန ဘုရား၊ နိဗ္ဗာန်မရသေးသူသည် နိဗ္ဗာန်၏ ချမ်းသာပုံကို သိနိုင်ပါ၏လော'
'မင်းမြတ် မိလိန္ဒ၊ သိနိုင်ပါပေ၏'
'အရှင်ဘုရား၊ မရသေးပါပဲလျက် နိဗ္ဗာန်ချမ်းသာပုံကို အဘယ်သို့ သိနိုင်ပါသနည်း'
'မင်းမြတ်၊ ခြေလက် မပြတ်သော သူတို့သည် ခြေလက်ပြတ်ခြင်းသည် ဆင်းရဲ၏ဟု သိနိုင်ကြပါကုန်သလော'
'အရှင်ဘုရား၊ သိနိုင်ကြပါ၏'
'မင်းမြတ်၊ အဘယ်သို့ သိနိုင်ကြပါသနည်း'
'အရှင်ဘုရား၊ ခြေပြတ်သော အခြားသူတို့၏ ငိုကြွေးသံကိုကြား၍ သိနိုင်ပါ၏'
'မင်းမြတ်၊ ဤအတူသာပင် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သူတို့ ဟောကြားသံကို ကြားရ၍ နိဗ္ဗာန်ချမ်းသာပုံကို သိနိုင်ပေ၏'
'အရှင်ဘုရား၊ သင့်လျော်လှပါပေ၏'
(ခုဒ္ဒကနိကာယ်၊ မိလိန္ဒပဉှာ၊ သင်္ဂါယနာတင်ဂန္ထ၀င်ကျမ်းစာ၊ နိဗ္ဗာန်ဝဂ်)
---------------------------------------------
မေး။....။ အဘယ်သဘောမျိုးကို နိရောဓသစ္စာဟူ၍ ခေါ်ဆိုပါသနည်း။
ဖြေ။....။ ဒုက္ခအမျိုးမျိုးကို ဖြစ်ပွားစေတတ်သော တဏှာသမုဒယ၏ ချုပ်ခြင်းသဘောကိုပင် နိရောဓသစ္စာ ခေါ်ပါသည်။
မေး။....။ တဏှာ၏ချုပ်ခြင်းကိုပင် နိရောဓသစ္စာဆိုပါသလော။ ဒုက္ခသစ္စာ၏ ချုပ်ခြင်းကိုပင် နိရောဓသစ္စာဆိုပါသလော။
ဖြေ။....။ ဤဓမ္မစကြာဒေသနာတော်၌ 'ယော တဿယေ၀ တဏှာယ အသေသ ၀ိရာဂ နိရောဓော' ဟူ၍ ဟောတော်မူသောကြောင့် တဏှာ၏ချုပ်ခြင်းကိုပင် နိရောဓသစ္စာဟူ၍ ဆိုရပါသည်။ တဏှာသည် ဒုက္ခကို ဖြစ်ပွားစေတတ်သော အကြောင်းအရင်းကြီးဖြစ်သောကြောင့် တဏှာချုပ်လျှင်လည်း ဒုက္ခအမျိုးမျိုးချုပ်ခြင်းကိစ္စ ပြီးပါတော့သည်။ ထို့ကြောင့် 'ဒုက္ခနိရောဓံ အရိယသစ္စံ' ဟူ၍လည်း ရှင်တော်ဘုရား ဟောကြားတော်မူပါသည်။
မေး။....။ နိရောဓသစ္စာ၏ တရားကိုယ် အစစ်ကား အဘယ်တရားပါနည်း။
ဖြေ။....။ အသင်္ခတ ပရမတ်ဟု ဆိုအပ်သော နိဗ္ဗာန်သည်ပင်လျှင် နိရောဓသစ္စာ၏ တရားကိုယ်အစစ်ဖြစ်ပါသည်။
မေး။....။ ချုပ်ခြင်းသဘောဖြစ်သော နိဗ္ဗာန်ကို အဘယ်ကြောင့် အချမ်းသာဆုံးဟူ၍ ရှင်တော်ဘုရား ဟောကြားတော်မူပါသနည်း။
ဖြေ။....။ ချုပ်ခြင်းသဘောမဟုတ်သော ဖြစ်ခြင်းသဘောတို့ကြောင့် အနမတဂ္ဂသံသရာမှာ ခန္ဓာအစဉ် မပြတ်နိုင်ကြဘဲ အဖန် တလဲလဲ ဖြစ်နေကြပါသည်။ အဖန်တလဲလဲ ဖြစ်လေသမျှ သုခမဘက် ဆင်းရဲသက်သက်တို့သာ ဖြစ်ကြပါသည်။ ထိုသို့ အဖန်တလဲလဲ မဖြစ်မူ၍ ဒုက္ခတွေ ချုပ်ငြိမ်းခဲ့ပါလျှင် ဆင်းရဲခြင်းမှ ကင်းလွတ်ပါသည်။ ထိုသို့ ဆင်းရဲကင်းမှုကြီးကိုပင် အချမ်းသာဆုံးဟူ၍ ရှင်တော်ဘုရား ဟောကြားတော်မူပါသည်။
မေး။....။ ထိုနိဗ္ဗာန်သည် အဘယ်မျှ အပြားရှိပါသနည်း။
ဖြေ။....။ သဥပါဒိသေသ နိဗ္ဗာန်၊ အနုပါဒိသေသနိဗ္ဗာန်အားဖြင့် နှစ်ပါးအပြားရှိပါသည်။
မေး။....။ ထိုနိဗ္ဗာန်နှစ်ပါးတို့၏ သဘောအဓိပ္ပာယ်များကို ထင်ရှားစွာဖော်ပြပါ။
ဖြေ။....။ ခန္ဓာကျန်ကြွင်းသေးသော နိဗ္ဗာန်ကို သဥပါဒိသေသနိဗ္ဗာန်ခေါ်ပါသည်။ ခန္ဓာအကြွင်းအကျန်မရှိသော နိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန် ခေါ်ပါသည်။
(၁) သောတာပတ္တိမဂ်သို့ အဆိုက်တွင် ၂ဝ-သော သက္ကယဒိဋ္ဌိ,
၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ, ၁ဝ-ပါးသော အန္တဂ္ဂါဟိကဒိဋ္ဌိ, ၃-
ပါးသော နိယတမိစ္ဆာဒိဋ္ဌိကြီး, ၈-ပါးသော ဝိစိကိစ္ဆာ, ၁၆-ပါးသော ဝိစိကိစ္ဆာ တို့သည် တစ်ပြိုင်နက် တစ်ချက်တည်း
အကြွင်းအကျန်မရှိ ချုပ်ငြိမ်း ကြလေကုန်၏။
(၂) သကဒါဂါမိမဂ်သို့ အဆိုက်တွင် ရုန့်ရင်းသော ကာမရာဂ,ဗျာပါဒ တရားတို့သည် တစ်ပြိုင်နက် တစ်ချက်တည်းအကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြလေကုန်၏။
(၃) အနာဂါမိမဂ်သို့ အဆိုက်တွင် သိမ်မွေ့သော ကာမရာဂ,ဗျာပါဒ တရားတို့သည် တစ်ပြိုင်နက် တစ်ချက်တည်းအကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြလေကုန်၏။
(၄) အရဟတ္တမဂ်သို့ အဆိုက်တွင် ရူပရာဂ, အရူပရာဂ, မာန,အဝိဇ္ဇာ အစရှိသော အလုံးစုံသော ကိလေသာတို့သည်တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြလေကုန်၏။
[ဤကား ကိလေသာတို့၏ ချုပ်ငြိမ်းပုံတည်း။]
(၁) သောတာပတ္တမဂ်သို့ အဆိုက်တွင် နောင်ဖြစ်လတ္တံ့သောအပါယ် ဇာတိမျိုး အကြွင်းအကျန်မရှိ ချုပ်ငြိမ်းလေ၏၊ကာမသုဂတိ ၇-ဘုံမှာလည်း ၇-ဘဝမှ နောင်ဖြစ်လတ္တံ့သော ကာမဇာတိမျိုး အကြွင်းအကျန်မရှိ ချုပ် ငြိမ်းလေ၏။
(၂) သကဒါဂါမိမဂ်သို့ အဆိုက်တွင် ကာမသုဂတိ ၇-ဘုံမှာ၂-ဘဝမှ နောက်ဖြစ်လတ္တံ့သော ကာမဇာတိမျိုး အကြွင်းအကျန်မရှိ ချုပ် ငြိမ်းလေ၏။
(၃) အနာဂါမိမဂ်သို့ အဆိုက်တွင် ကာမဇာတိ အကုန်ချုပ်ငြိမ်းလေ၏။
(၄) အရဟတ္တမဂ်သို့ အဆိုက်တွင် ယခုဘဝ ခန္ဓာသာ ကျန်ရှိလေ၏၊ ရူပဇာတိ, အရူပဇာတိ အကုန်ချုပ်ငြိမ်းလေ၏။
[ဤကား မဂ် ၄-ကြိမ်အဆိုက်တွင် ကိလေသာတို့၏ ၄-ကြိမ် ၄-ခါ ချုပ်ငြိမ်းပုံ, ဇာတိခန္ဓာတို့၏ ၄-ကြိမ် ၄-ခါ ချုပ်ငြိမ်း ပုံကို ပြဆိုသောအခန်းတည်း။]
မေး။....။ ထို့ပြင် တစ်နည်းအားဖြင့် နိဗ္ဗာန်သည် ဘယ်မျှ အပြားရှိပါသေးသနည်း။
ဖြေ။....။ သုညတနိဗ္ဗာန်၊ အနိမိတ္တနိဗ္ဗာန်၊ အပ္ပဏီဟိတနိဗ္ဗာန်အားဖြင့် သုံးပါးအပြားရှိသေးသည်။
သုညတဉ္စ=ပလိဗောဓ ခပ်သိမ်းတို့မှ ကင်းငြိမ်းဆိတ်ငြိမ်သော သုညတနိဗ္ဗာန် လည်းကောင်း၊ အနိမိတ္တဉ္စ=သဏ္ဌာန်, နိမိတ်, အရိပ်, အသွင် ထင်မှုခပ်းမှ ကင်းရှင်းသော အနိမိတ္တနိဗ္ဗာန်လည်းကောင်း၊အပ္ပဏိဟိတဉ္စ=တောင့်တခြင်း ခပ်သိမ်းမှ ကင်းငြိမ်းရာဖြစ်သောအပ္ပဏိဟိတ နိဗ္ဗာန်လည်းကောင်း၊ ဣတိ=ဤသို့၊ အာကာရ ဘေဒေန=ဆိတ်ငြိမ်ခြင်း အစရှိသော အခြင်းအရာ အပြားအားဖြင့်၊ တိဝိဓံ=၃-ပါးအပြားရှိသည်၊ ဟောတိ=ဖြစ်၏၊  သင်္ဂြိုဟ်ကျမ်း

သုညတနိဗ္ဗာန်။
ငြိမ်သက်ချမ်းသာသော သန္တိသုခကို နှောင့်ယှက် ဖျက်စီးမှုသည် ''ပလိဗောဓိ'' မည်၏၊ သင်္ခတတရားဟူသမျှသည် အရဟတ္တဖိုလ်တရားပင် ဖြစ်သော်လည်း ''ပလိဗောဓ'' မှု ထင်ရှားရှိသည်သာဖြစ်၏။ရှိပုံကား....မိမိသန္တာန်မှာ အရဟတ္တဖိုလ်ဇော ဖြစ်ပေါ်စေလိုသည်ရှိသော် ထိုအားလျော်သောခဏ, ထိုအားလျော်သော သမယ,ထိုအားလျော်သော မနသိကာရကို ကြောင့်ကြစိုက်မှ ဖြစ်ပေါ်သည်၊ဖြစ်ပေါ် ပြီးနောက်လည်း အနိစ္စဓမ္မ, ဝိပရဏာမဓမ္မ ဖြစ်သည်နှင့်ခဏချင်း, ခဏချင်း ကုန်ဆုံးကွယ် ပျောက်ပြန်၏၊
နိဗ္ဗာန်သည်မူကား ဖြစ်ပေါ်ခြင်းရှိသောတရား မဟုတ်သောကြောင့်အစ၌ ဖြစ်ပေါ်စေခြင်းငှါ ကြောင့်ကြစိုက်ရသော ''ပလိဗောဓဒုက္ခ'' အနှောင့်အယှက်လည်း မရှိပေ၊ မမြဲသော အနိစ္စတရားမျိုး မဟုတ်သောကြောင့် အဖန်ဖန် ထပ်မံ၍ ထူထောင်မှုဟူသော ''ပလိဗောဓဒုက္ခ''အနှောင့်အယှက်လည်း မရှိပေ။
၁။ ထိုနိဗ္ဗာန်သို့ ရောက်ရလေအောင် ဒါန, သီလ အစရှိသော ပါရမီ တရားတို့ကို ဘဝများစွာ ဖြည့်ကျင့်မှု ဟူသော ''ပလိဗောဓဒုက္ခ'' အနှောက်အယှက်ကြီး ၁-ပါး။
၂။ အဆုံးဘဝ၌ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ အစရှိသော ဝိသုဒ္ဓိတရား ၇-ပါးတို့ကို ပွားများအားထုတ်ရခြင်းဟူသော
''ပလိဗောဓဒုက္ခ'' အနှောင့်အယှက်ကြီး ၁-ပါး။ဤ ၂-ပါးသော ပလိဗောဓဒုက္ခမှုများသည် နိဗ္ဗာန်၏ ပလိဗောဓမှုမဟုတ်ပေ၊ မျက်စိမှာ တိမ်သလာ ထူထပ်စွာ စွဲကပ်၍နေသော သူကန်းသည်နေ, လကို မြင်လို၍ ဆေးဝါးမှီဝဲမှုဟူသော ''ပလိဗောဓဒုက္ခ''ကို ကြောင့်ကြစိုက်ရလေ၏၊ ထို ''ပလိဗောဓဒုက္ခ'' မူသည် နေ, လ တို့ကပြုသော''ပလိဗောဓ ဒုက္ခ'' မှု မဟုတ်ပေ၊ တိမ်သလာတို့က ပြုသော ''ပလိဗောဓဒုက္ခ'' မှုပေတည်း။ ။


။အနိမိတ္တနိဗ္ဗာန်၌
။အနိမိတ္တနိဗ္ဗာန်၌ သင်္ခတတရားတို့မှာသဏ္ဌာန်, နိမိတ်အရိပ်, အသွင် ထင်ရှားရှိကြကုန်၏၊ ထိုသို့ရှိကြခြင်း
ကြောင့် အရဟတ္တ ဖိုလ်စိတ်တစ်ခုသည်ပင်လျှင် ချုပ်လေပြီးသောအတိတ်တခြား၊ ခဏတ္တယ သို့ရောက်ဆဲသော ပစ္စုပ္ပန်တစ်ခြား၊ ဥပါဒ်မှုမရှိသေးသော အနာဂတ်တစ်ခြား၊ ဤပုဂ္ဂိုလ်သန္တာန်မှာ တစ်ခြား၊ ထို
ပုဂ္ဂိုလ်သန္တာန်မှာ တစ်ခြား၊ အလွန်ကြီးမြတ်သော အရဟတ္တဖိုလ်၊ အလယ်အလတ်သော အရဟတ္တဖိုလ်၊ ယုတ်ညံ့သော အရဟတ္တ ဖိုလ် စသည်ဖြင့်၂-ခု, ၃-ခု, အသိန်း, အသန်း အသင်္ချေယျ, အနန္တများပြားလေ၏၊ ထိုမှ
ကြွင်းသော သင်္ခတတရားတို့မှာ ဆိုဖွယ်မရှိ။နိဗ္ဗာန်သည်မူကား သဏ္ဌာန်, နိမိတ်, အရိပ်အသွင်ရှိသော
တရားမဟုတ်ပေသောကြောင့် အနမတဂ္ဂသံသရာ၌ ဤနိဗ္ဗာန်ကားအဟောင်းတည်း၊ ဤနိဗ္ဗာန်ကား အသစ်တည်း ဟု၂-ခုခြားနားဖွယ်မရှိ၊ပရိနိဗ္ဗာန်စံ ပုဂ္ဂိုလ် ခန္ဓာ အသီးသီးတို့ လိုက်နာ၍လည်း ၂-ခု, ၃-ခုစသည့် ခြားနားဖွယ်မရှိ အရှေ့အရပ်မှာ ပရိနိဗ္ဗာန်စံလွန်ကြသောပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကား အရှေ့အရပ်မှာ ရှိနေသည်၊ အနောက်အရပ်မှာပရိနိဗ္ဗာန်စံလွန်ကြသော ပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ကား အနောက်အရပ်မှာရှိနေသည်၊ ဤသို့စသည်ဖြင့် အရပ်ဒေသအပြားသို့ လိုက်၍ ခြားနားဖွယ်မရှိ၊ သဗ္ဗညုဘုရားတို့၏ နိဗ္ဗာန်ကား မြတ်သည်၊ အိမ်ကျွန်မ ရသောနိဗ္ဗာန်ကား ယုတ်ညံ့သည် ဟူ၍လည်းခြားနားဖွယ်မရှိ၊ လောကဓာတ်အလယ်မှာ သံသရာရုပ်သိမ်းမှု, ချုပ်ငြိမ်းမှု, ဇာတိချုပ်ငြိမ်းမှု, ခန္ဓာဇာတ်သိမ်းမှုဟုဆိုအပ်သော အသင်္ခတဓမ္မဓာတ်ကြီး တစ်ခုရှိ၏ ဟူ၍သာသိခွင့်, ဆိုခွင့်ရှိသတည်း။

အပ္ပဏိဟိတနိဗ္ဗာန်။
။အပ္ပဏိဟိတနိဗ္ဗာန်ကို ဆိုရာ၌ သင်္ခတတရားတို့သည် တောင့်တ မြှော်တမ်းခြင်းနှင့်တကွသာ ဖြစ်ကြကုန်၏။လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာဟူသော လောကီချမ်းသာစုသည် အလွန် ပျစ်ချွဲသော ပျားရည်, တင်လဲရည်နှင့် တူပေ၏၊ ပုထုဇဉ်ဖြစ်သော လူ, နတ် ဗြဟ္မာစုသည် ချိုသောအရသာကို ခင်တွယ်သော ပိုး, ပရွက်တို့နှင့် တူကုန်၏၊ ပျားရည်, တည်လဲရည်ကို တွေ့ကြသော ထိုပိုး, ပရွက်တို့သည် ပျားရည်, တင်လဲရည်မှာနစ်လျက် အသက်ဆုံးရှုံးကြကုန်၏။ဤအတူ အနမတဂ္ဂသံသရာ၌ လူ, နတ်, ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည် လူ့စည်းစိမ်, နတ်စည်းစိမ်, ဗြဟ္မာ့စည်းစိမ်မှာ နစ်လျက် ဘဝအဆက်ဆက် အသက်ဆုံးရှုံးကြကုန်၏၊ အဆာ အငတ် အာသာဓာတ်တင်းလင်းနှင့်သာ သေဆုံးကြရကုန်၏၊ အလုံးစုံသော တောင့်တခြင်းခပ်သိမ်းတို့သည် ပရိနိဗ္ဗာန်အစံတွင် အြ<ွကင်းအကျန်မရှိ ချုပ်ငြိမ်းကြလေကုန်၏၊ အရဟတ္တမဂ်သို့ အဆိုက်တွင် တဏှာပဏိဓိတရား အြ<ွကင်းမဲ့ချုပ်ငြိမ်းသည်၊ ထိုအခါမှစ၍ တဏှာနှင့်စပ်သော တေဘုမ္မကသုခ၌တောင့်တခြင်း ခပ်သိမ်းတို့သည် ချုပ်ငြိမ်းကုန်၏၊ ပရိနိဗ္ဗာန စုတိသို့အဆိုက်တွင် ဆန္ဒပဏိဓိတရား အကြွင်းမဲ့ ချုပ်ငြိမ်းသည်၊ ထိုအခါမှစ၍အာသာဆန္ဒ တောင့်တခြင်းခပ်သိမ်း အကုန်ငြိမ်း၏၊ ထို့ကြောင့် အသင်္ခတမဟာနိဗ္ဗာန်ကြီးကို ''အပ္ပဏိဟိတနိဗ္ဗာန်'' ဆိုရသတည်း။
ဤ သုညတနိဗ္ဗာန်, အနိမိတ္တနိဗ္ဗာန်, အပဏိဟိတနိဗ္ဗာန် ဟူသော
အမည် ၃-ပါး သည်လည်း ''အာကာရ ဘေဒေန'' တူသော ပါဌ်နှင့်အညီ-
၁။ ပလိဗောဓ ခပ်သိမ်းမှ ကင်းငြိမ်းသော ဂုဏ် ၁-ပါး။
၂။ သဏ္ဍာန်, နိမိတ်, အရိပ်, အသွင် ခပ်သိမ်းမှ ကင်းရှင်းသောဂုဏ် ၁-ပါး။
၃။ တောင့်တခြင်း ခပ်သိမ်းမှ ကင်းငြိမ်းခြင်း ဂုဏ် ၁-ပါး။
ဤဂုဏ် ၃ပါးကို အစွဲပြု၍ နိဗ္ဗာန် ၃-ပါးဆိုသည်၊ စင်စစ်အားဖြင့်
မူကားအသင်္ခတ မဟာနိဗ္ဗာန် တစ်ခုတည်းကို ၃-ပါး ပြု၍ ဆိုခြင်းသည်
သာတည်း။
မေး။....။ အခြားသောအခြင်းအရာအားဖြင့် နိဗ္ဗာန်အပြား မည်မျှ ရှိသေးသနည်း။
ဖြေ။....။နိဗ္ဗာန်သည်-
၁။ မိစ္ဆာဒိဋ္ဌိဗ္ဗာန်,
၂။ သမ္မုတိနိဗ္ဗာန်,
၃။ တဒင်္ဂနိဗ္ဗာန်,
၎။ ဝိက္ခမ္ဘနနိဗ္ဗာန်,
၅။ သမုစ္ဆေဒနိဗ္ဗာန်,
၆။ ပဋိပဿဒ္ဓိနိဗ္ဗာန်,
၇။ နိဿရဏနိဗ္ဗာန်
၈။ အာရမ္မဏနိဗ္ဗာန် (နိဗ္ဗာန်ဓမ္မာရုံ၊ )
၉။ ခဏနိရောဓ (ခဏနိဗ္ဗာန်)
ဟူ၍ အကျဉ်းအားဖြင့် ၈-ပါး အပြားရှိ၏။
၁။ မိစ္ဆာဒိဋ္ဌိနိဗ္ဗာန။် ။
မိစ္ဆာဒိဋ္ဌိ နိဗ္ဗာန်ဆိုသည်ကား သာသနာတော်မှ အပဖြစ်ကုန်သော မိစ္ဆာဒိဋ္ဌိ အယူရှိကုန်သော တိတ္ထိဆရာတို့
ကြံဆစွဲလမ်းအပ်သော နိဗ္ဗာန်ကို ''မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်'' ဆိုသတည်း၊ ထိုမိစ္ဆာဒိဋ္ဌိနိဗ္ဗာန်သည် ''ပဉ္စဒိဋ္ဌိနိဗ္ဗာနဝါဒါ'' ဟူသော ပါဠိတော်ပုဒ်တို့၌လည်းကောင်း၊''နိဗ္ဗာနံ နိဗ္ဗာနတော သဉ္စာတိ'' အစရှိသော မူလပရိယာယသုတ် ပုဒ်တို့၌လည်းကောင်း လာပေသည်။ ။ ပါဠိတော် ၂-ရပ်တွင်-
ဣဓ ဘိက္ခဝေ ဧကစ္စော သမဏော ဝါ ဗြဟ္မာဏော ဝါ
ဧဝံ ဝါဒီ ဟောတိ ဧဝံ ဒိဋ္ဌိ၊ ယ တော ခေါ ဘော အယံ
အတ္တာ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတော သမင်္ဂီဘူတော
ပရိစာရေတိ၊ ဧတ္တာဝတာ ခေါ ဘော အယံအတ္တာ
ပရမဒိဋ္ဌဓမ္မနိဗ္ဗာနံ ပတ္တော ဟောတီတိ။
အစရှိသည်ဖြင့် ပါဠိတော်တို့၌ တိတ္ထိဆရာတို့ ကြံဆ စွဲလမ်းအပ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန် ၅-ပါး လာရှိသည်။
နိဗ္ဗာနံ နိဗ္ဗနတော သဉ္ဇာနာတိ၊ နိဗ္ဗာနံ နိဗ္ဗာနတော
သညတွာ နိဗ္ဗာနံ မညတိ၊ နဗ္ဗာနတော မညတိ၊ နိဗ္ဗာနံ မေတိ
မညတိ၊ နိဗ္ဗာနံ အဘိနန္ဒိ၊ တံ ကိဿဟေတု၊ အပရိညာတံ
တဿတိ ဝဒါမိ။
[မူလပရိယာယ သုတ်ပါဠိတော်။]
ဤပါဠိတော်မှာလည်း ဒိဋ္ဌဓမ္မနိဗ္ဗာန် ၅-ပါး ကိုယူ။
[ဤကား မိစ္ဆာဒိဋ္ဌိ နိဗ္ဗာန်တည်း။]

၂။ သမ္မုတိနိဗ္ဗာန် ။
သမ္မုတိနိဗ္ဗာန် ဆိုသည်ကားလောက၌ဖြစ်ပွားသော မီးဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ရေဘေး၏ ငြိမ်းခြင်း,ဖြစ်ပွားသော မင်းဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ရန်သူဘေး၏ ငြိမ်းခြင်း,ဖြစ်ပွားသော ဓားပြခိုးသူဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော သတ္ထန္တရကပ်ဘေး၏ ငြိမ်းခြင်း, ဖြစ်ပွားသော ဒုဗ္ဘိက္ခိန္တရ ကပ်ဘေး၏ ငြိမ်းခြင်း,ဖြစ်ပွားသော ရောဂန္တရကပ်ဘေး၏ ငြိမ်းခြင်း- ဤသို့ အစရှိသည်ဖြင့်ဤလောက၌ ဖြစ်ပွားတွေ့ကြုံရသော ဘေးအပေါင်း, ရန်အပေါင်း,ဒဏ်အပေါင်း, အန္တရာယ်အပေါင်း, အပြစ်အပေါင်း,ဥပဒ်အပေါင်းတို့၏ငြိမ်းခြင်း ဟူသမျှသည် ''သမ္မုတိနိဗ္ဗာန်'' မည်၏။
ထိုသမ္မုတိနိဗ္ဗာန်သည်-
''မနော နိဗ္ဗာတိ တာဝဒေ၊ ရောဂါ ဝူပသမ္မတိ၊ အန္တရာယော
ဝူပသမ္မတိ''
အစရှိသည်ဖြင့် လာသည်။
ထိုနိဗ္ဗာန်သည်သွာဟံ အဗ္ဗုသလ္လေသ္မိ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။ ။
အစရှိသော ပါဠိတော်တို့မှာ လာသည်။
ထိုသမ္မုတိနိဗ္ဗာန်သည် ငြိမ်းခြင်းဟူသော သန္တိလက္ခဏာအားဖြင့်တစ်ပါး သာဖြစ်သော်လည်း သမ္ဗန္ဓီ ဖြစ်သော ဒုက္ခဓမ္မတို့၏ အပြားအားဖြင့် အလွန်များပြား၏။
အကျဉ်းကား။ ။ ကပ် ၃ ပါးကို အစွဲပြု၍ ထိုကပ် ၃-ပါး၏
ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၃-ပါး။
- ဝိပတ္တိ ၄-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၄-ပါး။
- အပါယ် ၄-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၄-ပါး။
- ရန်သူမျိုး ၅-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၅-ပါး။
- အရပ်ပြစ် ၈-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၈-ပါး။
- အပြစ် ၈-ပါး၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၈-ပါး။
- ဒဏ် ၁ဝ-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၁ဝ-ပါး။
- ၁၆-ပါးသော ဥပဒ္ဒေဝေါတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန်
၁၆-ပါး။
- ၂၅-ပါးသော ဘေးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၂၅-
ပါး။
- ၃၂-ပါးသော ကံကြမ္မာတို့၏ ငြိမ်းမှုဟူသော သမ္မုတိဗ္ဗာန် ၃၂-
ပါး။
- အနာအမျိုး ၉၆-ပါးတို့၏ ငြိမ်းမှုဟူသော သမ္မုတိနိဗ္ဗာန် ၉၆-
ပါးအပြားရှိ၏။

၃။ တဒင်္ဂနိဗ္ဗာန်
။ တဒင်္ဂနိဗ္ဗာန် ဆိုသည်ကား လောက၌ဤမည်သော ဆေးမြစ်သည် ဤမည်သော အနာကို ပယ်ဖျောက်နိုင်၏ဟု သူ့ဆေးမြစ်နှင့် သူ့အနာ အသီးသီး ရှိကြသကဲ့သို့၊ ဤမည်သောကုသိုလ်ဓမ္မသည် ဤမည်သော အကုသိုလ်ဓမ္မကို ပယ်ဖျောက်နိုင်၏၊ဟု သူ့ကုသိုလ်ဓမ္မနှင့် သူ့အကုသိုလ်ဓမ္မ အသီးသီး ရှိကြ၏၊ ထိုသို့ ရှိကြရာ၌သူ့ကုသိုလ်ဓမ္မ၏ သူ့အကုသိုလ်ဓမ္မကို ပယ်ခြင်းသည်''တဒင်္ဂပဟာန်''မည်၏၊ ထိုသို့ပယ်ခြင်းကြောင့် ထိုထို အကုသိုလ်ဓမ္မ၏ တစ်ခဏအားဖြင့်အဖြစ်ငြိမ်းခြင်းသည် ''တဒင်္ဂနိဗ္ဗာန်'' မည်သတည်း၊ ဤ တဒင်္ဂနိဗ္ဗာန်ကိုမဇ္ဈိမနိကာယ် မူလပဏ္ဏာသသလ္လေခသုတ် ပါဠိတော်ကို အစဉ်လျှောက်သဖြင့် သိအပ်၏။
ဝိဟိံသကဿ ပုရိသပုဂ္ဂလဿ အဝိဟိံသာ ဟောတိ
ပရိနိဗ္ဗာနာယ။
၁။ ဝိဟိံသကဿ=သူတစ်ပါးကို ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း ညှင်းပန်းနှိပ်စက်ခြင်းအလေ့ရှိသော၊ ပုရိသပုဂ္ဂဿ=ယောက်ျားပုဂ္ဂိုလ်အား၊ အဝိဟိံသာ=သူတစ်ပါးကို ကိုယ်, နှုတ် ၂-ပါးတို့ဖြင့် မညှဉ်းဆဲလိုသောကုသိုလ်တရားသည်၊ ပရိနိဗ္ဗာနာယ=ထိုပုဂ္ဂိုလ်မှာ ထိုအကုသိုလ် အပူအလောင်၏ ငြိမ်းခြင်းငှာ၊ ဟောတိ=ဖြစ်၏။
ပါဏာတိပါတိဿ ပုရိသပုဂ္ဂလဿ ပါဏာတိပါတာ
ဝေရမဏီ ဟောတိ ပရိနိဗ္ဗာနယ။
[ပါဠိတော်]
၂။ စိတ်သန္တာန်ဝယ် သူ့အသက်ကို သတ်ခြင်းအလေ့ဟူသောအပူ အလောင်အကုသိုလ်ဓမ္မ နှိပ်စက်၍နေသော သူတို့အား ပါဏာတိ ပါဝိရတိ သီလသည် ထိုအကုသိုလ် အပူလောင်၏ ငြိမ်းခြင်းငှါ ဖြစ်၏။
---။ပ။----
၄၄။ သန္ဒိဋ္ဌိပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂိဿ= မိမိမြင်မိမြင်ရာ မိစ္ဆာအယူကိုသာ မှားသောအားဖြင့် သုံးသပ်လေ့ရှိသော, မိမိမြင် မိမြင်ရာ မိစ္ဆာအယူကိုသာ မြဲမြံစွာယူလေ့ရှိသော, မိမိ မြင်မိမြင်ရာ မိစ္ဆာအယူကို စွန့်လွှတ်ခြင်းငှာ အလွန်ခဲယဉ်းသော အလေ့ရှိသော၊ ပုရိသပုဂ္ဂလဿ=ယောက်ျားပုဂ္ဂိုလ်အား၊ အသန္ဒိဋ္ဌိ ပရာမာသီအနာဒါနဂ္ဂါဟီ သုပ္ပဋိနိဿဂ္ဂိတာ=မိမိမြင်မိမြင်ရာ မိစ္ဆာအယူကို မှားသောအားဖြင့် သုံးသပ်ခြင်းမရှိမူ, မိမိမြင်မိမြင်ရာ မိစ္ဆာအယူကို စွန့်လွှတ်လွယ်မှုသည်၊ ပရိနိဗ္ဗာနာယ=ထိုထိုအကုသိုလ်ဓမ္မ၏ ငြိမ်းခြင်းငှါ၊ ဟောတိ=ဖြစ်၏။
[ဤကား-သလ္လေခသုတ် ပါဠိတော်မှာလာသော တဒင်္ဂပရိနိဗ္ဗာန်၄၄-တည်း၊ ဤ ၄၄-သည်လည်း ဥပလက္ခဏမျှသာတည်း။]
ထိုတဒင်္ဂနိဗ္ဗာန်သည်လည်း ဘယ်ကုသိုလ်တရားကို ဆောက်တည်၍ ငါ၏စိတ်သန္တာန်ဝယ် ဘယ်အကုသိုလ် အပူလောင်တရားငြိမ်းပေသည်ဟု ကိုယ်တွေ့ဒိဋ္ဌတွေ့ကြုံရသော ပရမတ္ထ တစ်မျိုးပင်တည်း။ (ပရမတ္ထတရားဟုဆိုသော်လည်း သီးခြား တရားကိုယ်ကားမရ။ ကုသိုလ်ပရမတ္ထတရား၏ အစွမ်းကို ဆိုလိုသည်။)
 ၂၂ --- အမတဝဂ်
၆ဝ၂။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ
သတိကို ဆုတ်ယုတ်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ဆုတ်ယုတ်စေအပ်သည် မည်၏။
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရပ်ုအပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို
မဆုတ် ယုတ်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မဆုတ်ယုတ်စေအပ်သည် မည်၏ဟု (မိန့်တော်
မူ၏)။ (ဧကနိပါတ် အင်္ဂုတ္ထိုရ်)
၅၆။ ထိုအခါ ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော
နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ ကိုယ်တိုင် သိမြင် ထိုက်သော နိဗ္ဗာန်,
ကိုယ်တိုင် သိမြင်ထိုက်သော နိဗ္ဗာန်ဟု ဆို၏၊ အသျှင်ဂေါတမ အဘယ်မျှဖြင့် နိဗ္ဗာန်သည် ကိုယ်တိုင်
သိမြင်ထိုက်ပါ သနည်း၊ အခါမလင့် အကျိုးကို ပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်
ပါသနည်း၊ မိမိ့ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထား ထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ
ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါ သနည်း'' ဟု (လျှောက်၏)။
ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး
ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊
မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံး
မသာခြင်းကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိ ဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး
ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲ၍ဖြစ်သော
ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်
ထိုက်၏။ (တိကနိပါတ် အင်္ဂုတ္ထိုရ်)

၎။ ဝိက္ခမ္ဘနနိဗ္ဗာန်။ ...။ ၀ိက္ခမ္ဘနနိဗ္ဗာန် ဆိုသည်ကား မဟဂ္ဂုတ်ဈာန် တရားတို့သည်အကြင်တရားတို့ကို ဝေးစွာ ကွာသည်ကိုပြု၍ ပယ်ရှားအပ်ကုန်၏၊ထိုတရားတို့၏ အရှည်အကြာအားဖြင့် အဖြစ်ငြိမ်းမှုကို ''ဝိက္ခမ္ဘနနိဗ္ဗာန်''ဆိုသတည်း၊ ဤဝိက္ခမ္ဘနနိဗ္ဗာန်၏ အပြားကို နဝနိပါတ် အဂုင်္တ္တိုရ်ပါဠိတော်ကို အစဉ်လျောက်ပတ်သဖြင့် သိအပ်၏။
သန္ဒိဋ္ဌိကံ နိဗ္ဗာနံ သန္ဒိဋ္ဌိကံ နိဗ္ဗာနန္တိ အာဝုသော ဝုစ္စတိ၊
ကိတ္တာဝတာ နုခေါ အာဝုသော သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဝုတ္တံ
ဘဂဝတာ တိ။
ဣဓာဝုသော ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ
အကုသလေဟိ ဓမ္မေဟိ သဝိသက္ကံ သဝိစာရံ ဝိဝေကဇံ
ပီတိ သုခံ ဈာနံ ဥပသမ္ပဇ္ဇဝိဟရိတိ၊ ဧတ္တာဝတာ ပိ ခေါ
အာဝုသော သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဝုတ္တံ ဘဂဝတာ
ပရိယာယေနာတိ။
အာဝုသော=ငါ့အရှင်၊ သန္ဒိဋ္ဌိကံ နိဗ္ဗာနံ သန္ဒိဋ္ဌိကံ နိဗ္ဗာနန္တိ=သန္ဒိဋ္ဌိကနိဗ္ဗာန် သန္ဒိဋ္ဌိကနိဗ္ဗာန်ဟူ၍၊ ပဏ္ဍိတေဟိ=ပညာရှိတို့သည်၊ ဝုစ္စတိ=အများပြောဆိုအပ်၏၊ အာဝသော=ငါ့ရှင်၊ ကိတ္တာဝတာ=အဘယ်မျှလောက်သော ငြိမ်းခြင်းဖြင့်၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ သန္ဒိဋ္ဌိကံနိဗ္ဗာနံ=သန္ဒိဋ္ဌိက နိဗ္ဗာန်ကို၊ ဝုတ္တံ နုခေါ=ဟောတော်မူအပ်သနည်း၊ဣတိ=ဤသို့၊ ပုစ္ဆိ=အရှင်အာနန္ဒာ မထေရ်အား အရှင်ကာဠုဒါယီမထေရ်က မေးလေ၏။
အာဝုသော=ငါ့ရှင်၊ ဣဓ=ဤသာသနာတော်၌၊ ဘိက္ခု=ရဟန်းသည်၊ကာမေဟိ=ဝတ္ထုကာမ, ကိလေသာ ကာမတို့မှ၊ ဝိဝိစ္စေဝ=ဆိတ်ကင်း၍သာလျှင်၊ အကုသလေဟိ ဓမ္မေဟိ=အကုသိုလ်ဓမ္မတို့မှ၊ ဝိဝိစ္စဧဝ=ဆိတ်ကင်း၍သာလျှင်၊ သဝိတက္ကံ=ဝိတက်နှင့်တကွသော၊ သဝိစာရံ=ဝိစာရနှင့်တကွသော၊ ဝိဝေကဇံ ပီတိသုခံ=ဝိဝေကကြောင့် ဖြစ်သော ပီတိ,သုခရှိသော၊ ပဌမံဈာနံ=ပထမဈာန်ကို၊ ဥပသမ္ပဇ္ဇ=ပြည့်စုံစေ၍၊ဝိဟရေတိ=နေပေ၏၊ အာဝုသော=ငါ့ရှင်၊ ခေါ=စင်စစ်၊ ဧတ္တာဝတာပိ=ဤမျှလောက်သော ဝတ္ထုကာမ, ကိလေသာကာမ အကုသိုလ်ဓမ္မတို့၏ချုပ်ငြိမ်းခြင်းဖြင့်လည်း၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ ပရိယာယေန=ပရိယာယ်အားဖြင့်၊ သန္ဒိဋ္ဌိကံ နိဗ္ဗာနံ=သန္ဒိဋ္ဌိက နိဗ္ဗာန်ကို၊ ဝုတ္တံ=ဟောတော်မူပေ၏၊ ဣတိ=ဤသို့ ဖြေလေ၏။
ဤ မဟဂ္ဂုတ်သမာပတ် ၈-ပါးဖြင့် ပြီးသော နိဗ္ဗာန် ၈-ပါးမှာအပြီးချုပ်ငြိမ်းသော မဟာနိဗ္ဗာန်ကြီးမဟုတ်၊ ကာလရှည်ကြာ ကင်းကွာရုံမျှသာ ချုပ်ငြိမ်းမှုဖြစ်ပေ၍ ပရိယာယ် နိဗ္ဗာန်ဆိုသတည်း။
ပုန စ ပရံ အာဝုသော ဘိက္ခု နေဝသညာနာသညာယတနံ
သမတိက္ကမ္မ သညာဝေဒယိတ နိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊
ပညာယဿဒိသွာ အာသဝါ ပရိက္ခီဏာ ဟောန္တိ၊ ဧတ္တာဝတာ
ခေါ အာဝုသော သန္ဒိဋ္ဌိကံ နိဗ္ဗာနံ ဝုတ္တံ ဘဂဝတာ
နိပ္ပရိယာယေနာတိ။ ။
[အဆုံးဝါကျ]
အာဝုသော=ငါ့ရှင်၊ ပုနစရံ=ထိုမှတစ်ပါးတုံ၊ ဘိက္ခု=ရဟန်းသည်၊နေဝသညာနာသညာယတနံ=နေဝသညာနာသညာယတနဈာန်ကို၊သမတိက္ကမ္မ=ကောင်းစွာလွန်၍၊ သညာဝေဒယိတနိရောဓံ=သညာ,ဝေဒနာတို့၏ ချုပ်ငြိမ်းခြင်းကို၊ ဥပသမ္ပဇ္ဇ=ပြည့်စုံစေ၍၊ ဝိဟရတိ=နေပေ၏၊ အဿ=ထိုပုဂ္ဂိုလ်အား၊ ပညာယစ=ပညာဖြင့်လည်း၊ဒိသွာ=အလင်းကိုသိမြင်၍၊ အာသဝါ=အာသဝေါတရားတို့သည်၊ပရိက္ခီဏာ=အြ<ွကင်းအကျန်မရှိ ကုန်ခန်း ချုပ်ငြိမ်းကုန်သည်၊ ဟောန္တိ=ဖြစ်ကုန်၏၊ အာဝုသော=ငါ့ရှင်၊ ခေါ=စင်စစ်၊ ဧတ္တာဝတာ=ဤမျှ လောက်သော ချုပ်ငြိမ်းခြင်းအားဖြင့်၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊နိဖ္ပရိယာယေနူ=စင်စစ်မုချဧကန္တိအားဖြင့်၊ သန္ဒိဋ္ဌိကံနိဗ္ဗာနံ=သန္ဒိဋ္ဌိကနိဗ္ဗာန်ကို၊ ဝုတ္တံ=ဟောတော်မူအပ်ပေ၏၊ ဣတိ=ဤသို့ဖြေပေ၏။
[အနက်။]
ဤအဆုံးဝါကျ၌ နိရောဓသမာပတ်သည်လည်း မုချသန္ဒိဋ္ဌိကနိဗ္ဗာန်တစ်ပါး၊ အရဟတ္တမဂ်သို့ ရောက်သောအခါ ကိလေသာအာသဝေါတို့၏ အကြွင်းအကျန်မရှိ ကုန်ခန်းချုပ်ငြိမ်းခြင်းသည်လည်းမုချ သန္ဒိဋ္ဌိက နိဗ္ဗာန်တစ်ပါး၊ ဤသို့ နိဗ္ဗာန်၂-ပါး ဖြစ်ပါငြားသော်လည်းသဥပါဒိသေသ မုချနိဗ္ဗာန်အနေအားဖြင့် တစ်ခုတည်းဖြစ်သည်နှင့်
သန္ဒိဋ္ဌိကနိဗ္ဗာန်တစ်ပါးထား၍ နိဗ္ဗာန်အပြား ၉-ပါးလာပေသည်။
ဒုတိယသုတ် ။ ဒုတိယသုတ်၌ သန္ဒိဋ္ဌိကသဒ္ဒါမပါဘဲ-
''နိဗ္ဗာနံ နိဗ္ဗာနန္တိ အာဝုသော ဝုစ္စတိ၊ ကိတ္တာဝတာ နု ခေါ
အာဝုသော နိဗ္ဗာနံ ဝုတ္တံ ဘဂဝတာ တိ၊ ဣဓာဝုသော ဘိက္ခု
ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စအကုသလေဟိ ဓမ္မေဟိ''
အစရှိသည်ဖြင့် ပထမသုတ်အတိုင်း နိဗ္ဗာန် ၉-ပါးလာ၏။
တတိယသုတ်။် ။ ထို့အတူ တတိယသုတ်၌လည်း-
''တဒင်္ဂနိဗ္ဗာနံ တဒင်္ဂနိဗ္ဗနန္တိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် တဒင်္ဂနိဗ္ဗာန်ဟူသော အမည်နှင့် နိဗ္ဗာန် ၉-ပါး
လာ၏။
စတုတ္ထသုတ်။် ။ စတုတ္ထသုတ်၌ -
''ဒိဋ္ဌိဓမ္မနိဗ္ဗာနံ ဒိဋ္ဌိဓမ္မနိဗ္ဗနန္တိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် ဒိဋ္ဌိဓမ္မနိဗ္ဗာန် ဟူသောအမည်နှင့် နိဗ္ဗာန် ၉-ပါး
လာ၏။
ပဉ္စမသုတ်။် ။ ပဉ္စမသုတ်၌ -
''ခေမပ္ပတ္တော ခေမပ္ပတ္တောတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် ခေမ ဟူသော အမည်နှင့် နိဗ္ဗာန် ၉-ပါး လာ၏။
ဆဋ္ဌသုတ်။် ။ ဆဋ္ဌသုတ်၌-
''ခေမပ္ပတ္တောတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် နိဗ္ဗာန်သို့ရောက်သော ပုဂ္ဂိုလ်ကို ပဓာနပြု၍ နိဗ္ဗာန်
၉-ပါး လာ၏။
သတ္တမသုတ်။် ။ သတ္တမသုတ်၌-
''အမတန္တိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် အမတ ဟူသော အမည်နှင့် နိဗ္ဗာန် ၉-ပါး လာ၏။
အဋ္ဌမသုတ်။် ။ အဋ္ဌမသုတ်၌-
''အမဟံ ပတ္တော အမဟံ ပတ္တောတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် နိဗ္ဗာန်သို့ ရောက်သော ပုဂ္ဂိုလ်ကို ပဓာန ပြု၍
နိဗ္ဗာန် ၉-ပါး လာ၏။
နဝမသုတ်။် ။ နဝမသုတ်၌-
''အမဟံ ပတ္တော အမဟံ ပတ္တောတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် အဘယ ဟူသောအမည်နှင့် နိဗ္ဗာန် ၉-ပါး လာ၏။
ဒသမသုတ်။် ။ ဒသမသုတ်၌-
''အမဟံ ပတ္တော အမဟံ ပတ္တောတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် နိဗ္ဗာန်သို့ရောက်ကုန်သော ပုဂ္ဂိုလ်ကို ပဓာနပြု၍
နိဗ္ဗာန် ၉-ပါး လာ၏။
ဧကာဒသမသုတ်။ ။ ဧကာဒသမသုတ်၌-
''ပဿဒ္ဓိတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် ပဿဒ္ဓိ ဟူသောအမည်ဖြင့် နိဗ္ဗာန် ၉-ပါး လာ၏။
ဒွါဒသမသုတ်။် ။ ဒွါဒသမသုတ်၌-
''နိရောဓော နိရောဓောတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် နိရောဓ ဟူသောအမည်ဖြင့် နိဗ္ဗာန် ၉-ပါး လာ၏။
တေရသမသုတ်။် ။ တေရသမသုတ်၌-
''အနုပုဗ္ဗနိရောဓော အနုပုဗ္ဗနိရောဓောတိ အာဝုသော ဝုစ္စတိ''
အစရှိသည်ဖြင့် အနုပုဗ္ဗနိရောဓ ဟူသော အမည်ဖြင့် နိဗ္ဗာန် ၉-
ပါး လာ၏။
သုတ်ပေါင်း ၁၃၊ နိဗ္ဗာန်ပေါင်း ၁၁၇၊ ထို ၁၁၇-ပါးသော နိဗ္ဗာန်တို့၌
ဝိက္ခမ္ဘနနိဗ္ဗာန် ၁ဝ၄၊ သမုစ္ဆေဒ နိဗ္ဗာန် ၁၃။ ဝိက္ခမ္ဘန နိဗ္ဗာန် ၁ဝ၄-သည်
ဗြဟ္မာ့ပြည်မှာ ထာဝရရှိ၏၊ လူ့ပြည်, နတ်ပြည်မှာ ဈာနဘာဘီ ပုဂ္ဂိုလ်
တို့၌သာရှိ၏။
[ဤကား ဝိက္ခမ္ဘနနိဗ္ဗာန်တည်း။]

၅။ သမုစ္ဆေဒနိဗ္ဗာန်။
 ။သမုစ္ဆေဒနိဗ္ဗာန်ဆိုသည်ကား သင်္ဂြိုဟ်ကျမ်း
မှာလာသော သဥပါဒိသေသနိဗ္ဗာန်ကို ဆိုသတည်း၊ ကိလေသနိဗ္ဗာန်ဟူ၍လည်း ဆို၏။ ထိုသမုစ္ဆေဒနိဗ္ဗာန်၏အပြားကို သတ္တနိပါတ် အဂုင်္တ္တိုရ်ပါဠိတော်မှာ အရှင်မောဂ္ဂလာန်မေး၍ တိဿဗြဟ္မာ၏အဖြေ, မြတ်စွာဘုရား၏ အဖြေတို့ကို အစဉ်လျှောက်၍ သိအပ်၏။ ။ လိုရင်းအဓိပ္ပါယ်ကိုသာ ထုတ်ပြပေအံ့။

သဥပါဒိသေသ - ဟူသောပုဒ်၌ ဥပါဒိသေသ တရားသည်-
၁။ ကိလေသုပါဒိသေသ ၁-ပါး,
၂။ ခန္ဓုပါဒိသေသ ၁-ပါး,
ဟူ၍ ၂-ပါး အပြားရှိ၏၊ ထို ၂-ပါးတို့တွင်ကိလေသာ
အကြွင်းအကျန်ရှိသေးသော သေက္ခပုဂ္ဂိုလ်စုသည်ကိလေသု ပါဒိသေသ၏အစွမ်းဖြင့် ''သဥပါဒိသေသပုဂ္ဂိုလ်'' မည်၏၊ထိုပုဂ္ဂိုလ်ဆိုက် ရောက်သော နိဗ္ဗာန်သည်လည်း ''သဥပါဒိသေသနိဗ္ဗာန်''မည်၏။
ကိလေသာ အကြွင်းအကျန်မရှိသော ရဟန္တာပုဂ္ဂိုလ်သည်
''အနုပါဒိသေသပုဂ္ဂိုလ်'' မည်၏၊ ထိုပုဂ္ဂိလ်သည် အရဟတ္တဖိုလ်ကို ရသည်နှင့်တစ်ပြိုင်နက် ဆိုက်ရောက်သော နိဗ္ဗာန်သည်လည်း ''အနုပါဒိသေသနိဗ္ဗာန်''မည်၏။အရိယာပုဂ္ဂိုလ် အဖြစ်သို့ရောက်ပြီးသည့်နောက် ခန္ဓပရိနိဗ္ဗာန်မစံမီအတွင်း ခန္ဓာ ၅-ပါး အကြွင်းအကျန်ရှိသေးသော အရိယာပုဂ္ဂိုလ်၈-ယောက်သည် ခန္ဓုပါဒိသေသ၏အစွမ်းဖြင့် ''သဥပါဒိသေသပုဂ္ဂိုလ်''မည်၏၊ ထိုအရိယာ ၈-ယောက်တို့ ဆိုက်ရောက်သော နိဗ္ဗာန်သည် ''သဥပါဒိသေသနိဗ္ဗာန်''မည်၏။
ခန္ဓပရိနိဗ္ဗာန် စံပြီး၍ ထိုပုဂ္ဂိုလ်မရှိပြီးနောက် ကွယ်လွန်လေပြီးသော ထိုပုဂ္ဂိုလ်သည် ''အနုပါဒိသေသပုဂ္ဂိုလ်'' မည်၏၊ ထိုပုဂ္ဂိုလ်ရောက်သော နိဗ္ဗာန်သည် ''အနုပါဒိသေသနိဗ္ဗာန်''မည်၏။
(လိုရင်းကား မဂ်၏ ကိလေသာတို့ကို သတ်ဖြတ်ငြိမ်းအေးမှုကို သမုစ္ဆဒနိဗ္ဗာန်ဟု ခေါ်၏)

..............ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ် သုံးမျိုး တို့နည်း
ဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု သူ 'ကာယ
သက္ခိ' ပုဂ္ဂိုလ် လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်
လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ် လည်းကောင်း တို့တည်း။....... ။ပ။..........
သာရိပုတြာ ဤအရာ၌ ''ဤပုဂ္ဂိုလ် သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံး ပုဂ္ဂိုလ်
အလွန်မြတ်သော ပုဂ္ဂိုလ်တည်း'' ဟု ဧကန်တိကျစွာ ပြောဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်း ဟူမူ)
သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်
အလို့ငှါ ကျင့်ပြီးဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက်
နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော် လည်းကောင်း၊ အနာဂါမ်သော် လည်း
ကောင်း ဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်
သည်လည်း သကဒါဂါမ်သော် လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ ထိုသို့သော
အကြောင်းသည် ရှိ၏။ ............ (တိကနိပါတ် အဂုင်္တ္ထိုရ် )

၆။ပဋိပဿဒ္ဓိနိဗ္ဗာန်။........
။ ပဋိပဿဒ္ဓိနိဗ္ဗာန်ဆိုသည်ကား အရဟတ္ထဖိုလ်တရား  ငြိမ်းအေးချမ်းသာမှုကိုခေါ်၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ကိလေသာအကုန်ငြှိမ်းအေးပြီးဖြစ်သော်လည်း ဖိုလ်သဘာဝငြိမ်းအေးမှုမျိုးတည်။
(မဂ်တရားတို့ဖြင့် ဆိုင်ရာကိလေသာတို့ကို ငြှိမ်းအေးသတ်ဖြတ်မှု သမုစ္ဆဒနိဗ္ဗာန်ပြီးသည့်နောက် နိဗ္ဗာန်ဓမ္မာရုံကို အာရုံပြုလျက် ဆက်လက်ထပ်မံ ငြိမ်းချမ်းမှုကို ဆိုလို၏။ အချို့နေရာ၌ အရဟတ္ထဖိုလ်ကိုသာမက ကြွင်းသော ဖိုလ်သုံးပါးတို့ကိုလည်း ကောက်ရ၏)
ရဟန်းတို့ ထိုငါသည်
အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မမေ့မလျော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ၊ အတုမရှိသော
ယောဂတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မမေ့မလျော့ အားထုတ်ခြင်းဖြင့် ရောက်
အပ်ပြီ။ (ဒုကနိပါတ် အဂုင်္တ္ထိုရ်)

၇။နိဿရဏနိဗ္ဗာန်။
။ နိဿရနိဗ္ဗာန်မှာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်မှု (ပရိ) နိဗ္ဗာန်တည်း။ (ခန္ဓပရိနိဗ္ဗာန်) ၀ိပါက၀ဋ်၊ (ကိလေသပရိနိဗ္ဗာန်) ကိလေသ၀ဋ်မှ ထွက်မြောက်မှု (ချုပ်ငြိမ်းမှုနိဗ္ဗာန်) ဖြစ်သည်။ ကိလေသာတို့ကို သတ်ဖြတ်မှု သမုစ္ဆေဒနိဗ္ဗာန်ကား မဂ်ကိုဆိုလို၏။ မဂ်၏ကိလေသာများကိုသတ်ဖြတ်မှုကြောင့် ကိလေသာကုန်ခြင်း ၀ဋ်မှထွက်မြောက်ခြင်းကို နိဿရနိဗ္ဗာန်ဟု ဆိုလို၏။ အမှန်မှာ နိဗ္ဗာန်နှင့်ပရိနိဗ္ဗာန်အတူတူသာ ဖြစ်သည်။ သို့သော် နားလည်လွယ်စေရန် ရဟန္တာတို့၏ စုတိခြင်း ၀ါ စုတိပြီးနောက်အခြေအနေကို ပရိနိဗ္ဗာန်စံဝင်သည်ဟု သုံးနှုန်းကြရသည်။ သူ့အဆင့်နှင့်သူ ၀ဋ်ဆင်းရဲမှ ထွက်မြောက်လျှင် ထပ်မံ၍ ထိုဝဋ်ဆင်းရဲမှ ထွက်မြောက်အောင် ထပ်လုပ်ရန်မလို။ ထို့ကြောင့် နိဿရနိဗ္ဗာန်သည် အသင်္ခတ နိရောဓသစ္စာဟု ဆိုအပ်၏ ဟူသော အမြင်လည်းရှိ၏။ သို့ရာတွင် ထပ်မံ၍ ၀ဋ်မှ ကျွတ်အောင် မလုပ်ရသော်လည်း ၀ဋ်မှ ကျွတ်အောင်လုပ်ရသည် ဟူသော အဖြစ်ကားရှိ၏။ သို့ဆိုပါလျှင် ‘အတိတ်ကာလတုန်းက ၀ဋ်မှ မကျွတ်သေး ခုမှ ၀ဋ်ကကျွတ်သည် ဟူသော ‘ကာလအားဖြင့် ခွဲမှု’ အဖြစ်လည်းရှိရာ၏။ သောတာပန်တို့၏ နိဿရဏနိဗ္ဗာန်ထက် ရဟန္တာတို့၏ နိဿရဏနိဗ္ဗာန်က ပိုသာသည်ဟူသော ‘နှိုင်းယှဉ်မှု’ လည်းရှိရာ၏။ ထိုအခါ ဓမ္မသင်္ဂဏီပါဠိတော်၌လာသော နိဗ္ဗာန်သည် ‘အတိတ်၊အနာဂါတ်၊ပစ္စပ္ပန် ကာလအခြင်းအရာမရှိ၊ အယုတ်အမြတ်’ ဟူသော အခြင်းအရာလည်းမရှိ’ ဆိုသည့် ဒေသနာတို့နှင့် ခြားနားရာ၏။ ……… သူ့နေရာနှင့်သူ နိဿရဏနိဗ္ဗာန်ကို နိရောဓသစ္စာအတွင်း သွင်းရမည်ဖြစ်သော်လည်း မုချအားဖြင့် နိဿရဏနိဗ္ဗာန်သည် (အဘိဓမ္မာနည်းအရ) နိရောဓသစ္စာဟု ရေတွက်ခြင်းသို့ မရောက်အပ်။
ရဟန်းတို့ လောက၌ ဤအားထုတ်ခြင်းနှစ်မျိုးတို့တွင်
အလုံးစုံသော ဥပဓိတို့ကို စွန့်ရာ ဖြစ်သော နိဗ္ဗာန် အလို့ငှာ အားထုတ်ခြင်းသည် အမြတ်ဆုံးပေတည်း။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာ တော်၌ ''အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန် အကျိုးငှာ
အားထုတ်ခြင်းကို အားထုတ်ကြကုန် အံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင်
ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ (ဒုကနိပါတ် အဂုင်္တ္ထိုရ်) (နိဗ္ဗာန်သည် အကျိုးတရားဖြစ်နေသည်ကို ဆင်ခြင်ပါ။ အကျိုးတရားဖြစ်သော နိဗ္ဗာန်လည်းရှိ၏၊ အကျိုးတရား မဟုတ်သော သူ့သဘာဝအတိုင်းတည်နေသော နိဗ္ဗာန်သည်လည်းရှိ၏။ နိဗ္ဗာန်အမျိုးမျိုးကို နားလည်ကြပါစေ။)

၈အာရမ္မဏနိဗ္ဗာန်။...။
‘ အရိယာ မဂ္ဂါ ဝုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခန္တိ, ဖလံ ပစ္စဝေက္ခန္တိ, နိဗ္ဗာနံ ပစ္စဝေက္ခန္တိ, နိဗ္ဗာနံ ဂေါတြဘုဿ, ဝေါဒါနဿ, မဂ္ဂဿ, ဖလဿ, အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန ပစ္စယော’ ဟူသော ပဋ္ဌာန်းပါဠိတော်နှင့်အညီ နိဗ္ဗာန်သည် လောကုတ္တရာ မဂ်ဖိုလ်စိတ်တို့အာရုံ, အရိယာတို့၏ နိဗ္ဗာန်ကိုဆင်ခြင်သော ပစ္စဝေက္ခစိတ်, သောတာပတ္တိမဂ်၏ရှေ့၌ဖြစ်သော ဂေါတြဘုစိတ်၊ အထက်မဂ်တို့၏ ရှေ့၌ ဖြစ်သော ဝေါဒါန်စိတ်၊ အာရုံကိုဆင်ခြင်သော အာဝဇ္ဇန်းစိတ် စသော လောကီစိတ်တို့၏ အာရုံဖြစ်သည်။

မကောင်းမှုကို အပပြုပြီးသော၊ ကိလေသာပရိနိဗ္ဗာန်ပြုပြီးသော၊ ကိလေသာ မရှိသဖြင့်
ငြိမ်းအေးသော၊ ကိလေသာဥပဓိမရှိသော အကြင် ရဟန္တာပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ မလိမ်းကျံ။ ထို
ရဟန္တာ ပုဂ္ဂိုလ်သည် အခါခပ်သိမ်း စင်စစ် ချမ်းသာစွာ အိပ်ရ၏၊ အလုံးစုံသော တဏှာတို့ကို ပယ်ဖြတ်၍
စိတ်နှလုံး၌ ပူလောင်ခြင်းကို ငြိမ်းအေးစေပြီး၍ ငြိမ်းအေးသော ရဟန္တာပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ စိတ်ဖြင့်
ရောက်၍ ချမ်းသာစွာ ကျိန်းစက်ရ၏ ဟု (မိန့်တော်မူ၏)။ (တိကနိပါတ် အဂုင်္တ္ထိုရ် )

၉။ခဏနိဗ္ဗာန်။.....
.။ ပရမတ်တရားတို့၏ ဘင်ခဏ၌ ချုပ်ငြိမ်းပျက်စီးခြင်းတည်း။ ခဏနိရောဓဟုလည်းဆိုသည်။ အတူတူပင်။ ယမိုက်ပါဠိတော်လာ နိရောဓသစ္စာနှင့် နိရောဓများမတူပုံကို ခွဲပြရာ၌သာ သုံးလေ့ရှိသည်။ တဏှာစသော တရားတို့၏ (အထူးသဖြင့်တဏှာ၏ချုပ်ငြိမ်းခြင်း) ချုပ်ငြိမ်းခြင်းကို အကြွင်းအကျန်မရှိ ထောင့်စေ့အောင် ဖော်ပြတော်မူလိုရကား အလိုလိုသဘာဝအတိုင်းချုပ်ငြိမ်းမှုကိုပင် ထည့်သွင်းစဉ်းစားတော်မူကြသည်။

ဤသို့ဖြင့် ချုပ်ငြိမ်းမှု နိရောဓ နိဗ္ဗာန်ကို သူ့နေရာနှင့်သူအနက်ကောက်ယူကြရာ၏။

နိရောဓသစ္စာဟူသည်။
ယမိုက်ပါဠိတော်တွင် 'နိရောဓသစ္စာ ဌပေတွာ အ၀သေသံ နိရောဓံ န နိရောဓသစ္စံ' 'နိရောဓသစ္စာ (နိရောဓသစ္စာထိုက်သော နိဗ္ဗာန်၊ နိရောဓ) ကို ထား၍ ကြွင်းသော နိရောဓ ချုပ်ငြိမ်းမှု နိဗ္ဗာန်တို့သည် ချုပ်ငြိမ်းမှုနိရောဓနိဗ္ဗာန်သာမည်၏၊ နိရောဓသစ္စာထိုက်သော နိဗ္ဗာန်မဟုတ်' ဟူ၍ မိန့်ဆိုတော်မူ၏။
သစ္စာအနက် ၁၆-ချက်တွင် နိရောဓသစ္စာအနက် ၄-ချက်ထိုက်သော ၀ါ ၄-ချက်နှင့်ပြည့်စုံသော နိရောဓ ၀ါ နိဗ္ဗာန်သည်သာလျှင် နိရောဓသစ္စာဟု အလိုရှိအပ်ကုန်၏။ (နိရောဓသစ္စာ ဟု ဆိုရာ၌ နိရောဓနှင့် သစ္စာကို ပေါင်းစပ်ထား။ သစ္စာဟူသည် အမှန်တရားဟုဆိုအပ်သလို သူ့နေရာနှင့်သူ သစ္စာကို အနက်ကောက်ကြရာသေး၏။ အရိယသစ္စာဟူသော သစ္စာ၌ပါသော နိရောဓသစ္စာ၊ အဘိဓမ္မာဒေသနာတော်လာ စတုသစ္စာ နှင့် ပုဂ္ဂအဇ္ဈာသယအလိုက်ဟောတော်မူသော သစ္စာလေးပါးခွဲနည်းတို့တွင် တူသည်လည်းရှိ၏၊ မတူသည်လည်းရှိ၏။ နည်းအစုံစုံကိုကျွမ်းကျင်လိမ္မာသော နယကောသလ္လဉာဏ် ရင့်ကျက်လာလျှင်ကား ငြင်းခုန်စရာ စိတ်ရှုတ်စရာအကြောင်းမရှိပေ)
နိရောဓသစ္စာအနက် ၄-ချက်သည်ကား-
နိဿရဏံ ၀ိဝေကဋ္ဌော, အသင်္ခတံ အမတဋ္ဌော၊
စတ္တာရော နိရောဓေဿတေ, နိရောဓဋ္ဌာတိ ၀ုစ္စရေ။
1 နိဿရဏံ- ဒုက္ခဖန်ခါ, သံသရာဝယ်, ခန္ဓာဇာတ်သိမ်း, လွတ်ငြိမ်းခြင်းအနက် သဘောသည်လည်းကောင်း
2 ၀ိဝေကဋ္ဌော- တဏှာအပေါင်း, တွယ်တာကြောင်းမှ, ကောင်းကောင်းလွတ်ကင်း, ဆိတ်ငြိမ်ခြင်း အနက်သဘောလည်းကောင်း
3 အသင်္ခတံ-အကြောင်းကြောင်းစု, တစ်ခုခုမျှ, မပြုအပ်လျှင်း, အကြောင်းကင်းသော အနက်သဘောလည်းကောင်း
4 အမတဋ္ဌော- နဂိုအနေ, အိုမသေဘဲ, စိုပြေမြဲခိုင်, တည်တံ့နိုင်သော အနက်သဘောလည်းကောင်း
နိရောဓဿ- နိရောဓသစ္စာ၏၊ ဧတေ စတ္တာရော-ဤလေးချက်သော အနက်သဘောတို့ကို၊ နိရောဓဋ္ဌာတိ-နိရောဓသစ္စာအတွက်, ရအပ်သောအနက်တို့ဟူ၍, ၀ုစ္စရေ-ဗျူပွတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင် (သဒ္ဒါနည်းကျကျ), သမိုက်အပ်ပေကုန်သတည်း။
ထို့အပြင် 'နိရောဓသစ္စာကို သစ္ဆိကိရိယာပဋိဝေဓ(မျက်မှောက်ပြုခြင်း၊ အာရုံပြုခြင်း) ဖြင့် ထိုးထွင်း၍ သိ၏။' ဟု ပဋိသမ္ဘိဒါမဂ်၌လာ၏။
နိရောဓသစ္စာကို တရားကိုယ်ကောက် အနက်ဆောင်ကြရာ၌ အဓိကအားဖြင့် ၂-ချက်ရှိ၏။

<<<<<<<<<,,၁။ နံပါတ် ၇-တွင်ပြထားသော နိဿရဏနိဗ္ဗာန်သည် နိရောဓသစ္စာ>>>>>>>>>>>>
မဂ်တရားတို့ဖြင့်ကိလေသာကို သတ်ရသည်ဖြစ်ရာ ကိလေသသေခြင်း သည် မဂ်တရားတည်းဟူသောအကြောင်းအထောက်အပံ့ရှိ၏။ သို့ရာတွင် မဂ်တရားကြောင့် သေပြီးသော ကိလေသာတို့သည် တဖန်ပြန်ဖြစ်ခြင်းအလျင်းမရှိတော့ကုန် ဥပါဒ်ဇာတိချုပ်ငြိမ်းပြီးဖြစ်လေတော့၏။

တဖန်ဆင်ခြင်ဖွယ်ရာမှာ 'ကိလေသသေခြင်း ၀ါ မဂ်ရခြင်းကြောင့် နိဗ္ဗာန်နိရောဓသစ္စာကို မြင်လေသလော'၊ 'နိရောဓသစ္စာနိဗ္ဗာန်ကို မြင်ခြင်းကြောင့် ကိလေသာသေကုန်သလော' ဟူ၍ဖြစ်သည်။ မဂ်မရသေးမှီ နိရောဓနိဗ္ဗာန်ကို မြင်သောဂေါတြဘုဖြစ်သည်။ ထို့နောက် မဂ်ဖြစ်လာသည်။ဂေါတြဘုဖြစ်လာရန် ကိလေသအကုန်ကို ၀ိပဿနာဉာဏ်ပညာဖြင့် အခါခါအခေါက်ခေါက်သတ်ထားရသည်။ သို့ရာတွင် ဆိုင်ရာကိလေသာတို့ အကြွင်းမဲ့ချုပ်မှုသည် မဂ်တရားတို့၏ တာဝန်သာဖြစ်သည်။ ထို့ကြောင့် နိဗ္ဗာန်ကိုမြင်ခြင်းကြောင့် မဂ်ဖြစ်လာည်။ ဤသည်မှာ အဘိဓမ္မာနည်းတည်း။ (အဘိဓမ္မာနည်းမှာ ထိုထိုသတ္တ၀ါတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဘုရားရှင်ဉာဏ်တော်ဖြင့် အရှိကို အရှိအတိုင်း ဟောတော်မူသောနည်းဖြစ်၏)
 'သမုဒယသစ္စာ ဌပေတွာ အ၀သေသံ သမုဒယံ န သမုဒယသစ္စံ' သမုဒယသစ္စာထိုက်သော တဏှာကို ထား၍ ကြွင်းသော (ကုသိုလ်အကုသိုလ် ဥတု အာဟာရ ၀ိပါက) တရားတို့သည် ဖြစ်စေတတ်သော သမုဒယသာဖြစ်သည် သမုဒယသစ္စာမဟုတ်ချေ။ ဤလည်း အဘိဓမ္မာနည်းတည်း။ သုတ္တန်နည်းအရ (ပညာဧတဒဂ် အရှင်သာရိပုတ္တရာ၏) ပုဂ္ဂလအဇ္ဈာသယကိုလိုက်၍ ဟောတော်မူသော သစ္စာခွဲနည်းများကို ပဋိသမ္ဘိဒါမဂ်၌ အကျယ်တွေ့နိုင်သည်။ (ပဋိသမ္ဘိဒါမဂ်ပါ နည်းသည် အဇ္ဈာသယအလိုက်ဟောတော်မူသော သုတ္တန်နည်းဖြစ်သော်လည်း အလုံးစုံသောသတ္တ၀ါတို့ကြိုက်ရန်ရည်ရွယ်သည်မဟုတ် အဘိဓမ္မာနည်း၌ကျက်စားနိုင်သော နည်းအစုံစုံ၌လိမ္မာပေထသော ခက်ခဲနက်နဲသောနည်းတို့၌ နှစ်သက်ပေထသော ပညာရှိတို့၏ အဇ္ဈာသယအကြိုက်အတိုင်း ပညာဧတဒဂ်အရှင်သာရိပုတ္တရာ စီရင်တော်မူခဲ့သော ဒေသနာတည်း)
၁၆။ ဇရာမရဏသည် ဒုက္ခသစ္စာတည်း။ ဇာတိသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်
မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဇာတိသည်
ဒုက္ခ သစ္စာတည်း။ ဘဝသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာ
တည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဘဝသည် ဒုက္ခသစ္စာတည်း။ ဥပါဒါန်သည်
သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍
သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဥပါဒါန်သည် ဒုက္ခသစ္စာတည်း။ တဏှာသည် သမုဒယသစ္စာတည်း။
နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာ
တည်း။ တဏှာသည် ဒုက္ခသစ္စာတည်း။ ဝေဒနာသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်
မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဝေဒနာသည်
ဒုက္ခသစ္စာတည်း။ ဖဿသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာ
တည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဖဿသည် ဒုက္ခသစ္စာတည်း။ သဠာယတနသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို
ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ သဠာယတနသည် ဒုက္ခသစ္စာတည်း။ နာမ်ရုပ်သည် သမုဒယသစ္စာ
တည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည်
မဂ္ဂသစ္စာတည်း။ နာမ်ရုပ်သည် ဒုက္ခသစ္စာတည်း။ ဝိညာဉ်သည် သမုဒယသစ္စာ တည်း။ နှစ်ပါးလုံးတို့၏
ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ ဝိညာဉ်
သည် ဒုက္ခသစ္စာတည်း။ သင်္ခါရတို့သည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည်
နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။ သင်္ခါရ တို့သည် ဒုက္ခသစ္စာ
တည်း။ အဝိဇ္ဇာသည် သမုဒယသစ္စာတည်း။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။
နိရောဓ ကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။
ဇရာမရဏသည် ရံခါ ဒုက္ခသစ္စာ၊ ရံခါ သမုဒယသစ္စာ ဖြစ်ရာ၏။ နှစ်ပါးလုံး တို့၏လည်း
ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။
ဇာတိသည် ရံခါ ဒုက္ခသစ္စာ၊ ရံခါ သမုဒယသစ္စာ ဖြစ်ရာ၏။ပ။ ဘဝသည် ရံခါ ဒုက္ခသစ္စာ၊ ရံခါ
သမုဒယသစ္စာ ဖြစ်ရာ၏။ နှစ်ပါးလုံးတို့၏ ထွက်မြောက်ရာသည် နိရောဓသစ္စာတည်း။ နိရောဓကို
ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာတည်း။

****ဤပဋိသမ္ဘိဒါမဂ် ယုဂနဒ္ဓ၀ဂ်၌လာသော သုတ္တန်နည်းအရ သစ္စာခွဲနည်းမှာ အခြားဒေသနာတို့အရလာသော အရိယသစ္စာလေးပါး ခွဲနည်းမဟုတ်ကုန်။ သစ္စာကို နည်းမျိုးစုံတို့နှင့် ဝေဖန်တော်မူထားကြောင်း အောက်ပါအတိုင်းသိနိုင်၏။
၁၅။ သစ္စန္တိ ကတိဟာကာရေဟိ သစ္စံ? ဧသနဋ္ဌေန, ပရိဂ္ဂဟဋ္ဌေန, ပဋိဝေဓဋ္ဌေန။၁၅။ သစ္စာဟူသည် အခြင်းအရာ အဘယ်မျှတို့ဖြင့် သစ္စာမည်သနည်း။
 (အကြောင်းတရားကို) ရှာခြင်းသဘော၊
 (အကြောင်းတရားကို သိပြီဖြစ်၍) သိမ်းဆည်းခြင်းသဘော၊
 (အကြောင်းအကျိုးသဘောပေါက်ပြီး အရိယသစ္စာလေးပါးကို) ထိုးထွင်း၍သိခြင်းသဘောအားဖြင့် သစ္စာမည်၏။ ...................
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၏ ဤနေရာ၌ နားလည်ရန်မှာ (သာ)
1.    အကြင် လောကီတရားသည် အကျိုးဖြစ်လတ္တံ့ ထိုအကျိုးကို ဒုက္ခသစ္စာဟူ၍  ဆိုအပ်ပြီ၊
2.    အကြင် လောကီတရားသည် အကြောင်းဖြစ်လတ္တံ့ ထိုအကြောင်းကို (***အဘိဓမ္မာတွင် သမုဒယ နှင့် သမုဒယသစ္စာဟူ၍ ခွဲပြီးသုံးတော်မူသော်လည်း) သမုဒယသစ္စာဟူ၍ ဟော်တော်မူအပ်ပြီ။
3.    အကြင်  အကြောင်းအကျိုးနှစ်ပါးကုန်သော လောကီတရားတို့၏ (အကြောင်းတရားတို့ကို ပယ်သတ်လိုက်ခြင်းကြောင့်) အစုံလိုက် မဖြစ်လာတော့မှုသည် နိရောဓသစ္စာဟူ၍ ဆိုအပ်ပြီ။ (ဤနေရာ၌ နိဗ္ဗာန်ခြောက်ပါးကို သတိရသင့်၏။ စက္ခုဝိညာဏ်စိတ်၌ တဏှာမဖြစ်မှု ၀ါချုပ်ငြိမ်းမှု သည် နိဗ္ဗာန်တည်း . . . ။ပ။ ဓမ္မာရုံတို့၌ မနောဝိညာဏ်စိတ်တွင် တဏှာမဖြစ်မှု ၀ါ ချုပ်ငြိမ်းမှုသည် နိဗ္ဗာန်တည်း။ တဏှာချုပ်ငြိမ်းမှု တစ်ပါးတည်းသည် နိဗ္ဗာန်ဖြစ်သော်လည်း ဌာနအလိုက်ခွဲဝေကာ နိဗ္ဗာန်ကို ခြောက်မျိုး ခွဲတော်မူသောအခါလည်းရှိ၏။ ထိုထိုအကြောင်းအကျိုး၂ပါးအလိုက် ထွက်မြောက်ရာသည် နိရောဓသစ္စာတည်းဟု မိန့်တော်မူနေသော်လည်း နိရောဓသစ္စာ အမျိုးမျိုးရှိနေသည်ဟု ဆိုလိုသည်မဟုတ်။ ဤ၌ နှစ်ပါးအစုံမှထွက်မြောက်ရာဟူသည် အ၀ိဇ္ဇာနှင့် သင်္ခါရ၊ သင်္ခါရနှင့် ၀ိညာဏ စသည်ဖြင့် ကွက်ကွက်ကလေးသာ ယူရမည်မဟုတ်၊ ဒုက္ခ၊ သမုဒယ ဖြစ်သော လောကီအကြောင်းအကျိုးမှ ထွက်မြောက်ရာကို ဆိုလိုသတည်း။ နိဿရဏနိဗ္ဗာန်ကိုလည်းကောင်း ၊ အာရမ္မဏနိဗ္ဗာန်ကိုလည်းကောင်း အလိုရှိအပ်၏။
4.    ထို နိရောဓကို  (နိရောသစ္စာဟူ၍မသုံးတော့) ခွဲခြား၍သိခြင်းသည် မဂ္ဂသစ္စာ ဟူ၍ ဆိုအပ်ပြီ။ (ဤပဋိသမ္ဘိဒါမဂ် ယုဂနဒ္ဓ၀ဂ် ဒုတိယသုတ္တန်၌သာ)


ဇရာမရဏတို့သည် ဒုက္ခသစ္စာတည်းဟု ဆိုရာ၌ ဇရာမရဏတို့သည် ပရမတ်တရားတို့၏ အိုခြင်း ဌီလော? ပျက်ခြင်း ဘင်လော?ဟု စူးစမ်းသင့်၏။ ဇာတိဇရာမရဏတို့သည် ဤပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ပရမတ်တရားတို့၏ အိုခြင်းပျက်ခြင်းကိုသာ ဆိုလိုသည်မဟုတ်ကုန်။ အောက်ပါ ဒေသနာအရသိနိုင်၏။
ဇရာမရဏ၏ ဖြစ်ခြင်း 'ဥပါဒ်' လက္ခဏာသည် ပျက်ခြင်း 'ဘင်'လက္ခဏာမှ
လည်းကောင်း၊ တမျိုးတစ်ဖုံဖြစ်တည်ခြင်း 'ဌီ' လက္ခဏာမှ လည်းကောင်း ဆိတ်သုဉ်း၏။ ဇရာမရဏ၏
ပျက်ခြင်း 'ဘင်'လက္ခဏာသည် ဖြစ်ခြင်း 'ဥပါဒ်'လက္ခဏာမှ လည်းကောင်း၊ တမျိုးတစ်ဖုံ ဖြစ်တည်ခြင်း
'ဌီ'လက္ခဏာမှ လည်းကောင်း ဆိတ်သုဉ်း၏။ ဇရာမရဏ၏ တမျိုးတစ်ဖုံ ဖြစ်တည်ခြင်း 'ဌီ'
လက္ခဏာသည် ဖြစ်ခြင်း 'ဥပါဒ်' လက္ခဏာမှ လည်းကောင်း၊ ပျက်ခြင်း 'ဘင်'လက္ခဏာမှ လည်းကောင်း
ဆိတ်သုဉ်း၏။ ဤကား လက္ခဏာတို့မှ ဆိတ်သုဉ်းခြင်းတည်း။
အတိတ်၊ အနာဂတ်၊ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏသည် ကုန်ခြင်းသဘောအားဖြင့် အနိစ္စတည်း။ ကြောက်မက်ဖွယ်သဘောအားဖြင့် ဒုက္ခတည်း။

ထိုအခါ၌ ဇရာမရဏတို့ကို ကောက်ချက်ချရာ၌ နည်း ၂-နည်းရှိ၏။

ပထမနည်းမှာ - ဥပါဒ်၊ဌီ၊ဘင် တို့နှင့်ပြည့်စုံသော အလုံးစုံသော လောကီတရားများနှင့် လောကုတ္တရာတရား ၈-ပါးတို့ကို ဇာတိ၊ ဇရာ၊မရဏဟူသော ရေတွက်ခြင်းသို့ သွင်းအပ်၏။ သို့ရာတွင် လောကုတ္တရာမဂ်ဖိုလ်တို့၏ ဇရာမရဏကို ဒုက္ခသစ္စာအတွင်းသို့ထည့်သွင်းရေတွက်ခြင်း မပြုအပ်ကြောင်း အောက်ပါဒေသနာတို့အရသိနိုင်၏။

လောကုတ္တရာကုသိုလ်စိတ်၌ ပဋိစ္စသမုပ္ပါဒ် လှည့်နည်း (အဘိဓမ္မာ ပဋိစ္စသမုပ္ပါဒ၀ိဘင်းကျမ်း)
၁ - ပစ္စယစတုက္ကနည်း
၃ဝ၄။ အဘယ်တရားတို့သည် ကုသိုလ် မည်ကုန်သနည်း။
အကြင်အခါ၌ ဝဋ်ဆင်းရဲမှ လွတ်မြောက်တတ်သော၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော
သက္ကာယဒိဋ္ဌိ စသော တရားတို့ကို ပယ်ရန်၊ ပဌမဘုံ (သောတာပန်အဆင့်) သို့ ရောက်ရန် လောကုတ္တရာ
ဈာန်တရား ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော,
နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။
(၁) ထိုအခါ၌ ကုသိုလ်မူလဟူသော အကြောင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ' သည် ဖြစ်၏။
(၂) ပြုစီရင်မှု 'သင်္ခါရ'ဟူသော အကြောင်းကြောင့် သိမှု 'ဝိညာဏ်' သည် ဖြစ်၏။
(၃) သိမှု 'ဝိညာဏ်'ဟူသော အကြောင်းကြောင့် နာမ်သည် ဖြစ်၏။
(၄) နာမ်ဟူသော အကြောင်းကြောင့် ခြောက်ခုမြောက် 'မနာယတန' သည် ဖြစ်၏။
(၅) ခြောက်ခုမြောက် 'မနာယတန'ဟူသော အကြောင်းကြောင့် တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။
(၆) တွေ့ထိမှု 'ဖဿ'ဟူသော အကြောင်းကြောင့် ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏။
(၇) ခံစားမှု 'ဝေဒနာ'ဟူသော အကြောင်းကြောင့် ကြည်လင်မှု 'သဒ္ဓါ' သည် ဖြစ်၏။
(၈) ကြည်လင်မှု 'သဒ္ဓါ'ဟူသော အကြောင်းကြောင့် ဆုံးဖြတ်မှု 'အဓိမောက္ခ' သည် ဖြစ်၏။
(၉) ဆုံးဖြတ်မှု 'အဓိမောက္ခ'ဟူသော အကြောင်းကြောင့် ဘဝသည် ဖြစ်၏။
(၁ဝ) ဘဝဟူသော အကြောင်းကြောင့် ဇာတိသည် ဖြစ်၏။
(၁၁) ဇာတိဟူသော အကြောင်းကြောင့်-
(၁၂) အိုခြင်း သေခြင်း 'ဇရာမရဏ'သည် ဖြစ်၏။ ****ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဤတရားတို့၏ ထင်ရှားဖြစ်ပေါ်မှုသည် ဖြစ်၏။ (‘‘ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီ’’ ဟူ၍ လောကီအခြေအနေများကဲ့သို့ မဟုတ်ပဲ 'ဧဝမေတေသံ ဓမ္မာနံ သမုဒယော ဟောတိ' ဟု ဆိုတော်မူ၏။အဘယ်အချက်၌ လောကုတ္တရာစိတ်ဖြစ်၏ဟု မုချ ဆိုရန်မလွယ်၊နည်းအစုံစုံဖြင့် ဆိုနိုင်၏။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့သည် တစ်ခုပြီးမှတစ်ခု ဖြစ်သည်ဟု မုချအားဖြင့်မဆိုရ။ ပဋိစ္စသမုပ္ပါဒ၀ိဘင်းအဋ္ဌကထာ၌ ပစ္စယ ကျေးဇူးပြုပုံကို ပဋ္ဌာန်းပါဠိတော်လာ ဟေတုနည်း အာရမ္မဏနည်း သဟဇာတနည်း အ၀ိဂတနည်း စသည်စသည်ဖြင့် ပြဆိုတော်မူထားသောကြောင့်တည်း။ ထို့အပြင် ထိုအဋ္ဌကထာလာ ပစ္စည်း ပစ္စယုပ္ပန်နည်းတို့ဖြင့် ပဋိစ္စသမုပ္ပါဒ်ကိုနားလည်ရာ၌ ပြည့်စုံပြီဟု မဆိုအပ်သေး အရှင်ဗုဒ္ဓဃောသ မိန့်ခဲ့သလို ကုန်စင်အောင် ပဋိစ္စသမုပ္ပါဒ်၌ သိဖွယ်မရှိ။ ပဋိစ္စသမုပ္ပါဒ်ကို အသာထား၍ အင်္ဂါလေးခုသာရှိသော စတုသစ္စနည်း၌ပင် ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည် ကုန်စင်အောင် သိမြင်ငှာ မစွမ်းနိုင်ကြကုန်)

အဘိဓမ္မာ ယမိုက်ကျမ်း သစ္စယမိုက်တွင်လည်း 'အရူပေ မဂ္ဂဿ စ ဖလဿ စ ဥပ္ပါဒက္ခဏေ တေသံ တတ္ထ သမုဒယသစ္စဉ္စ နုပ္ပဇ္ဇတိ ဒုက္ခသစ္စဉ္စ နုပ္ပဇ္ဇတိ။' 
'အရူပဘုံ၌ မဂ်အခိုက် ဖိုလ်ဝင်စားအခိုက်တို့တွင် သမုဒယသစ္စာသည်လည်းမဖြစ် ဒုက္ခသစ္စာသည်လည်းမဖြစ်' ဟု မိန့်ဆိုတော်မူ၏။ ပဉ္စဝေါကာရဘုံတို့၌ကား မဂ်ဖိုလ်တို့က သမုဒယသစ္စာဒုက္ခသစ္စာမဟုတ်သော်လည်း မဂ်ဖိုလ်တို့ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့ကား ဒုက္ခသစ္စာတည်း။

ဒုတိယနည်းမှာ - (က) သင်္ဂြီုလ်ဘာသာဋီကာ 'ရူပသမုဋ္ဌာန' ၌ဤသို့ ဆိုထား၏။
သုတ္တန်ပါဠိတော်များ၌ 'ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ' ဟု ဟောတော်မူချက်ရှိသေး၏။ ဇရာမရဏံ-ဇရာမရဏသည်၊ အနိစ္စံ-မမြဲ၊ သင်္ခတံ-အကြောင်းတရားတို့ကပြုစီမံအပ်၏၊ ပဋိစ္စသမုပ္ပန္နံ-အကြောင်းတရားကို စွဲ၍ ဖြစ်၏။ ဤပါဠိတော်၌ ဇရာမရဏသည် မုချအားဖြင့် သင်္ခတ ပဋိစ္စသမုပ္ပန္န မဟုတ်သော်လည်း (ပရမတ်အားဖြင့် စိတ်စေတသိက်ရုပ်တို့ကဲ့သို့ တရားကိုယ်မရသော်လည်း) သင်္ခတ ပဋိစ္စသမုပ္ပန္နအစစ်ဖြစ်သော ရုပ်ကလာပ်တို့၏ ရင့်ခြင်း ဇရာ ပျက်ခြင်း မရဏဖြစ်သောကြောင့် စက္ခုဒသကစသော ရုပ်ကလာပ်တို့၏ သင်္ခတအမည် ပဋိစ္စသမုပ္ပန္နအမည်ကို ဇရာ မရဏပေါ်၌ တင်၍ ဌာနူပစာရအားဖြင့် ဇရာမရဏတို့သည်လည် သင်္ခတ ပဋိစ္စသမုပ္ပန္န အမည်ရကြသည်။
(ခ) ၀ိဘင်္ဂမူလဋီကာ ပဋိစ္စသမုပ္ပါဒ၀ိဘင်း သမ္မောဟ၀ိနောဒနီဘာသာဋီကာ တွင် ဤသို့ဆိုထား၏။
'ဤသို့ (ဇာတိဇရာမရဏတို့က) သဘာဝဓမ္မမဟုတ်ကြလျှင် 'ဘ၀ပစ္စယာ ဇာတိ, ဇာတိပစ္စာယ ဇရာမရဏံ' ဟု အဘယ်ကြောင့် ဟောတော်မူသေးသနည်း။ လုံးလုံး မဟောဘဲ, ထားသင့်သည်မဟုတ်လော' ဟု မေးဖွယ်ရှိသောကြောင့် 'ဇာယမာနာနံ ပန' စသည်ကိုမိန့်သည်။ ဖြစ်ဆဲတရားတို့၏ ဇာတိ, ဖြစ်ပြီးသောတရားတို့၏ ဇရာမရဏ ဖြစ်သောကြောင့် 'ဘ၀ပစ္စယာ ဇာတိ ။ပေ။ မရဏံ' ဟု ဟောတော်မူရပါသည်။ လုံးလုံး မဟောဘဲထားလို့ မဖြစ်နိုင်ပါ - ဟူလို။' ဟူ၍ ဖြစ်၏ အကျယ်ကိုမူ ၄င်းဘာသာဋီကာ၌ရှုပါ။

(နိဗ္ဗာန်အဖွင့်ကနေ သစ္စာကိုရောက် သစ္စာကနေ ပဋိစ္စသမုပ္ပါဒ်ကို ရောက်ပြန်ပြီ။ ပညာဧတဒဂ်အရှင်သာရိပုတ္တရာစီရင်ခဲ့သည့်အားလျော်စွာ ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ လေ့လာဖွယ်တွေအများကြီးကျန်သေးတယ်။ ဒါပေမဲ့ ယုဂနဒ္ဓ၀ဂ် ဒုတိယသုတ္တန်ကိုပဲ ဆင်ခြင်ကြမယ်လို့ အရင်ကပြောခဲ့သလို ခုဆင်ခြင်ပြပြီးပါပြီနော်။ ကျန်တာထားလိုက်ပြီး နိဗ္ဗာန်ဘက် ပြန်ဆက်တော့မယ်)

<<<<<<<<<,,၂။ နံပါတ် ၈-တွင်ပြထားသော အာရမ္မဏနိဗ္ဗာန်သည် နိရောဓသစ္စာ>>>>>>>>>>>>
ဇာတိ၊ဇရာ၊မရဏ၊အနိစ္စ၊ဒုက္ခ၊အနတ္တ တို့သည် ပရမတ်တရားတို့၏ ဂုဏ်၊ ပရမတ်တရားတို့၏ သမညလက္ခဏာသာတည်း၊ မရှိမဟုတ်အရှိဖြစ်သော်လည်း ပရမတ်အားဖြင့်သီးခြားတရားကိုယ်မရကြ။ တရားကိုယ်မရသောကြောင့် ဓမ္မာရုံ ၆-ပါး စရင်းမ၀င်၊ ဓမ္မာရုံတို့၏ လက္ခဏာ စရင်းသာ ၀င်ကြသည်။ ကံ၏ အစွမ်းသည်တကယ်ရှိသော်လည်း ပရမတ္ထဟု ရေတွက်ခြင်းသို့မရောက်။ ပရမတ်မဟုတ်လျှင် ပညတ်၊ ပညတ်မဟုတ်လျှင် ပရမတ်ဖြစ်ရမည်ဟူသော သာမန်အသိဖြင့် အဘိဓမ္မာဒေသနာကို နားလည်လိမ့်မည်မဟုတ်။ နိဿရနိဗ္ဗာန် ခေါ် ၀ဋ်တို့၏ ချုပ်ငြိမ်းမှုသည် ချုပ်ငြိမ်းမှုလက္ခဏာသာတည်း၊ မရှိမဟုတ်အရှိဖြစ်သော်လည်း ပရမတ်အားဖြင့် သီးခြားတရားကိုယ်မရသင့်။ ပရမတ်အားဖြင့်သီးခြားတရားကိုယ်မရသော နိဿရဏနိဗ္ဗာန်သည် မုချဒေသနာအားဖြင့် အာရမ္မဏနိဗ္ဗာန် မဖြစ်နိုင်။ သူ့နေရာနှင့်သူ နိဿရဏနိဗ္ဗာန်သည် နိရောဓသစ္စာဖြစ်သော်လည်း နိဗ္ဗာန်ဓမ္မာရုံသည်သာ အဘိဓမ္မာ၌ နိရောဓသစ္စာ ပရမတ် တရားဖြစ်ရပေမည်။ ထို နိရောသစ္စာစစ်စစ် နိဗ္ဗာန်သည် အကျိုးတရားမဟုတ်၊ အကြောင်းတရားသာဖြစ်သည်။ အကျိုးအကြောင်းမှ နိဗ္ဗာန်သည်ကင်းလွတ်၏ ဆိုသူများအနေဖြင့် အကျိုးကြောင်းမှ ကင်းလွတ်သည်ဟု မြတ်စွာဘုရားမိန့်တော်မူချက် ရှိပါက ပြရန်၊ မရှိလျှင် အေးဆေးနေပါ။


သန္တိလက္ခဏံ အစ္စုတ-ရသံ နိဗ္ဗာနအမတံ၊
အနိမိတ္တဥပဋ္ဌာနံ, ပဒဋ္ဌာနံ န လဗ္ဘတိ။
နိဗ္ဗာနအမတံ- သေခြင်းကင်းသော အမြိုက် နိရောဓသစ္စာနိဗ္ဗာန်အာရုံသည်၊ သန္တိလက္ခဏံ-ငြိမ်သက်အေးငြိမ်းခြင်း လက္ခဏာရှိ၏၊ အစ္စုတရသံ- ပင်ကိုသဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသရှိ၏၊ အနိမိတ္တဥပဋ္ဌာနံ- အထည်ကိုယ်ဟန် ပုံသဏ္ဌာန် မရှိသောတရားဟု ဉာဏ်အားထင်လာ၏၊ ပဒဋ္ဌာနံ-နီးကပ်စွာသော အကြောင်းကို၊ န လဗ္ဘတိ-မရအပ်။

နိဗ္ဗာန်၏ ဂုဏ်တော်တချို့ ( မြတ်စွာဘုရား၏ ဂုဏ်တော်ကို ဆင်ခြင်ရာ၌ ဘုရားရှင်လိုဘုရား၏ဂုဏ်ကို သေချာသိမှ ကုသိုလ်ရသည်ဟုဆိုလျှင် ရယ်ဖွယ်သာဖြစ်၏။ မိမိတို့ဉာဏ်အားလျော်စွာ ဘုရားရှင်၏ ဂုဏ်ကိုကြည်ညိုနိုင်ကြသလို ထူးသော ကုသိုလ်ကိုဖြစ်စေ၏။ ထို့အတူ နိဗ္ဗာန်၏ ဂုဏ်ကို ပုထုဇဉ်တို့ဆင်ခြင်လျှင် ပညတ်သဘောသာဖြစ်မည် အစစ်ဟုတ်မည်မဟုတ်ဟု ဆိုလျှင် ရယ်ဖွယ်သာဖြစ်၏။ မြတ်စွာဘုရားဘုရား၏ ဂုဏ်နှင့်ပြည့်စုံသော အဖြစ်ကို ကိုယ်တိုင်မခံစားနိုင်သော်လည်း မြတ်စွာဘုရား၏ ဂုဏ်အစစ်များကို ဉာဏ်မှီသလောက် ပူဇော်နိုင်သည်သာတည်း။)

နိဗ္ဗာန်ဟူသော ဝေါဟာရ၏ ပိဋကတ်တော်လာ အသုံးအနှုန်း တရားကိုယ် အနက်ကောက်ကို သူ့နေရာနှင့် သူ နားလည်နိုင်ကြပါစေ။ ထို့မှတပါး အခါသင့်ရင်တော့ဖြင့် ဥပသမာနုဿတိုကို ပွားများနိုင်ကြပါစေ။
အနုဿတိဆယ်ပါးတွင် သဗ္ဗဒုက္ခူပသမဘူတဿ-အလုံးစုံသောဆင်းရဲတို့၏ ငြိမ်းအေးရာဖြစ်၍ ဖြစ်သော၊ နိဗ္ဗာနဿ-နိဗ္ဗာန်၏၊ ဂုဏာနုဿရဏံ-ဂုဏ်ကို အဖန်ဖန် အမှတ်ရခြင်းသတိသည်၊ ဥပသမာနုဿတိ- ဥပသမာနုဿတိမည်၏။

နိဗ္ဗာန်ဟူသည်ကိုကား ကိုယ်တိုင်ဆိုင်ရာနိဗ္ဗာန်အသီးသီး ကို မုချသိလေမှ ဘာဝနာမယဉာဏ်ဖြင့် သိခြင်းဖြစ်ရာ၏။ သို့သော် ပုထုဇဉ်တို့သည်လည်း နိဗ္ဗာန်၏ ဂုဏ်နှင့် သဘောသဘာဝကိုသိနိုင်၏။ အရိယာဖြစ်တိုင်းလည်း နိဗ္ဗာန်၏ ဂုဏ်ကို ဉာဏ်ရှိသလိုသာသိနိုင်၏။ ဥပမာအားဖြင့် သာမာန်သောတာပန်သည် နိဗ္ဗာန်ကို သိ၏၊ ဘုရားရှင်လည်းထို့အတူသာ သိ၏၊ သို့သော် ဘုရားရှင်သည် နိဗ္ဗာန်၏ ဂုဏ်နှင့် သဘောသဘာဝကို အစွမ်းကုန်သိလေ၏။ ဘုရားရှင်၏ ဂုဏ်တော်ကို သေးစိတ်ဘုရားရှင်သာ သိတော်မူလိမ့်မည်။ သို့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားဂုဏ်တော်ပွားများမှုသည် ပညတ်သာ ဖြစ်သည်အမှန်မဟုတ်နိုင် ၊ အမှန်မဟုတ်နိုင်သော ဂုဏ်တို့၌ ပွားများခြင်းသည် အချည်းအနှီးတည်း ဟု မဆိုအပ်။ မြတ်စွာဘုရားရှင်သည်ပင် ဘုရားရှင်၏ ဂုဏ်ကို ပွားများရန်ညွှန်ကြားတော်မူခဲ့သည် မဟုတ်ပါလော။ ဘုရားရှင်၏ ဂုဏ်ကို ပွားများခြင်းဖြင့် ဘုရားအစစ်နှင့်အတု ကွဲပြားသိရုံသာမက ရေတွက်ရန်မဖြစ်နိုင်သော အကျိုးကျေးဇူးများစွာရလေ၏။ နိဗ္ဗာန်၏ ဂုဏ်ကို ဆင်ခြင်ခြင်းဖြင့် နိဗ္ဗာန် အစစ်နှင့်အတု ကွဲပြားသိရုံသာမက ရေတွက်ရန်မဖြစ်နိုင်သော အကျိုးကျေးဇူးများစွာရပေလိမ့်မည်မှာ ဂုဏ်တော်ကို ပွားများသူတို့သာ သိနိုင်သောကိစ္စဖြစ်ပေသည်။

ခယဂုဏ်တော်။.......။ ထိုနိဗ္ဗာနဓာတ် တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အပါယ်သို့ကျစေတတ်သော ရာဂစသော ဆိုင်ရာကိလေသာတို့ သည်လည်းကောင်း, ၇-ဘ၀နောက် ရရှိမည့် ရုပ်နာမ်ဒုက္ခတို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ဒုက္ခ သမုဒယတို့ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသတို့၏လည်းကောင်း, ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်း ခယဂုဏ်နှင့် ပြည့်စုံပါသည်။
ဝိရာဂဂုဏ်တော်။.....။ တပ်မက်ခြင်းသဘောကို ပါဠိလို ရာဂ ဟု ခေါ်၏၊ ထိုရာဂသည် ရုပ်နာမ်ခန္ဓာတို့အပေါ်၌လည်းကောင်း ခန္ဓာနှင့် စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း။ သန္တိသဘောရှိသော ထိုနိဗ္ဗာန်သည် ရာဂနှင့် လုံးလုံးမစပ်ရတော့ကား ၀ိရာဂ ရာဂမရှိ ရာဂဖြင့်မကပ်နိုင် ဟူသော ဂုဏ်နှင့် ပြည့်စုံပါသည်။
အမတဂုဏ်တော်။....။ နိဗ္ဗာန်သည် ဖြစ်ခြင်းပျက်ခြင်း ပြောင်းလဲခြင်းမရှိရကား သေခြင်းကင်းသော အမတဂုဏ်နှင့် ပြည့်စုံပါ၏။
ပဏီတဂုဏ်တော်။...။ နိဗ္ဗာန်သည် ကိုယ်တိုင်၌ ဖြစ်ခြင်းပျက်ခြင်းမရှိသလို ဆင်းရဲကြောင်း သမုဒယ ဆင်းရဲခြင်း ဒုက္ခ​တို့မှ ကင်းလွတ်သော တရားဖြစ်ရကား မွန်မြတ်သောကြောင့် ပဏီတဂုဏ်နှင့်ပြည့်စုံပါသည်။
သမံ နတ္ထိ။.............။ နာလျှင်ချမ်းသာ ကျင့်လျှင်ချမ်းသာ ကျင့်ဆဲချမ်းသာဟူသော ပရိယတ် ပဋိပတ်တရား၊ ကိလေသာကို သူ့နည်းသူ့ဟန်ဖြင့် ဖယ်ခွာသော ဈာန်တရား၊ ဆိုင်ရာကိလေသာကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်သော မဂ်တရား၊ ငြိမ်းအေးချမ်းသာသော ဖိုလ်တရားတို့သည် ဆိုင်ရာအကျိုးအမျိုးမျိုး ပေးနိုင်ကြသော်လည်း နိဗ္ဗာန်နှင့် တန်းတူသောတရား တစ်ပါးမျှ မရှိချေ။
ဒိဋ္ဌဓမ္မိကနိဗ္ဗာန။.......။ ဖိုလ်စိတ်တို့အခိုက် နိဗ္ဗာန်ကို မျက်မှောက်ချမ်းသာစွာ အာရုံပြုနိုင်သောကြောင့် ဒိဋ္ဌဓမ္မိကနိဗ္ဗာန ဟုခေါ်၏။ ၀ိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို ဥပါဒိ ဟုခေါ်၏၊ ထို ဥပါဒိ ရှိစဉ်အခါ၌ အာရုံပြုရသောကြောင့်  'သဥပါဒိသေသ နိဗ္ဗာန်' ဟု လည် ခေါ်သည်။
သမ္ပရာယိကနိဗ္ဗာန်။..။ နိဗ္ဗာန်ကို တစ်ကြိမ်မြင်ဖူးသည့်အစွမ်းသည် သေလွန်ပြီးသည်နောက်၌လည်း အစမှတဖန်ပြန်ကျင့်ရရိုးမရှိ၊ ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်စံလွန်သွားလျှင် ဥပါဒိများပါတစ်ဖန်ပြန်ဖြစ်ရိုးမရှိ မီးငြိမ်းသွားသည့်ပမာ ဒုက္ခတရားတို့ ချုပ်ငြိမ်းသွားသည့် သဘောရှိလေသည်။
မဒနိမ္မဒန။..............။ မူးရစ်တတ်, မူးရစ်စေတတ်သော ရာဂ မာန ဟူသော အမူးအရူးတရားတို့၏ မကပ်မငြိနိုင်ဘဲ ပျက်သုဉ်းကုန်ဆုံးရာ နိဗ္ဗာန်။
ဝဋ္ဋုပစ္ဆေဒ။.............။ တေဘူမက၀ဋ်ဒုက္ခတို့ ပြတ်စဲရာနိဗ္ဗာန်။
ပါရ။.....................။ သံသရာတစ်ဖက်ကမ်း ဖြစ်သော နိဗ္ဗာန်။
ရဟန်းတို့ စင်စစ် ထိုရဟန်းသည် နိဗ္ဗာန်ကို ဆင်းရဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို
'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် မရှိ။ မဂ်နှင့်လျော်သော အလို
'အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်
အကြောင်းသည် မရှိ။ (မိမိ အခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်
ကို သော်လည်းကောင်း၊ သကဒါ ဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊
အရဟတ္တဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် မရှိ။ (၇)
ရဟန်းတို့ စင်စစ် ထိုရဟန်းသည် နိဗ္ဗာန်ကို ချမ်းသာ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို
'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သော အလို 'အနုလောမ
ဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်းသည် ရှိ၏။
(မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော်လည်းကောင်း၊
သကဒါဂါမိဖိုလ်ကို သော်လည်းကောင်း၊ အနာဂါမိဖိုလ်ကို သော်လည်းကောင်း၊ အရဟတ္တဖိုလ်ကို
သော်လည်း ကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် ရှိ၏။ (၈)

အရှင်တေဇောဘာသကလည်း နိဗ္ဗာန်ဟူသည်ကို ဤသို့ရှင်းပြတော်မူပါသည်

Ashin Tayzawbarthaposted toဝိဘဇ္ဇ ဝါဒီ
August 28
"ဒွိဟသံသယ ပုစ္ဆာ များကို ဖြေဆို ခြင်း"
ညီတော် ဝိဘဇ္ဇဝါဒီသည် လယ်တီဆရာ
တော် မိန့်ကြားသည့် နိဿဏ နိဗ္ဗာန်
ကိုရည်ရွယ်၍ မဂ်ဖြင့် ပယ်လိုက်သော
ကိလေသာ တို့၏ လုံးဝချုပ်ငြိမ်းမှု တဖန်
မဖြစ်မူတဲ့ဘုရား။ ဒွိဟသံသယ ပုစ္ဆာ
သည် ဤအရှင်ထံရောက်ရှိလာ၏။
ဝိသဇ္ဇနာ ။ ။ အထက်ပါဒွိဟသံသယ
ပုစ္ဆာ ကို လယ်တီဆရာ တော်ရေးသား
သည့် နိဗ္ဗာနဒီပနီကို မှီငြမ်းပြု၍ ဖြေဆို
ပေအံ့။
နိဗ္ဗာန် သည်-
၁။မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်
၂။သမ္မုတိနိဗ္ဗာန်
၃။တဒင်္ဂနိဗ္ဗာန်
၎။ဝိက္ခမ္ဘနနိဗ္ဗာန်
၅။သမုစ္ဆေဒနိဗ္ဗာန်
၆။ပဋိပဿဒ္ဓိနိဗ္ဗာန်
၇။နိဿရနိဗ္ဗာန်ဟူ၍
အကျဉ်းအားဖြင့်(၇)ပါးအပြားရှိ၏။
ရှင်းဦးအံ့။
မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်။ ။မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်ဆိုသည်
ကား သာသနာ တော်မှအပ ဖြစ်ကုန်
သော မိစ္ဆာဒိဋ္ဌိအယူရှိကုန်သော တိတ္ထိ
ဆရာတို့ ကြံဆစွဲလမ်းအပ်သော နိဗ္ဗာန်
ကို"မိစ္ဆာ ဒိဋ္ဌိနိဗ္ဗာန်"ဆိုသတည်း။ထိုမိစ္ဆာ
ဒိဋ္ဌိနိဗ္ဗာန် သည်"ပဉ္စဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါ"
ဟူသော ပါဠိတော် ပုဒ်တို့၌လည်းကောင်း
"နိဗ္ဗာနံ နိဗ္ဗာနတော သဉ္စာတိ"အစရှိ
သော မူလပရိယာယသုတ်တို့၌လည်း
ကောင်း လာပေသည်။
သမ္မုတိနိဗ္ဗာန်။ ။သမ္မုတိနိဗ္ဗာန်ဆိုသည်
ကား လောက၌ဖြစ်ပွားသော မီးဘေး၊
ရေဘေး၊မင်းဘေး၊ရန်သူဘေး၊ဓားမြ
ခိုးသူဘေး၊သတ္ထန္တရကပ်ဘေး၊ဒုဗ္ဘိက္ခိန္တရ
ကပ်ဘေး၊တို့၏ငြိမ်းခြင်း၊ဤသို့စသည်
ဖြင့် ဤလောက၌ ဖြစ်ပွားတွေ့ကြုံရ
သော ဘေးအပေါင်း၊ရန်အပေါင်း၊ဒဏ်
အပေါင်း ၊အန္တရာယ်အပေါင်း၊အပြစ်
အပေါင်း ၊ဥပါဒ်အပေါင်းတို့၏ ငြိမ်းခြင်း
ဟူသမျှသည် "သမ္မုတိနိဗ္ဗာန်"မ ည်၏။
ထိုသမ္မုတိနိဗ္ဗာန်သည်-
"မနော နိဗ္ဗတိ တာဝဒေ၊ရာဂေါ ဝူပသမ္မတိ
၊အန္တရာယော ဝူပသမ္မတိ "
အလောင်းတော် သိဒ္ဓတ်မင်း၏ တင့်တယ်
ခြင်း ကျက်သရေ ကိုမြင်၍ ကိသာဂေါ
တမီ ရွတ်ဆို ကျုးရင့်သော"နိဗ္ဗုတာနုနသာ
ရီ"အစရှိ သော ၃ဂါထာတို့၌ နိဗ္ဗုတာ
ပုဒ် တို့ဖြင့် လာသော နိဗ္ဗာန် သည်လည်း
သမ္မုတိ နိဗ္ဗာန် ပင်တည်း။
တဒင်္ဂနိဗ္ဗာန်။ ။တဒင်္ဂနိဗ္ဗာန် ဆိုသည်ကား
လောက၌ ဤမည်သော ဆေးမြစ်သည်
ဤမည်သောအနာကို ပယ်ဖျောက်နိုင်၏
ဟု သူ့ဆေးမြစ်နှင့်သူ့အနာ အသီးသီး
ရှိကြသကဲ့သို့ ဤမည်သော ကုသိုလ်
ဓမ္မ သည် ဤမည်သော အကုသိုလ် ဓမ္မ
ကို ပယ်ဖျောက်နိုင်၏ ဟု သူ့ကုသိုလ်
ဓမ္မ နှင့် သူု့အကုသိုလ်ဓမ္မ အသီးသီး ရှိ
ကြ၏။ထိုသို့ရှိကြရာ၌ သူ့ကုသိုလ် ဓမ္မ ၏
သူုအကုသိုလ်ဓမ္မကို ပယ်ခြင်း သည်
"တဒင်္ဂပဟာန်"မည်၏။ထိုသို့ပယ်ခြင်း
ကြောင့် ထိုထိုအကုသိုလ်ဓမ္မ၏ တစ်ခဏ
အားဖြင့် အဖြစ် ငြိမ်းခြင်း သည်"တဒင်္ဂ
နိဗ္ဗာန် "မည်သတည်း။
ဝိက္ခ မ္ဘနနိဗ္ဗာန်။ ။ဝိက္ခ မ္ဘန နိဗ္ဗာန် ဆိုသည်
ကား မဟဂ္ဂုတ်ဈာန်တရားတို့သည်
အကြင်တရားတို့ကို ဝေးစွာ ကွာသည်ကို
ပြု၍ ပယ်ရှား အပ်ကုန်၏ထိုတရားတို့၏
အရှည်အကြာအားဖြင့် အဖြစ် ငြိမ်းမှုကို
"ဝိက္ခ မ္ဘနနိဗ္ဗာန်"ဆိုသတည်းဤဝိက္ခမ္ဘန
နိဗ္ဗာန် ၏အပြားကို နဝနိပါတ် အဂုင်္တ္တုရ်
ပါဠိတော် ကို အစဉ် လျောက်ပတ်သဖြင့်
သိအပ်၏။
သမုစ္ဆေဒနိဗ္ဗာန်။ ။ သမုစ္ဆေဒနိဗ္ဗာန်သည်
လူအနာဂါမ် ရဟန္တာ ၊နတ်အနာဂါမ်
ရဟန္တာ ၊ဗြဟ္မာ အနာဂါမ်ရဟန္တာတို့၌သာ
ရှိ၏။သမုစ္ဆေဒနိဗ္ဗာန်ဆိုသည်လည်း
သဥပါဒိသေသနိဗ္ဗာန်ကို ဆိုသတည်း။
မဂ်ဖြင့် ကိလေသာ တို့ကို အကြွင်းမဲ့
ပယ်ဖြတ်ခြင်းသည် သမုစ္ဆေဒကိစ္စမည်၏။
ပယ်ဖြတ်ပြီးသော ကိလေသာ တို့၏
တဖန် အဖြစ်ငြိမ်းခြင်းသည် သမုစ္ဆေဒနိဗ္ဗာန်မည်၏။
ပဋိပဿဒ္ဓိနိဗ္ဗာန်။
ပဋိပဿဒ္ဓိနိဗ္ဗာန်ဆိုသည်ကား
အရဟတ္တဖိုလ်ကိုဆိုသတည်း၊ထိုအရဟတ္တ
ဖိုလ်ဟုဆိုအပ်သော ပဋိပဿဒ္ဓိနိဗ္ဗာန်ကို
"သဥပါဒိသေသ နိဗ္ဗာနဓာတုဝဇ္ဇာ"ဟူ
သော နေတ္တိပါဠိတော်၊"နိဗ္ဗာနသစ္ဆိ ကိရိ
ယာစ"ဟူသော မင်္ဂလသုတ်ပါဠိတော်
တို့၌သိအပ်၏။
"နိဿရဏနိဗ္ဗာန်ရှင်းတမ်း"
နိဿရဏနိဗ္ဗာန်ဆိုသည်ကား
သဥပါဒိသေသ အမည်၊အနုပါဒိသေသ
အမည်(၂)ပါးရသော ပရမတ္ထအသင်္ခတ
မဟာနိဗ္ဗာန်ကြီးကို ဆိုသတည်း။
ထိုနိဿရဏနိဗ္ဗာန်ကိုကား-
ဒွေမာ ဘိက္ခဝေ နိဗ္ဗာနဓာတုယော၊ကတ
မာဒွေ၊သဥပါဒိသေသာစ နိဗ္ဗာနဓာတု၊
အနုပါဒိသေသာစ နိဗ္ဗာနဓာတု။
ဟူသော ဣတိဝုတ်ပါဠိတော် အစရှိ သည်
တို့၌ သိအပ်၏။ ဤဣတိဝုတ်ပါဠိတော်
၌-
ဧကာ ဟိ ဓာတု ဣဓ ဒိဋ္ဌဓမ္မိကာ၊သဥပါဒိ
သေသာ ဘဝနေတ္တိသင်္ခယာ၊အနုပါဒိ
သေသာ သမ္ပရာယိကာ၊ယမှိ နိရုဇ္ဈန္တိ
ဘဝါနိ သဗ္ဗသော။ဟု သဥပါဒိသေသ
နိဗ္ဗာန် ကို ဒိဋ္ဌဓမ္မိကနိဗ္ဗာန်ဟူ၍ လာပြန်
၏။အနုပါဒိသေသနိဗ္ဗာန်ကို သမ္ပရာယိက
နိဗ္ဗာန် ဟူ၍လာပြန်၏။
အဋ္ဌကထာ ၌လည်း-
ဒိဋ္ဌဓမ္မိကာတိ ဣမသ္မိံ အတ္တဘာဝေ
ဘာဝါ ဝတ္တမာနာ။သမ္ပရာယိကာတိ၊
သမ္ပရာယေ ခန္ဓတေဒတော ပရဘာဂေ
ဘဝါ ဝတ္တမာနာ ဟု ဖွင့်၏။
ဒိဋ္ဌဓမ္မိကာတိ၊ဒိဋ္ဌဓမ္မိက ဟူသည်ကား။
ဣမသ္မိံ အတ္တဘာဝေ ၊ဤပစ္စုပ္ပန်အတ္တ
ဘော၌၊ဘဝါ၊ဖြစ်သည်တည်း။သမ္ပရာယိ
ကာတိ၊သမ္ပရာယိက ဟူသည်ကား။
သမ္ပရာယေခန္ဓဘေဒတော ပရဘာဂေ၊
ပစ္စုပ္ပန် ခန္ဓာပျက်ဆုံးသည်မှ နောက်အဖို့
၌။ဘဝါ၊ဖြစ်သည်တည်း။ဝတ္တမာနာ၊
ဖြစ်သည်တည်း။
နိဗ္ဗာန် သည် နိဗ္ဗာန်အနေအားဖြင့် ထင်
ရှားရှိသောကြောင့်"ဘဝါ"ဟုဆိုသင့်၏။
အနမတဂ္ဂသံသရာ၌ အစဉ် အမြဲတည်
သောကြောင့် "ဝတ္တမာနာ "ဟုဆိုသင့်၏။
ဥပါဒ် ၊ဇာတိနှင့် ဖြစ်ပေါ်မှုဟူ၍ လုံးလုံး
မရှိသောကြောင့် "ဇာတိ"ဟူ၍လည်း
ကောင်း၊"ဥပန္န"ဟူ၍လည်း ကောင်း၊
"နိဗ္ဗတ္တာ "ဟူ၍လည်း ကောင်း မဆိုသင့်။
[ဆက်၍ရေးဦးမည်] ၂၇၊၈၊၂၀၁၄၊နံက်
၎နာရီ ။
Ashin Tayzawbarthaposted toဝိဘဇ္ဇ ဝါဒီ
August 29
"ဒွိဟသံသယ ပုစ္ဆာ များကိုဆက်လက်
ဖြေဆို ခြင်း"
ဤဣတိဟုတ်အဋ္ဌကထာ၌ ဘဝါ၊ဝတ္တမာနာ ဟုလာသည်ကိုထောက်
၍ နိဗ္ဗာန် မှတခြားတစ်ပါးသော သင်္ခတ
တရားကဲ့သို့ ရုန့်ရင်းကြမ်းတမ်းသော
ဇာတိနှင့် ဖြစ်ပေါ်မှုသာ မရှိသည်၊အလွန်
သိမ်မွေ့  လှသော ဇာတိနှင့်ဖြစ်ပေါ်မှုကား
ရှိ၏။သဥပါဒိသ နိဗ္ဗာန် သည်မဂ်၊ဖိုလ်ဖြစ်
ပေါ်ရာမှစ၍ ဖြစ်ပေါ်၏။အနုပါဒိသေသ
နိဗ္ဗာန်သည် ပရိနိဗ္ဗာန်၊စုတိကမ္မဇရုပ်ချုပ်
သည်၏ အခြားမဲ့၌ ဖြစ်ပေါ်၏ဟု ယူကြ
ကုန်၏။အချို့ဆရာတို့ကလည်း နိဗ္ဗာန် ၏
အသစ်ဖြစ်ပေါ်ခြင်းကို အလိုမရှိကုန်၊
အဋ္ဌကထာပါဌ်၌လည်း ဘဝါ၊ဝတ္တမာနာ
ဟုလာရှိပြန်၏။ထို့ကြောင့်"ဒွေမာ
ဘိက္ခဝေ "ဟူသော ဣတိဝုတ် ပါဠိတော်
မှာလာသော သဥပါဒိသေသ နိဗ္ဗာန် ၊
အနုပါဒိသေသနိဗ္ဗာန်သည် ပရမတ္ထအသင်္ခတ မဟာ နိဗ္ဗာန် ကြီး
မဟုတ်၊ဤပါဠိတော်မှာ ကိလေသာ တို့
၏ မရှိ ခြင်းအဘာဝမတ္တဟုဆိုအပ်သော
အသင်္ခတပညတ်ကို သဥပါဒိသေသ
နိဗ္ဗာန်ဟုဆိုသည်၊ပရိနိဗ္ဗာန်စံ၍ စုတိ
ကမ္မဇရုပ် ချုပ်ပြီးနောက် ပဋိသန္ဓေခန္ဓာ
အသစ် ဖြစ်ပေါ်ခြင်းမရှိသော အဘာဝ
ပညတ်မျှကို အနုပါဒိသေသနိဗ္ဗာန်ဆို
သည်ဟု ယူကြကုန်၏။
ဤပါဠိတော်မှာ ပရမတ္ထတရားလေးပါး
တွင်အကျိုးဝင်သော အရိယာသစ္စာထိုက်
သော အသင်္ခတ မဟာနိဗ္ဗာန်ကြီး(၂)ပါး
ကိုမဟောပါဘဲ၊ပရမတ်မဟုတ် အဘာဝ
ပညတ်မျှသာဖြစ်သောနိဗ္ဗာန်(၂)ပါးကို
သာဟောတော်မူသည်ဟု ယူကြခြင်း
သည် သဘောယုတ္တိမရှိလေ။
သင်္ဂြိုဟ်ကျမ်း၌ သဥပါဒိသေသ ၊အနုပါဒိ
သေသ ဟူသော အမည်(၂)ပါး၊သုညတ၊
အနိမိတ္တ ၊အပ္ပဏိဟိတ ဟူသော အမည်
(၃)ပါးတို့နှင့် လာသော ဤပရမတ္ထအသင်္ခ
တ မဟာနိဗ္ဗာန်ကြီး ၏အပြားကိုကား
အဘိဓမ္မာ သစ္စဝိဘင်းပါဠိတော်ကို
အစဉ် လျှောက်၍ သိအပ်၏။
သဥပါဒိသေသ ။ ။တစ်ဦးသော ရဟန္တာ
ပုဂ္ဂိုလ် ၏သန္တာန်မှာပင် တဏှာ ၏ချုပ်
ငြိမ်းရာဌာန အပြားအားဖြင့် နိဗ္ဗာန် ပေါင်း
(၆၀)ဖြစ်လေရကား ရဟန္တာ ပုဂ္ဂိုလ် သန္တာန်
အများနှင့် ဝေဖန်သော် နိဗ္ဗာန် ပေါင်း
အသင်္ချေ ယျ၊့အပ္ပမေယျဖြစ်လေရာ၏။
ထိုသို့များပြားမှုသည်လည်း ချုပ်ဆုံးသော
တဏှာ ၏သင်္ချိုင်းကျရာဌာန၏ အပြားသို့
လိုက်၍ ဆိုအပ်သော များပြားမှုသာတည်း။
အနိမိတ္တ သဘောရှိ သော နိဗ္ဗာန် သည်
မူကား ၂ခု၊၃ခု များပြားရန် သဏ္ဍန်၊နိမိတ်၊
အမြိတ်အစွန်းမရှိလေရကား သန္တိလက္ခဏာအားဖြင့်(၁)ပါးတည်းသာ
တည်း၊ချုပ်သောတရားတို့၏ အပြားကို
အစွဲပြု၍ဆိုသော်လည်း လောဘ၏
အကြွင်းမဲ့ ချုပ် ငြိမ်းမှု( ၁)ပါး၊ဒေါသ၏
အကြွင်းမဲ့ ချုပ် ငြိမ်းမှု ( ၁) ပါး အစရှိ
သည်ဖြင့် တဒင်္ဂ နိဗ္ဗာန် မှာကဲ့သို့ အသေ
င်္ချေယျ၊ အပ္ပမေယျပင်ဖြစ်ရာ၏။
(ဤကား ကိလေသနိဗ္ဗာန်ဟု ဆိုအပ်သော
သဥပါဒိသေသ နိဗ္ဗာန် ၏အပြားတည်း။)
အနုပါဒိသေသ အသေင်္ချေယျ။ ။
ဝိဘင်းပါဠိတော်၌ တိုက်ရိုက် မလာငြား
သော်လည်း ဒုက္ခ နိရောဓပုဒ်၏ အစွမ်း
အားဖြင့် စက္ခု ၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်း
ဟူသော နိဗ္ဗာန် (၁)ပါး၊သောတ၏အကြွင်း
မဲ့ ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန် (၁) ပါး၊
ဤသို့စသည်ဖြင့် ခန္ဓပရိနိဗ္ဗာန်ဟု ဆိုအပ်
သော အနုပါဒိသေသ နိဗ္ဗာန် အပြားသည်
လည်းအသေင်္ချေယျ၊ အပ္ပမေယျပင်ဖြစ်ရာ၏။ ဤသို့ဖြစ်ခြင်း
သည်လည်း ချုပ်ငြိမ်းသောတရားတို့၏
အပြားသို့ လိုက်၍ ဆိုအပ်သော ဖြစ်ခြင်း
ပေတည်း။ဤကားနိဿရဏနိဗ္ဗာန်
အပြားတည်း။
နိဿရဏနိဗ္ဗာန်သို့ဆိုက်ရောက်ပုံ
ထိုနိဿရဏနိဗ္ဗာန်ဟုဆိုအပ်သော
ပရမတ္ထအသင်္ခတ နိဗ္ဗာန် သို့ ဆိုက်ရောက်
ပုံအခြင်းအရာကို နိဒါနဝဂ္ဂပါဠိတော်
ရုက္ခဝဂ်၌ ဝဋ်ဒုက္ခပွားများမှု၊ဝဋ်ဒုက္ခချုပ်
ငြိမ်းမှု ဥပမာ ဥပမေယျ အစုံစုံနှင့်တကွ
ဟော်တော်မူသော သုတ်ပေါင်း(၁၀)
မျိုးအနက် ပထမသုတ်၏ အဓိပ္ပါယ် လို
ရင်းကို ပြဆိုပေအံ့။
၁။ပထမသုတ်၌ အိုးလုပ်သော ယောက်ျား
သည်များစွာသောအိုးတို့ကို အိုးဖိုပြုလုပ်
၍ မီးဖုတ်လေရာ အလွန်ပူလှစွာသော
တစ်ခုသောအိုးကို ထုတ်ယူ၍ မီးနှင့်ဝေး
ရာ ညီမျှသောမြေအပြင်၌ ထားလာ၏။
ထိုအိုး၌ ထိုအပူသည် အစဉ်အတိုင်း ချုပ်
ငြိမ်းကွယ်ပျောက်လေ၏။အိုးသား၊အိုးကင်း
မျှတို့သာ ကျန်ရှိလေ၏။စက္ခု၊ သောတ
အစရှိ သော မိမိအဇ္ဈတ္တတရားတို့၌ ငါ၏
ဥစ္စာ၊ငါ၏မျက်စိ အစရှိ သည်ဖြင့် အကြင်
မျှလောက်သော ဘဝသံသရာကာလပတ်
လုံး သာယာသောတဏှာသည် ပွားစီး၏။
ထိုမျှလောက်သော ဘဝသံသရာ ကာလ
ပတ်လုံး ဝဋ်ဒုက္ခတရားသည် တိုးပွား
ရှည်လျားလေ၏။
၂။ ထိုမီးပုံကြီး၌ အကြင်အခါ အသစ်ဖြစ်
သော မီးစာ ထင်းတို့ကိုလည်းမထည့်ပြီ။
ရှိရင်းမီးစာဟောင်းတို့ကိုလည်း ရေနှင့်
ဆွတိဖျန်းလေ၏။ထိုအခါမှစ၍ ထိုမီးပုံ
ကြီးသည် အစဉ် အတိုင်း သေငြိမ်းပျောက်
ကွယ်လေ၏။ထို့အတူ အကြင်အခါ ၌
ထိုဗာဟိယတရား အဇ္ဈတ္တတရားတို့၌
အသစ်အသစ် ထပ်မံ သာယာ သော
တဏှာ အယှဉ်ကိုဖြတ်၏။ရှေးရှေးက
အစဉ်သာယာခဲ့၍ လာခဲ့သောတဏှာနု
သယဟောင်းတို့ကိုလည်း ပယ်နုတ်၍
ပစ်၏။ ထိုအခါမှစ၍ ဝဋ်ဒုက္ခတရားသည်
အစဉ် အတိုင်း ချုပ်ငြိမ်းလေ၏။
ဤသုတ်၌ မီးငြိမ်းမှုမှာ မီးကြွင်းမီးကျန်
မရှိ။ အကုန်လုံး အဆုံးတိုင် ငြိမ်းလေ၏။
ပြာ၊မီးသွေးမျှသာ ကျန်ရှိလေရာ၏။ထိုပြာ
မီးသွေးများသည်လည်း အတန်ငယ်ကြာ
လျှင် အကြွင်းအကျန်မရှိ ကုန်ဆုံးကွယ်
ပျောက်လတ္တံ့ ။ ထို့အတူ ရဟန္တာဖြစ်၍
ခန္ဓပရိနိဗ္ဗာန်စံသောအခါ အဇ္ဈတ္တခန္ဓာ
(၅)ပါးရုပ်၊နာမ်တရားစုသည် အကြွင်း
အကျန်မရှိ အကုန်လုံး ကွယ်ဆုံးချုပ်ငြိမ်း
လေ၏။သတ္တဝါသန္တာန်မဟုတ်၊ငှက်ပျော
တုံး၊လက်ပံတုံးနှင့်တူသော ဗဟိဒ္ဓသန္တာန်
ဖြစ်သော ဥတုဇအဋ္ဌကလပ်ရုပ်ပေါင်း
အလောင်းခန္ဓာတော် ဓာတ်တော်တို့သည်
ကြွင်းကျန်ရစ်ကုန်၏။ထိုခန္ဓာတော်
ဓာတ်တော်တို့သည် ကြွင်းကျန်ရစ်ကုန်၏။
ထိုခန္ဓာတော်၊ဓာတ်တော်တို့လည်း
မကြာမြင့်မှီ ပျောက်ပျက်ကွယ်ဆုံးလတ္တံ။
ဤကားနိဿရဏနိဗ္ဗာန်ရှင်းတမ်းအပြီး
သတ်တတည်း။ကျမ်းညွှန်း။ ။ လယ်တီ
ဆရာတော်၏ နိဗ္ဗာနဒီပနီ ကျမ်းကို မှီငြမ်း
ပြု၍ ဖြေဆိုပါသည်။
ကျန်သည့် ဂေါတြဘူ၊ဝေါဒါန်၊ မဂ်ရှင်းတမ်း
ကိုလည်း ဖြေဆိုမည်ဖြစ်ကြောင်း
သတင်းကောင်းကြားလိုက်ပါသည်။
 Ashin Tayzawbarthaposted toဝိဘဇ္ဇ ဝါဒီ
August 30
"ဂေါတြဘူဝေါဒန်၊မဂ်ရှင်းတမ်း"
"အနုလောမံ ဂေါတြဘုဿ
အနုလောမံ ဝေါဒါနဿ"
ဟောတာက အနုလောမံ နဲ့ ဂေါတြဘူ
ဟာ ကာမဘုံ ခြင်းတူပါတယ်။ဒါပေမဲ့
အနုလုံဇယားမှာပြထားတဲ့အတိုင်း
တေဘူမက သခါင်္ရ ကိုအာရုံပြု ပါတယ်။
ဂေါတြဘူက နိဗ္ဗာန် ကို အာရုံ ပြုပါတယ်။
ဘုံတူပြီး အာရုံ ကွဲတဲ့နေရာမှာလဲ အန္တရ
ပစ္စည်း ၊အာသေဝနပစ္စည်းတတ်ကြောင်း
ကို ဟောပါတယ်။ပြီးတော့ "ဂေါတြဘူ
မဂ္ဂဿ၊ဝေါဒါနံမဂ္ဂဿ"
ကတော့ ဂေါတြဘူ ဝေါဒါန်နဲ့ မဂ်ဟာ
ဘုံမတူပါဘူး။ဂေါတြဘူ ဝေါဒါန်က ကာမ
ဖြစ်ပါတယ် ။မဂ်က လောကုတ္တရာ လဲ
နိဗ္ဗာန်ကို အာရုံပြုလေတော့ အာရုံ တူပါ
တယ်။ဘုံကွဲပါတယ်။အဲဒီလို ဘုံတူ အာ
ရုံကွဲ၊အာရုံတူ ဘုံကွဲမှာလဲ အနန္တရ သတ္တိ
ဖြင့် ကျေးဇူုးပြု ကြောင်း ကိုပြပါတယ်။
{အသံဖမ်း ပဋ္ဌာန်း ပို့ချစဉ်ကျမ်း၊ပဉှာဝါရ
စာ၊၂၃၇၊}
သောတာပတ္တိ မဂ်၏ ရှေ့သွားဖြစ်သော
ဉာဏ် သည် ပုထုဇဉ် အနွယ်ကိုလွှမ်းမိုး
ဖြတ်တောက်၍ အရိယာအနွယ်ကို
ပေါ်ပေါက်စေတတ်သောကြောင့် မုချ
`ဂေါတြဘူ´မည်၏။ဤအထက်မဂ်တို့၏
ရှေ့သွားဖြစ်သော ဉာဏ် ကား ထိုကဲ့သို့
ပုထုဇဉ် အနွယ်ကို ဖြတ်တောက်ဖွယ်၊
အရိယာအနွယ်ကို ဖြစ်ပေါ် စေဘွယ်
မရှိတော့ရကား၊မုချအားဖြင့် ဂေါတြဘူ
အမည်မရနိုင်၊သို့သော် မဂ်တရား၏
ရှေ့သွားခြင်းတူသောကြောင့် သဒိသူ
ပစာရ ပရိယာယ်အားဖြင့်`ဂေါတြဘူ´
ဆိုလိုလျှင် ဆိုဥုးတော့၊စင်စစ်မှာမူ
အချို့ချို့သော ကိသောတို့မှ ထပ်မံစင်
ကြယ်သောကြောင့်၎င်း၊စင်စစ် စင်ကြယ်
သော နိဗ္ဗာန် ကို အာရုံ ပြုသောကြောင့်၎င်း
`ဝေါဒါန´ဟု ဆိုရပေသည်။[ဝေါဒါန
သဒ္ဒါသည် စင်ကြယ် ခြင်း၊ဖြူစင်ခြင်း
အနက်ကိုဟော၏။]
ပဌမ မဂ္ဂ ပုရေ စာရိက ဉာဏံ ဟိ ပုထုဇ္ဇန
ဂေါတ္တာဘိဘဝနတော၊ အရိယဂေါတ္တ
ဘာဝနတောစ နိပ္ပရိယာယတော
ဂေါတြဘူတိ ဝုစ္စတိ၊ ဣဒံ ဒုတိယမဂ္ဂေ
ပုရေ စာရိက ဉာဏံ ပန တံ သဒိသတာယ
ပရိယာယတော ဂေါတြဘု၊ ဧကစ္စ
သံကိလေ ဝိသုဒ္ဓိယာ ပန အစ္စန္တ ဝိသုဒ္ဓိယာ
(နိဗ္ဗာနဿ)
အာရမဏကရတောစ ဝေါဒါနန္တိ ဝုစ္စတိ၊
(မဟာဋီကာ)အရှင်ဇနကာဘိဝံသ၏
ဝီထိနှင့်သုံးချက်စုဘာသာဋီကာ ၊စာ-၅၂၊
ဓမ္မ သင်္ဂဏီ အဋ္ဌကထာ ၌လာသော
မဂ္ဂ ဝီထိ ပါဌ်ရှောက် အဓိပ္ပါယ် ကို
ဆက်၍ပြဆိုဦးအံ့။
ဂေါတြဘူ ဉာဏ် သည် နိဗ္ဗာန် ကိုအာရုံပြု
၏၊အရိယာမဂ်ဉာဏ်သည် လောဘက္ခန္ဓ
အစရှိ သော ကိလေသာ အစုကို ဖောက်
ခွဲ၏။ဂေါတြဘူခဏ၌ ကိလေသာ တို့
သည် မကုန်သေး။စင်စစ်မူကား၊ကုန်သ
လောက်သာဖြစ်၏ဝိတဏ္ဍဝါဒီ၏ အယူ
အားဖြင့် ကိလေသာ ကုန်ခြင်းသည်လျှင်
နိဗ္ဗာန် မည်ခဲ့သော် ကိသေသာ မကုန်
သေးသော ဂေါတြဘူ ခဏပင်လျှင်၊ ကိ
လေသာကုန်ခြင်းဟူသော နိဗ္ဗာန်ကို
ပညတ်သည်မည်၏။မပယ်အပ်သေးသော
အနုသယတို့၌ပင်လျှင် အနုသယကို ပယ်
ခြင်းဟု ဆိုအပ်သော နိဗ္ဗာန် ကိုပညတ်
သည်မည်၏။ကိလေသာကုန်ခြင်းသည်
လျှင် နိဗ္ဗာန် မည်၏ ဟူသော ရှေးစကား
နှင့် ကိလေသာမကုန်မှီ ဂေါတြဘူ ခဏ
က နိဗ္ဗာန် သို့ရောက်၏ဟူသော နောက်
စကားသည် မညီညွတ်ခဲ့။ ထို့ကြောင့်
ကိလေသာ ကုန်ခြင်မျှကို နိဗ္ဗာန်ဟု မယူ
မူ၍ နိဗ္ဗာန်ကို အစွဲပြု၍ ရာဂအစရှိသော
ကိလေသာ တို့သည် ကုန်ကုန်၏။
ထို့ကြောင့် တစ်ပါးတည်း သော နိဗ္ဗာန်
ကိုသာလျှင် ရာဂက္ခယ၊ ဒေါသက္ခယ၊
မောဟက္ခယ ဟူ၍ ဟောတော်မူအပ်၏။
ထိုသုံးပါးသောအမည်တို့သည်လည်း
တစ်ပါးတည်း သော နိဗ္ဗာန် ၏သာလျှင်
အမည်တို့တည်း ဟု ယူလော့ဆိုတော်
မူကုန်၏။ ဆက်လက်၍ သမ္မောဟ
ဝိနောဒနီ အဋ္ဌကထာ ကို ပြဆိုဦးအံ့။
ဤအဋ္ဌကထာ၌၊ ဂေါတြဘူ စိတ်သည်
နိဗ္ဗာန် ကို အာရုံ ပြု၏၊ဟူကာမျှဖြင့်
ကိလေသာ ၏ကုန်ခြင်းဟူသော နိဗ္ဗာန်
သို့ရောက် ၏ဟု ဆိုခြင်းငှါမတတ်ကောင်း၊
ထိုစကားမှန်၏။စိတ်သည် ပစ္စုပ္ပန် ၊အတိတ်
အနာဂတ် စသော အားဖြင့် အလုံးစုံ
အာရုံ ပြု၏။ ဖြစ်ပြီး ရောက်ပြီးကိုသာ
အာရုံ ပြုသည်မဟုတ်။ထို့ကြောင့်
ဂေါတြဘူ စိတ်သည် မဂ်ဖြင့် ပယ်အပ်
လတံ္တ့သော ကိလေသက္ခယ နိဗ္ဗာန် ကို
အာရုံ ပြု၍ ဖြစ်သင့်သည် မဟုတ်တုံလော
ဟူငြားအံ့၊မဖြစ်သင့်။ အဘယ့်ကြောင့်
နည်းဟူမူကား မရောက်သေးသော
နိဗ္ဗာန်ရှိသော ပုဂ္ဂိုလ် အား နိဗ္ဗာန် လျှင်
အာရုံ ရှိသော ဉာဏ် ၏ မရှိသောကြောင့်
တည်း ။ထိုစကားမှန်၏။နိဗ္ဗာန်သည်
တစ်ပါးသော လောကီတရားတို့ကဲ့သို့
မဟုတ်၊ထိုနိဗ္ဗာန်သည်ကား အလွန်နက်
နဲသော သဘောရှိ သည်၏အဖြစ်ကြောင့်
မရောက်သေးသော ပုဂ္ဂိုလ် သည်
အာရုံ ပြုခြင်းငှါမတတ်ကောင်း၊ထို့ကြောင့်
ဂေါတြဘူ ဉာဏ် သည် နိဗ္ဗာန် ကိုအာရုံပြု
၏ဟူကာမျှဖြစ်လျှင် ဂေါတြဘူ ဉာဏ် နှင့်
ပြည့်စုံသော ယောဂါဝစရ ပုဂ္ဂိုလ် သည်
နိဗ္ဗာန် သို့ရောက် ၏ဟူသော အနက်
သည်ပြီးသတည်း။(ဆက်၍ ရေးပါဦးမည်)
"ဂေါတြဘူ ၊ဝေါဒါန်၊မဂ်ရှင်းတမ်းနိဂုံး"
ယင်းကိုရည်၍ သမ္မောဟ ဝိသောဒနီ
ဋီကာ စကားအရဆိုလျှင် ကိလေသာ
ကုန်ခြင်းသည် နိဗ္ဗာန် မည်ခဲ့သော်
ကိလေသာ တို့သည် အရိယာမဂ်သို့
ရောက် မှ ကုန်သည်ဖြစ်၍ ဂေါတြဘူ
ခဏ၌၊ အမြိုက်နိဗ္ဗာန်သည် မရှိသေး၊
ယောဂါဝစရ ပုဂ္ဂိုလ် သည်လည်း
နိဗ္ဗာန် သို့မရောက်သေး။ယင်းသို့မရောက်
သေးသည်ရှိသော်၊ထိုဂေါတြဘူစိတ်
သည် မရှိ မရောက်သေးသော နိဗ္ဗာန် ကို
အာရုံ မပြုနိုင်ရကား၊ယောဂါဝစရ ပုဂ္ဂိုလ်
သန္တာန် ၌ မဖြစ် နိုင် လေရာ။ ထိုဂေါတြ
ဘူစိတ် မဖြစ် နိုင် ခဲ့သည်ရှိသော်၊ထို
ဂေါ တြဘူစိတ်မှ အနန္တရာဒိ ပစ္စည်း ကို
ယူ၍ ဖြစ် သော မဂ်သည်လည်း မဖြစ်
နိုင် လေရာ။ ယင်းသို့ အရိယာ မဂ်
မဖြစ် နိုင် သည်ရှိသော် လောက၌
ဘုရား ၊ပစ္စေက ဗုဒ္ဓါ အရိယာသာဝက
တို့သည်လည်း မဖြစ် နိုင်ရာကုန်သည်
တည်း။ထို့ကြောင့် ကိလေသာ ကုန်ခြင်း
သည်ပင် နိဗ္ဗာန် မည် ၏ ဟူ၍ သူတစ်ပါး
တို့အား ပြော ကြား သောသူသည်
လောက၌ ဘုရား ၊ပစ္စေက ဗုဒ္ဓါ အရိယာ
သာဝက တို့သည် မရှိ ကုန်၏ဟု ပြော
ကြားရာ ရောက် သောကြောင့် အလွန်
အားကြီးသော အပြစ် ဝန်ရှိသော အကု
သိုလ်ကံကို စီမံအားထုတ် ပြုလုပ် ကျင့်
ကြံသည်မည်၏။ ၎င်းဋီကာတို့၌ နီတတ္ထ၊
နေယျတ္ထ အနက် ရှိသော ၊ဇမ္ဗုကခါဒ
သုတ် ပါဠိ တော်တို့၌ ယထာဘုစ္စ ဝိနိစ္တယ
ကို၊မရကုန်သော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ် တို့
အား ကိလေသာ တို့၏ အဘာဝ မတ္တ
သည်ပင် နိဗ္ဗာန် မည်၏ဟူသော မိစ္ဆာ ဝါဒ
သည် ဖြစ်ရလေသတည်း။ အဘိဓမ္မတ္ထ
သင်္ဂဟ လက်သန်းအဋ္ဌကထာ၌ကား
ထိုသို့ သဘောရှိ သောဝါဒကို(စတု မဂ္ဂ
ဉာဏေန သစ္ဆိ ကာတဗံ္ဗ၊ မဂ္ဂ ဖလာန
မာလမ္ဗဏဘူတံ)ဟူသော နှစ်ပါးသော
ပုဒ်တို့ဖြင့် ပယ်ရှား တားမြစ်တော်မူ၏။
ထို့ကြောင့် ပစ္စက္ခ နုမာန သိဒ္ဓိ တာ
သန္နဿနေ နစ အဘာဝမတံ္တ နိဗ္ဗာနန္တိ
ဝိပ္ပဋိ ပန္နာနံ ဝါဒံ နိသေဓတိ)။ ။
အဘိဓမ္မတ္ထ ဝိဘာဝနီ ဋီကာ ၌ မိန့်အပ်
ပြီ။ ဤသို့ စကားအစဉ်လျှောက်သဖြင့်
နိဗ္ဗာန် တရား ၏ သီးသန့်  ခြားနား၊ထင်
ရှားရှိသော အဖြစ်ကိုလည်းကောင်း၊
ဂေါ တြဘူ အရိယာမဂ်ခဏမှစ၍ အရိ
ယာ ယောဂါဝစရ ပုဂ္ဂိုလ် တို့သည်
ရောက် အပ်သော အဖြစ် ကိုလည်း
စင်စစ် ယုံကြည် အပ်သတည်း။
ကျမ်းညွှန်း ။ ။ (စလင်းမြို့၊ဗိမာန်ဘုံသာ
ကျောင်း၊အရှင်ပညာသီဟမဟာထေရ်၏
အသင်္ခတ ဓမ္မ ပကာသနီကျမ်း ၊စာ၊၂၂၄၊
၂၂၆၊၂၂ရ၊)
---------------------------------------------