Sunday, September 14, 2014

အကယ်၍ (၁) 1. အကယ်၍ ငါ့မိဘ ငါ့သားသမီး ငါ့ခြေ ငါ့လက်ဟု သတ်မှတ်ခံစားတိုင်း အတ္တဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဖြစ်ပါက ပရိတ်ကြီး ၀ဋ္ဋသုတ်လာ ငုံးငှက်ကလေး၏ သစ္စပါရမီ သည်လည်းကောင်း၊ သုဝဏ္ဏသာမဇာတကလာ ဒုကူလ ပါရိကာ တို့၏ သစ္စာတရား တို့သည်လည်းကောင်း ကုသိုလ်ပါရမီ မဟုတ်သည့်အပြင် အကုသိုလ်ဖြစ်ရပေမည်။

အကယ်၍ (၁)
1. အကယ်၍ ငါ့မိဘ ငါ့သားသမီး ငါ့ခြေ ငါ့လက်ဟု သတ်မှတ်ခံစားတိုင်း အတ္တဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိဖြစ်ပါက ပရိတ်ကြီး ၀ဋ္ဋသုတ်လာ ငုံးငှက်ကလေး၏ သစ္စပါရမီ သည်လည်းကောင်း၊ သုဝဏ္ဏသာမဇာတကလာ ဒုကူလ ပါရိကာ တို့၏ သစ္စာတရား တို့သည်လည်းကောင်း ကုသိုလ်ပါရမီ မဟုတ်သည့်အပြင် အကုသိုလ်ဖြစ်ရပေမည်။
-----------------------------------------------
'ငါ၊သူတပါး၊ယောက်ျား၊မိန်းမ၊င့ါဟာ' ဟူသော အထင်အမြင်မျိုးသည် ပညတ်သက်သက်ဖြစ်သော အထင်အမြင်နှင့် 'တဏှာ၊မာန၊ဒိဋ္ဌိ' တို့မှ လာသော အထင်အမြင်ဟူ၍ နှစ်မျိုးနှစ်စားရှိ၏။
မိစ္ဆာဒိဋ္ဌိမှ လာသော 'အတ္တ၊ငါ' သဘောသည် .............
ဇီဝအတ္တစွဲလမ်းပုံ။......။ ဤခန္ဓာကိုယ်တွင်း၌ 'အသက်ကောင်'ဟု ခေါ်ရသော 'အတ္တ' ရှိ၏၊ ထို အတ္တသည် အလွန်သတ္တိကောင်း၏၊ (ကာရက) ပြုလုပ်ဖွယ်ဟူသမျှကို ပြုလုပ်တတ်၏၊ ဥပမာ- ခြေလှမ်း၍ သွားနေရာ၌ ခြေထောက်၏ သတ္တိမဟုတ်, အတွင်းက အတ္တ၏ သတ္တိပင်တည်း၊ အတ္တ၏ အလိုကြောင့် ခြေထောက်ကြီး မြှောက်လိုက်ချလိုက်နှင့် ရှေ့သို့တိုးလျက် နေရ၏၊ ကောင်းမှု မကောင်းမှု အစုစုကို ထို အတ္တ၏ သတ္တိကြောင့် ပြုမိကြ၏၊ အတ္တက ကောင်းမှုကို ပြုချင်လျှင်အတ္တအမိန့်အတိုင်း ကိုယ်နှုတ်တို့က ကောင်းမှုကို ပြုလျက်ဖြစ်ကြရ၏။ (*** ဤအယူအဆကို သေသေချာချာဆင်ခြင်ကြည့်ပါက 'စိတ်၊စေတသိက်' တို့ ခြယ်လှယ်မှုကြောင့် ကောင်းမှု မကောင်းမှုကို ပြုချင်ခြင်းနှင့် ခြားနားသည်ကို သဘောပေါက်တန်ရာ၏။ အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် 'သူလုပ်သူရ ငါလုပ်ငါရ' ဟူသော ကမ္မဿတာသမ္မာဒိဋ္ဌိကို 'သူငါ အတ္တစွဲမှမလွတ်' ဟု ဆင်ခြင်ဉာဏ်ခေါင်းပါးစွာ ဆိုကြချေကုန်၏။ ထိုသူတို့သည်ပင် 'ရုပ်ကား မသိ၊နာမ်ကားသိသည်၊ နာမ်ကြောင့်သာလျှင် ဤကိုယ်ခန္ဓာကြီး လှုပ်ရှားသက်ဝင်ရပေသည်၊ ရုပ်ကြောင့်ကုသိုလ်အကုသိုလ်မဖြစ်၊ နာမ်တရားကြောင့်သာလျှင် ကုသိုလ်အကုသိုလ်ဖြစ်၏' ဟု ဆိုကြပြန်ပါသေး၏။ သို့ဆိုပါလျှင် နာမ်တရားသည် ပြုစီရင်သူ အသက်ဇီဝအတ္တဖြစ်၏ ဟု ဆိုရမလိုဖြစ်နေပေသည်။ နာမ်တရားသည် အာရုံနှင့် ဒွါရထိခိုက်မှပေါ်သည်ဟု ဆင်ခြေပေးနိုင်သော်လည်း ဆုံးဖြတ်ခြင်း ကြံစည်ခြင်း တွေးတောခြင်း လက်ခံခြင်းတို့ကို ကျွန်ုပ်တို့ ဆန္ဒအတိုင်းပြုနိုင်သည်။ ဒါဆို ဆန္ဒက အတ္တဟု ဆိုရမလိုဖြစ်နေသည်။ ဤကားစကားချပ်တည်း။ ရည်ရွယ်ချက်မှာ သမုတိဒေသနာနှင့် ပရမတ်ဒေသနာ အမှန်2ခုအနက် သမုတိကို ဆော်ပလော်တီးပြီး တရားဟောလည်း အားနည်းချက်က ထွက်လာမှာပဲ။ သူ့အမှန်နှင့်သူ သူ့နယ်နဲ့သူမှန်တာကို လက်ခံပေးစေချင်လို့ပါ။ဟဲဟဲ၊ ဒီထက်ပို ရယ်စရာကောင်းတာက အတ္တ ဇီဝ သတ္တ ဆိုတာ ဘာမှန်းသေချာမသိပဲ ရမ်းပြီး အတ္တအမြင်တို့ သတ္တ၀ါရှိမရှိတို့ ပြောနေကြသေးတယ်။ )
ဝေဒက။..................။ ကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်း အတ္တသည် ခံစား၏၊ နာကျင်မှု အရသာရှိမှုစသော ခံစားဖွယ်ဟူသမျှကို အတ္တက ခံစား၏၊ 'ယခုလို ဘ၀က ကောင်းမှု မကောင်းမှုကို ပြုခဲ့သည့်အတိုင်း နောင်ခါ မိမိပြုအပ်သော ကောင်းကျိုး မကောင်းကျိုးကို အတ္တသည်ပင် ခံစားရလိမ့်မည်-ဟူလို။
သာမီ။....................။ ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် ပိုင်နိုင် အုပ်စိုးနိုင်သောကြောင့် ထို အတ္တသည် ခန္ဓာအိမ်၏ အရှင် ခန္ဓာအိမ်ပိုင် ဖြစ်၏။ ( ကမ္မသကတာသမ္မာဒိဋ္ဌိကို အတ္တဒိဋ္ဌိနှင့် စပ်ဆိုင်နေသည်ဟု ဆိုသူတို့ကပင် အပါယ်လေးဘုံသည် ပုထုဇဉ်တို့၏ ကိုယ်ပိုင်အိမ်ဟု ဆိုကြချေ၏။ )
နိဝါသီ။...................။ ခန္ဓာကိုယ် အဟောင်း ဆွေးမြေ့ ပျက်စီးသော အခါ ခန္ဓာအိမ်အသစ်ကို စီမံဖန်တီးလျက် ထိုခန္ဓာအိမ်အသစ်သို့ ရွှေ့ပြောင်းနေထိုင်တတ်သောကြောင့် ခန္ဓာအိမ်သာပျက်၏၊ အတ္တကား အပျက်အစီးမရှိ, အမြဲတည်သည်။ တချို့က 'ဤအသက်ဇီဝအတ္တသည် ပရမအတ္တ၏ အစိတ်အပိုင်းဝါ ပရမအတ္တ၏ အဖန်ဆင်းခံဖြစ်၍ ခန္ဓာအိမ်ပျက်ချိန်ကျသောအခါ မူလဖန်ဆင်းလိုက်သော ပရမအတ္တအထံသို့ ပြန်သွားသည်' ဟု ယူဆကြသတဲ့။
သယံဝသီ။..............။ ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် မိမိအလိုသို့ လိုက်ပါစေနိုင်သည်၊ ဤနိဝါသီနျင့် သယံဝသီပုဒ်တို့အရ 'အတ္တသည် မပျက်မစဲ အမြဲတည်သော အနှစ်သာရ အမာခံ အထည်ကိုယ်တည်း, မိမိအလိုသို့ လိုက်ပါစေနိုင်သော ၀သ၀တ္တနသဘော ရှိ၏' ဟု စွဲလမ်း မှတ်ထင်ကြသည်။
သက္ကာယဒိဋ္ဌိ။...........။ ဤသို့စွဲလမ်းရာ၌ ခန္ဓာငါးပါးတွင် တချို့က ၀ိညာဏက္ခန္ဓာကို အတ္တဟု စွဲလမ်း၍, တချို့က ရူပက္ခန္ဓာကို စွဲလမ်း၏၊ တချို့က စေတသိက်ခန္ဓာတစ်ပါးပါးကို စွဲလမ်း၏၊ ဤသို့ ခန္ဓာငါးပါး၌ အတ္တဟု စွဲလမ်းမှုကို 'သက္ကာယဒိဋ္ဌိ' ဟု ခေါ်၏၊ ဤအတ္တ၀ါဒုပါဒါန်တည်း။ မည်သည့် ဒိဋ္ဌိမဆို ဤသက္ကာယဒိဋ္ဌိမှ ဆက်သွယ်၍ ဖြစ်ပေါ်လာရသဖြင့် ဤသက္ကာယဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိဟူသမျှ၏ အရင်းခံမျိုးစေ့ဖြစ်သည်ဟု သဠာယတနသံယုတ် စိတ္တ၀ဂ်၌ မိန့်တော်မူသည်။
[သန္တော+ကာယော သက္ကာယော, သက္ကာယေ+ ပ၀တ္တာ+ ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ၊ သန္တော-ထင်ရှားရှိသော၊ ကာယော-ခန္ဓာငါးပါးအပေါင်းတည်း၊ သက္ကာယော-ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၊ သက္ကာယေ-ပရမတ္တအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်းတို့၌၊ ပ၀တ္တာ-ဖြစ်သော၊ ဒိဋ္ဌိ-သည်၊ သက္ကာယဒိဋ္ဌိ-သက္ကာယဒိဋ္ဌိ မည်၏။]
ထိုဇီဝအတ္တကို သက္ကတ၌ 'အာတ္မာ(ပါဠိလို အာတုမာ)' ဟု ခေါ်၏၊ ပါဠိတော်များ၌ '*** ဇီဝ,သရီရ,ပုဂ္ဂလ,သတ္တ' ဟု အမျိုးမျိုးခေါ်၏ (ဇီဝအသက်သည် ရိုးရိုးအသက်မဟုတ် ခိုင်မြဲသောအတ္တဇီဝ၊ ပုဂ္ဂလသည် ရိုးရိုးသူငါပုဂ္ဂိုလ်မဟုတ် အတည်သူငါအတ္တ၊ သတ္တသည် ရိုးရိုးသတ္တ၀ါမဟုတ် အတ္တသဘောသတ္တတည်း။ ထို့ကြောင့် ရဟန္တာကို ပုဂ္ဂလအတ္တအားဖြင့်ရည်စူး၍ မေးသော အမေး၊ သတ္တ၀ါသေပြီး ဖြစ်မဖြစ်မေးတို့၌ မြတ်ဘုရားသည် သမရိုးကျမဟုတ်သော အဖြေကိုသာ ပေးတော်မူ၏။ အမှန်စင်စစ် ပညတ်အနေဖြင့်မူကား မြတ်ဘုရားသည် ရဟန္တာ ပရိနိဗ္ဗာန်စံပြီးနောက်ဘ၀ မရှိသည်ကိုလည်းကောင်း၊ သတ္တ၀ါသေပြီး ကံအလိုက် ထိုထိုဘုံဘ၀၌ ပဋိတစ်ဖန် သန္ဓေဆက်ပြန်သည်ကိုလည်းကောင်း ဟောတော်မူ၏။****) အာရဗီဘာသာ၌ 'ရူဟ်', အင်္ဂလိပ်ဘာသာ၌ 'ဆိုးလ်' ဟု ခေါ်သတဲ့။ ဤအတ္တသည် တကယ်ဧကန်အမှန်ရှိ၏' ဟု ထင်မှတ်သော အယူသာလျှင် အတ္တ၀ါဒုပါဒါန်ဒိဋ္ဌိတည်း။ အများပြောနေကျအတိုင်း 'အတ္တာ ဟိ အတ္တနော နာထော၊ မိမိကိုယ်သာကိုးကွယ်ရာ၊ အတ္တဒီပါ (မိမိကိုယ်ကို မှီခိုအားထားနိုင်ရာကျွန်းကြီးသဖွယ်ဖြစ်ပါစေ၊ အတ္တသရဏာ (မိမိကိုယ်ကို ကိုးကွယ်ရာ) ' စသည်ဖြင့် (***ရှင်တော်ဗုဒ္ဓကိုယ်တော်တိုင်) ဟောပြမှုမှာ အတ္တ၀ါဒုပါဒါန် မဟုတ်။ ဤဥပါဒါန်အားဖြင့် ခွဲခြားရာ၌ အတ္တ၀ါဒုပါဒါန်နှင့် သီလဗ္ဗတုပါဒါန်ဒိဋ္ဌိတို့မှ ကြွင်းသော ဒိဋ္ဌိဟူသမျှကို ဒိဋ္ဌုပါဒါန်ဟုချည်းမှတ်ပါ။ နိက္ခေပကဏ္ဍပါဠိတော်၌ 'ထပေတွာ သီလဗ္ဗတုပါဒါနဉ္စ အတ္တ၀ါဒုပါဒါနဉ္စ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌိုပါဒါနံ' ဟုမိန့်ပြီ။
ဒိဋ္ဌိနှင့်မာန။.........။ ဒိဋ္ဌိသည် လောကီခန္ဓာငါးပါးကို 'အတ္တ' ဟု စွဲလမ်း၏၊ မာနကား ထို ခန္ဓာငါးပါးကိုပင် **** အဟံ- ငါ**** ဟု ထင်မှတ်၏။ မာနဖြစ်ခိုက် ဒိဋ္ဌိဖြစ်ရိုးမရှိ။ (ဟဲဟဲ ငါငါ ဆိုပြီးမာနကြီးနေတဲ့လူကို သက္ကာယဒိဋ္ဌိကြောင့်လို့ မထင်လိုက်လေနဲ့ အနာဂါမ်လည်း မာနမပယ်ရသေးဘူး)
(သဂြိုလ်ဘာသာဋီကာ)
စွဲလမ်းသော အခြင်းအရာ ၃-ပါး (သာသန၀ိသောဓနီ
''ဧသောဟ မသ္မိ၊ ဧတံ မမ၊ ဧသော မေ အတ္တာ'' ဤသုံးပါးကား
စွဲလမ်းပုံ အခြင်းအရာ သုံးပါးတည်း။
၁။ ဧသော=ဤသည်ကား၊ အဟံ=ငါသည်၊ အသ္မိ=ဖြစ်၏။
မာနစွဲလမ်းပုံ။
၂။ ဧတံ=ဤသည်ကား၊ မမ=ငါ့ဟာတည်း။ တဏှာစွဲလမ်းပုံ။
၃။ ဧသော=ဤသည်ကား၊ မေ=ငါ၏၊ အတ္တာ=အတ္တတည်း။
ဝါ=အထည်ခံ အမာခံ အနှစ်အသားတည်း။ ဒိဋ္ဌိစွဲလမ်းပုံ။ (ဘာဝနာဒီပနီ)
မောင်ဘိုးမင်း လျှောက်လွှာစိစစ်ချက်
မောင်ဘိုးမင်းလျှောက်လွှာမှာ-''ပရမတ္ထသစ္စာ, သမုတိသစ္စာ ၂-
ရပ်ရှိသည်တွင် ၄င်းသမုတိသစ္စာသည် ကမ္ဘာဦးသူတို့ လောကသင်္ကေတအားဖြင့် ခေါ်ဝေါ်ပညတ်သမုတ်အပ်သော ပညတ္တိဓမ္မမျှသာ ဖြစ်၍
ဇာတိဥပါဒ်နှင့်တကွ မရှိခြင်းကြောင့် စုဆောင်းပေါင်းသင်း၍ ရကောင်း
သောတရားမျိုး မဟုတ်၊ အတွေ့အထိမှ ခံနိုင်ကောင်းသော တရားမျိုး
မဟုတ် ဖောက်ပြန်ပျက်စီးတတ်သောတရားမျိုး မဟုတ်၊ ဉာဏ်ဖြင့်လည်း
မမြင်ရ၊ စက္ခုဝိညာဏ်ဖြင့်လည်း မမြင်ရ၊ မနောဝိညာဏ်မှ မိစ္ဆာဒိဋ္ဌိက
သာလျှင် အလုံး, အခဲ, အဝိုင်း, အပြား, အရှည်, အတို, ကိုယ်လက်,
မျက်ခွက်, နား, နှာခေါင်း အမှန် သဏ္ဌာန်အမျိုးမျိုး အိုးခွက် ကွဲပျက်
ခြင်း, သစ်ပင်သစ်ရွက် ပျက်စီးဖောက်ပြန်ခြင်း, ခြေ လက် နား နှာခေါင်း
ပျက်စီးဖောက်ပြန်ခြင်းများကို မိစ္ဆာဒိဋ္ဌိကသာလျှင် မြင်သည်ဟု
တပည့်တော်ယူပါသည်'' ဟူသော စကားပါရှိသည်။
ထိုတွင် ''`ဉာဏ်ဖြင့်လည်း မမြင်ရ၊ စက္ခုဝိညာဏ်ဖြင့်လည်း
မမြင်ရ'' ဟူသောစကား၌ ဉာဏ်ဖြင့်မမြင်ရသော တရားဟူ၍မရှိ၊
အလုံးစုံသော ပရမတ်တရားကိုလည်း ပရမတ်အနေအားဖြင့် ဉာဏ်သည်
သာ သိနိုင်မြင်နိုင်၏။ ။ အလုံးစုံသောပညတ်တရားကိုလည်း
ပညတ်အနေအားဖြင့် ဉာဏ်သည်သာ သိနိုင် မြင်နိုင်၏။
ထို့ကြောင့် မြတ်စွာဘုရားကို ''သဗ္ဗညူဟူ၍လည်းကောင်း,
သဗ္ဗဒဿာဝီ'' ဟူ၍လည်းကောင်း ခေါ်ဆိုရ၏။
သဗ္ဗညူ ဆိုသည်ကား- သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်
တည်းဟူသော ဉေယျဓံတရားငါးပါးကို အြ<ွကင်းအကျန်မရှိ၊ အလုံးစုံ
သိတော်မူလေ့ရှိသည်ဟု ဆိုလိုသည်။
သဗ္ဗဒဿာဝီ ဆိုသည်ကား- ပညတ်နှင့်တကွ ထိုအလုံးစုံသော
ဉေယျဓံတရား ငါးပါးကိုပင်လျှင် အကြွင်းအကျန်မရှိ၊ သဗ္ဗညူတဉာဏ်ဖြင့်
မြင်တော်မူလေ့ရှိသည်ဟု ဆိုလို၏။
စိတ်တစ်ခုယုတ် ၉ဝ-ဟူသော ပရမတ္ထတရား၌ အသီးအသီးသော
နာမပညတ်တို့သည်ရှိကြကုန်၏၊ ထိုနာမပညတ်ကို သဗ္ဗညုတÓဏ်
ဖြင့်သာ သိနိုင်မြင်နိုင်၏၊ စေတသိက်ဒွေပညာသဟူသော ပရမတ္ထတရား,
ရုပ်အဋ္ဌဝီသ, နိဗ္ဗာန်ဟူသော ပရမတ္ထတရားတို့၌ အသီးအသီးသော
နာမပညတ်တို့သည်ရှိကြ၏၊ ထိုနာမပညတ်ကို သဗ္ဗညုတÓဏ်ဖြင့်သာ
သိနိုင်မြင်နိုင်၏။ အပေါင်းအားဖြင့်လည်း ''ရူပကာယော=ရုပ်အပေါင်း,
နာမကာယော=နာမ်အပေါင်း, ရူပက္ခန္ဓော=ရုပ်တုံး-ရုပ်ခဲ, နာမက္ခန္ဓော=
နာမ်တုံး-နာမ်ခဲ'' ဟူရာတို့၌လည်း အသီးအသီးသော နာမပညတ်ကို
သဗ္ဗညုတÓဏ်ဖြင့်သာ မြင်နိုင်၏၊ ဤ၌ရုပ်အပေါင်း, နာမ်အပေါင်း,
ရုပ်တုံး, ရုပ်ခဲ, ဆိုသောစကားမှာ အပေါင်း, အတုံးအခဲဆိုလျှင် ပညတ်
ဟူ၍ ထင်တတ်၏၊ အပေါင်း, အတုံးအခဲဆိုသော်လည်း ရုပ်အစု, နာမ်
အစုကို ဆိုသည်ဖြစ်၍ ပရမတ်ပင်ဖြစ်၏။
ထိုမှတစ်ပါး လူနတ်ဗြဟ္မာ အစရှိသော အသက်ရှိသော ပညတ်မျိုး,
သစ်ပင်, ချုံနွယ်အစရှိသော အသက်မရှိသော ပညတ်မျိုးတို့၌လည်း
အသီးအသီးသော သဏ္ဌာနပညတ်မျိုး, နာမပညတ်မျိုးတို့သည် ရှိကြ၏၊
ထိုပညတ်မျိုးကိုလည်း သဗ္ဗညုတဉာဏ်တော်ဖြင့် အကုန်သိနိုင် မြင်နိုင်၏၊
ထို့ကြောင့်''သမုတိပညတ်မျိုးကိုဉာဏ်ဖြင့်မမြင်ရ'' ဟူသော မောင်ဘိုမင်း
စကားသည် လွန်၏။
''မနောဝိညာဏ်မှ မိစ္ဆာဒိဋ္ဌိကသာလျှင် မြင်သည်'' ဟူသော
စကားမှာလည်း ဝိပလ္လာသတရားသည် ၃-ပါးရှိ၏။ ၃-ပါးဟူသော်ကား
သညာဝိပလ္လာသ ၁-ပါး, စိတ္တဝိပလ္လာသ ၁-ပါး, ဒိဋ္ဌိဝိပလ္လာသ ၁-ပါး၊
ထိုသုံးပါးတို့တွင် သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ ၂-ပါးသည် ပုထုဇ္ဇန်
သတ္တဝါတို့မှာ ဒိဋ္ဌိနှင့်ယှဉ်သော ဒေါသမူစိတ်, မောဟမူစိတ်, တို့၌သာမက ***မဟာကုသိုလ်စိတ်တို့မှာပင် ရှိ၏။ ရဟန္တာမဟုတ်သေးသော အရိယာတို့၏ စိတ်၌ပင် ထိုက်သလိုရှိ၏။ ထို သညာ, စိတ္တဝိပလ္လာသ ၂-ပါးတို့ဖြင့်
လည်း အလုံး, အခဲ, အဝိုင်း, အပြား, အရှည်, အတို, စသည်တို့ကို
အဟုတ်ရှိ, အမှန်ရှိ, ဧကန်ရှိဟု-မှတ်၏၊ ထင်၏၊ မြင်၏။
ပရမတ်နှင့် ပညတ်ကိုမြင်သော တရားများ ဖြေရှင်းခန်းပြီး၏။
---------------------
အကြင်အခါ၌ ဘုရားလောင်းဖြစ်သော ငုံးငှက်လေးသည် ငါ့၌ အတောင်တို့ရှိ၏ မပျံနိုင် စသည်ဖြင့် သမုတိသစ္စာပညတ်၌ တည်၍ သစ္စာပြုမှုသည် အတ္တငါစွဲဒိဋ္ဌိမဟုတ်ရုံသာမက သစ္စပါရမီပင်မြောက်လေသည်။ မျက်စိရှေ့မှာ ပေါ်လာသော တကယ်ရှိတဲ့ အဆင်းသဘော ပရမတ်ကို ဉာဏ်ဖြင့် မမြင်ပါဘဲ မိမိပါးစပ်ပ မိန်းမပဲ, ယောက်ျားပဲ, ကျွဲပဲ, နွားပဲ, ခွေးပဲ, ကြောင်ပဲ, ခေါ်တဲ့ မရှိတဲ့ ပညတ်တွေကို မြင်နေတဲ့ အမြင်သည် မှားသော အမြင် (ကမ္မပထမြောက်သော) မိစ္ဆာဒိဋ္ဌိဖြစ်သည် ဟု မဆိုသင့်ရုံသာမက ယင်းတို့မှာ သက္ကာယဒိဋ္ဌိမျှပင် မဖြစ်ပေ။ သမုတိသစ္စာနယ်မှ အများသုံးစွဲရန်အတွက် အမှန်သမုတ်ထားသော ယောက်ျား မိန်းမ စသည်များကို ယောက်ျားအမှန်, မိန်းမအမှန်ဟု ယူဆမှု၊ ထင်မှတ်မှု, ခေါ်ဝေါ်မှု, သုံးစွဲမှုများမှာ မိစ္ဆာဒိဋ္ဌိဖြစ်မဖြစ်ကို စိစစ်နိုင်ရန်အတွက် သမုတိသစ္စာနယ်ကို ဦးစွာရှင်းလင်းသင့်ပေသည်။
လောကတွင် ကထာဟု ဆိုအပ်ကုန်သော စကားတို့သည်-
1. သမုတိကထာ
2. ပရမတ္ထကထာ- ဟူ၍ နှစ်မျိုးရှိကုန်၏။
ထိုတွင်-
သတ္တ၀ါ, လူ, ယောက်ျား, ပုဂ္ဂိုလ်, တိဿ, နာဂ- ဟူ၍ ခေါ်ဝေါ်ပြောဆိုခြင်းသည် သမုတိကထာမည်၏။
2.ခန္ဓာ ဓာတ် အာယတန- ဟူ၍ ခေါ်ဝေါ်ပြောဆိုခြင်းသည် ပရမတ္ထကထာမည်၏။
မြတ်စွာဘုရားတို့သည် ပရမတ္ထတရားတို့ကို ဟောကြားရာ၌ သမုတိကထာတို့ကို လွှတ်၍ ဟောကြားတော်မူလေ့မရှိပေ။ ယင်းတို့ကို သမုတိသစ္စာ ပရမတ္ထသစ္စာ ဟူ၍ဆိုကြရကုန်၏။
သတ္တ၀ါ, လူ, ယောက်ျားမိန်းမ, နွား, ကျွဲ -စသည့် သမုတိကထာ ၀ါ သမုတိသစ္စာကိ ပြောကြားခြင်းမှာ အပြစ်မရှိ၊ သမုတိအားဖြင့်မှန်ကန်၍ မုသာဝါဒလည်း မဖြစ်ချေ။ သမုတိဝစီသစ္စာသည် မုသာဝါဒ၏ ဆန့်ကျင်ဖက်လည်းဖြစ်သည် ကုသိုလ်ကမ္မပထမြောက်သော ပုညကိရိယာလည်းဖြစ်သည်၊ သုဘာသိတ မင်္ဂလာဝါစာလည်းဖြစ်သည်၊ အဆုံးအားဖြင့် သမ္မာဝါစာ မဂ္ဂင်လည်း ထိုက်ပေသည်။
ပရမတ်သဘာဝကို မသိမူ၍ သန္တတိဃန (သန္တတိဃနာဒီနံ အယံ ဝိသေသော – ပုရိမပစ္ဆိမာနံ ဓမ္မာနံ နိရန္တရတာယ ဧကီဘူတာနံ ဝိယ ပဝတ္တိ သန္တတိဃနတာ, ရုပ်နာမ်တရားတို့၏ တစ်ဆက်တည်း ဖြစ်ပျက်မှု သန္တာန်စဉ်), သမူဟဃန (ဧကသမူဟဝသေန ဧကီဘူတာနမိဝ ပဝတ္တိ သမူဟဃနတာ, ကွဲပြားသောသဘာဝတရားတို့၏ တစ်ခုတည်းတစ်ပေါင်းတည်းစုပေါင်းဖြစ်မှု) ကို သတ္တ၀ါ, ပုဂ္ဂိုလ်, ယောက်ျား, ကျွဲနွား စသည် ထင်မှတ် တပ်မက်မှုသည် မည်သည့်အရာမျိုးဖြစ်လေသနည်းဟူမူ သညာဝိပလ္လာသ၊ စိတ္တ၀ိပလ္လာသ, (ရဟန္တာဖြစ်မှပင် စိတ္တသညာဝိပလ္လာသကင်းလေ၏၊ အနာဂါမ်တို့၌ပင်လျှင် ရူပအရူပဈာန်ဘုံဝသည် ချမ်းသာ၏ဟူသော သညာစိတ္တ၀ိပလ္လာရှိသေး၏), သတ္တသမ္မောဟ (သတ္တ၀ါဟု တွေဝေမှု), တဏှာမညနာ (တဏှာဖြင့်အထင်ရောက်မှု), မာနမညနာ, ၀ိစိကိစ္ဆာတို့သာ အရာဌာန အခွင့်အာရုံအားလျော်စွာ ဖြစ်ကုန်ရာသည်။ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရန်မှာကား သမုတိသစ္စာ၌ပင်ထင်ရှားမရှိသော အသက်လိပ်ပြာအတ္တစွဲနှင့် သက်ဆိုင်သည့် အယူအဆအထင်အမြင်မျိုးဖြစ်မှ အခွင့်ရပေသည်။ ထင်ရှားရှိသော သက္ကာယတို့၌ ဘယ်မှာမှ ထင်ရှားမရှိသော တည်မြဲသည့် အသက်ကောင်ငါကောင်အနေဖြင့် ရှုမြင်မှ မိစ္ဆာဒိဋ္ဌိဖြစ်လေသည်။ မှားသောအမြင်ဆိုတိုင်း မိစ္ဆာဒိဋ္ဌိမဟုတ်ပါပေ။ မိခင်ဖခင်တို့သည် ပရမတ်အားဖြင့် ထင်ရှားမရှိစေကာမူ သမုတိသစ္စာအားဖြင့် ထင်ရှားရှိလေသည်။ ထိုမိခင်ဖခင်တို့ကို သတ်ဖြတ်ပါက ပဉ္စနန္တိယကံကြီးထိုက်ပေသည်။ ထိုမိခင်ဖခင်တို့အပေါ် ကျေးဇူးသိတတ်ချစ်မြတ်နိုးကြင်နာပေမှ မင်္ဂလာတရားထိုက်ပေသည်။ ပညတ် ဟူသည် ပေါ့သေးသေးရာမဟုတ်သလို မိစ္ဆာဒိဋ္ဌိအမြင်မှားမျိုးမဟုတ်ပါပေ။ ဈာန်ကျင့်စဉ်များတွင်လည်း အာရုံနိမိတ်ပညတ်ကို အခြေပြု၍သာ ဈာန်စိတ်များဖြစ်လာရပေသည်။ ဈာန်စိတ်သည် လွန်စွာထက်မြက်သော ဂရုကံ ဖြစ်ပေသည်။ ထိုဈာန်စိတ်ဖြစ်ရန်အတွက် ပညတ်နိမိတ်မှန်ကန်မှုမှာ အရေးကြီးလှပေသည်။ **** ဗုဒ္ဓဘာသာဝင်တို့ အထူးသတိပြုရန်မှာ 'မြတ်စွာဘုရားရှင်ဟောတော်မူသော ပညတ်စကားလုံးတို့ကို မြတ်စွာဘုရားရှင်အလိုတော်အတိုင်း တတ်သိနားလည်ရန်အရေးကြီးလှပေသည်။ မိမိ နားလည်ခံစားမှုမျိုးဖြင့် သိသော အနက်သိ သည် အမှန်စင်စစ်ပြည့်စုံမှုမရှိပဲ။ ပညာရှိတို့အမြင်တွင် ကန့်လန့် ဖြစ်နေတတ်ပေသည်။ သမရိုးကျ အယူအဆနားလည်မှုမျိုးမှ အမှန်သိမဟုတ်လျှင်အမှားသိဖြစ်ရမည်။ တနည်းအားဖြင့် သမ္မာဒိဋ္ဌိမဟုတ်လျှင် မိစ္ဆာဒိဋ္ဌိသာဖြစ်ရမည်။ ဤသည်မှာ လူပြိန်းသိသာဖြစ်သည်။ အမှန်မဟုတ်လျှင် အမှားသာဖြစ်ရမည်ဆိုသည့်အမြင်ဖြင့် ပိဋကတ်တော်၌ ကျက်စား၍ မရနိုင်၊ ခက်ခဲသော အဘိဓမ္မာဒေသနာတို့ကို နားမလည်နိုင်ပေ။ ဥပမာအားဖြင့် လောကီနှင့် လောကုတ်ရှိသည်။ လောကီမဟုတ်လျှင် လောကုတ်ဖြစ်ရမည်။ သို့ရာတွင် စိတ် စေတသိက်တို့ချုပ်ငြိမ်းနေသော
နိရောဓသမာပတ် ၀င်စားနေမှုသည် လောကီလည်းမဟုတ် လောကုတ္တရာကိုးပါးလည်း မဟုတ်ပါပေ။ (ကထာဝတ္ထုပါဠိတော်)။ လောကုတ္တရာဖိုလ်စိတ် ဖလသမာပတ်သည် ဒုက္ခသစ္စာလည်းမဟုတ် မဂ္ဂသစ္စာလည်းမဟုတ်ပါပေ။ စိတ္တ၀ိပလ္လာသ သညာဝိပလ္လာသတို့ ဖြစ်လျက်နှင့် မဟာကုသိုလ် ကာမကုသိုလ်များ ပါရမီကုသိုလ်များ ဖြစ်နိုင်သည်သာမက ရူပအရူပကုသိုလ်တို့လည်း ပညတ်ကိုသာအာရုံယူလျက်ဖြစ်ကြရသည်။ ငုံးငှက်လေး၏ သစ္စာပြုမှုသည် အမှန်ကို အမှန်အတိုင်း ဆိုမှုဖြစ်သည်။ အပြစ်ကင်းပြီး သမုတိအားဖြင့် မှန်ကန်သော အခြေအနေတို့၌ လုံးဝစိတ်ချယုံကြည်ပြီး အမှန်ကို လက်ခံလျှင် ထူးကဲစွာ ကုသိုလ်ဖြစ်သည့်သဘာဝရှိသည်။ ဥပမာအားဖြင့် အဖြူ၌ အဖြူဟု ထပ်ခါထပ်ခါ ကသိုဏ်းရှုပွားခြင်းမှသည် ဈာန်၏အခြေခံဖြစ်သော အာရုံနိမိတ်ရစေတတ်သည်။ သာမန်ကာလျှံကာ အဖြူကို အော်အဖြူပဲဟု မြင်ရုံမျှဖြင့် ကုသိုလ်မရနိုင်၊ သတ္တ၀ါတို့၏ အဇ္ဈာသယ အာသယအလိုက် (တချို့က ကုသိုလ်အဖြစ်များ အချို့က အကုသိုလ်အဖြစ်များ) ကုသိုလ် အကုသိုလ်ဖြစ်ပါစေဦးတော့ အားပျော့သောကံများသာဖြစ်ပေလိမ့်မည်။ ထို့အတူ ၁ နဲ့ ၁ ပေါင်း ၂ဟု သာမာန်သိရုံမျှဖြင့် ထင်ရှားသောကုသိုလ်မရနိုင်၊ ၁၂၃၄၅၆၇၈ စသည်ဖြင့် လေ့ကျင့်ခန်းလုပ်သည့် အခေါက်ကို သိရုံမျှ မထင်ရှားသောဝီထိမျှဖြင့် ကုသိုလ်မရနိုင်။ သို့သော် ပညာသင်စဉ်က ၁ နဲ့ ၁ ပေါင်း ၂ဟု စိတ်ပါဝင်စား ယုံကြည်စွာလေ့လာသဘောပေါက်ခြင်းသည် 'အပြစ်ကင်းသော အကြားအမြင်များခြင်း သိပ္ပံပညာမျာကို တတ်မြောက်နားလည်ခြင်း မင်္ဂလာကုသိုလ်တရား' ဖြစ်ခွင့်ရပေသည်။ အာနာပါန ဂဏနည်းအတိုင်း ၀င်သက်ထွက်သက်တို့၌ 12345678 စသည်ဖြင့် ရေတွက်သိခြင်းသည် ကုသိုလ်ရစေသည်။ ဈာနသမ္မာဒိဋ္ဌိကို အထောက်အပံ့ပြုသည်။
---------------
မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးက ချစ်မြတ်နိုးတက်မက်မှု ဖြစ်သည်ဆိုပါစို့။ မိန်းမဟူသော ပညတ်နှင့်တကွ ချစ်ဖွယ်ဟူသောတဏှာသည်ဖြစ်၏။ ထိုသဘောသည် သကဒါဂါမ်တို့၌ပင် ရှိသေး၏။ လောဘမူ စိတ်8ပါးတွင် ရှေ့လေးပါသည် ဒိဋ္ဌိနျင့်တကွဖြစ်၏။ သို့ရာတွင် သမုတိသစ္စာ၌ပင်မရှိသော အတ္တပညတ်ကို အာရုံယူမှသာဖြစ်သည်။ နောက်လေးပါး၌ ဒိဋ္ဌိမယှဉ်ပေ။ သက်သက်သော တဏှာ၌လည်းကောင်း မာနဖြင့်လည်းကေင်း ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိဆိုတာ ဘာမှန်း ‪#‎ပိဋကတ်အလိုကျ‬ မသိပဲ နေရာတကာ သက္ကာယဒိဋ္ဌိချည်း ဖြစ်လျှင် ဘုရား သံဃာ မိဘ ဆရာ ရှိသေတာလည်း

No comments:

Post a Comment