ငါမရှိဟု ဆိုပါက အဘယ်သူသည် ကြံစည် စိတ်ကူးနေပါ သနည်း။ (ခံစားသူ ဘဝကူးသူ တို့အားလည်း ဤအဖြေနှင့်ဆက်စပ်ပြီး ပဋိစ္စသမုပ္ပါဒ ကို လေ့လာရုံပါပဲ)
ပဋိစ္စသမုပ္ပါဒ နည်းအရ ဖြေရသော်ကြံစည်မှုသည် အကြောင်းတရား တစ်ခုကိုအမှီ ပြု၍ ဖြစ်ပေါ်လာ သောအကြောင်းတရား (Dependent Origination) ကံမ္မ ဖြစ်ပါ သည်။သင်္ခါရဖြစ်ပါသည်။ ပဋိ သန္ဓေ ဝိညာဏ် (ဘဝတစ်ခု) သို့မဟုတ် အတွေ့အကြုံ ဝေဒနာဝိညာဏ် (ဖြစ်ရပ်များ) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဝိပါက (အကျိုး) တစ်မျိုးမျိုးကိုအကျိုးတရား အနေနှင့်ထုတ်ပါမည်။ ဤသည်မှာအဝိဇ္ဇာ အကြွင်းမဲ့ မပယ်ရသေး သူများအတွက် ဖြစ်ပါသည်။
ဤမေးခွန်းကို ဖြေကြားရန် အဓိကအချက် မှာ ကြံစည်မှု၏အကြောင်းတရား ပင် ဖြစ်ပါ သည်။ မှန်ပါသည်ကြံ တွေးမှုသည် မူလ ဖန်တီးမှုအသစ် မဟုတ်ပဲအကျိုးတရား ထုတ်မည့်  အကြောင်းတရားရှိ သော အကျိုးတရားပင် ဖြစ် သော ကြောင့်  ဖြစ်သည်။ အဘယ် လျှင် အကြောင်းခံ သနည်း။ဥပါဒါန် လေးပါးလျှင် အဓိက အကြောင်းခံ၏။ အထူး သဖြင့် အာရုံများကိုစွဲလမ်း နှစ် သက် ခြင်းနှင့် အယူအဆများကိုနှစ် သက်စွဲလမ်း လက်ခံ ခြင်း ကာမုပါဒါန်နှင့် ဒိဋ္ဌုပါဒါန် ကြောင့်  ဖြစ်၏။ ကျွန်ုပ်တို့၏အတွေးများသည် အဘယ် ကြောင့်  တွေး သနည်း အဘယ်ကို တွေး သနည်း ဟုနက်နဲစွာဆင် ခြင်ပါက ထင်ရှား နားလည်နိုင်၏။ ထိုသို့ အကြောင်းခံမသိပါက ငါ ပြော၏ ငါလုပ်၏ ငါကြံ၏ ဟု ထင်မည်မှာ မလွဲတည်း။ အထင် ကြောင့်  အတွေး ပေါ်၏ အထင် သည်ပင်အတွေး ဖြစ်၏။ အထင် နှင့် ကာမုပါဒန်လည်းအဓိက အားဖြင့်  နှစ်သက်တတ်မှု ကိုအကြောင်းခံ၏။ နှစ်သက်မှုကလည်း ခံစားမှု အတွေ့အကြုံ (ဝေဒနာ) ကို အကြောင်းခံ ပြန်၏။ ဤသို့ အား ဖြင့်  ပဋိစ္စသမုပ္ပါဒဟူ သည့် အကြောင်းတရား တစ်ခု သည်အခြားအကြောင်းကို အမှီပြု၍ အကျိုးတရားကို ထုတ်လုပ်၏ဟူ သောစက်ဝန်းကို လည် စေတော့၏။ဤသို့ အား ဖြင့် ''I think, therefore I'm'' ဟူ သောအတွေး ခေါ်ရှင် ဒေးကား အမြင်နှင့်  သက္ကာယဒိဋ္ဌိကိုဗုဒ္ဓဘာသာဝင် တို့သည် ပရိယတ္တိ သုတမယပညာ (ဗဟုသတပညာ) စိန္တာမယပညာ ( ကြံစည်မှုပညာ) ဖြင့်  ပယ်ကုန် သည် ဖြစ်၏။
အဝိဇ္ဇာက အရင်းခံ ပေမဲ့မူလ အကြောင်း တော့ မဟုတ် သေးပါဘူး။ အာသဝ လေးပါးနဲ့သုတမဖက် ( ဗဟုသုတ မရှိ မရှာ ) မလေ့ကျက် (မကျင့်ကြံ အပျင်းထူ) မပွင့် ဘုရားရှင်စတဲ့ အခြားအကြောင်းများစွာ ရှိသေးတယ်။ ဒါတွေကလည်း အရင်းစစ်ရင်အဝိဇ္ဇာ ကြောင့် ပဲ ပြန်လည်လာလို့ ဒေသနာအစ မှာအရေးပါစွာ ဟောကြားတော်မူခဲ့တာပါ။ ပြီးတော့ ဒါကို ပယ်ရမှာ ဖြစ်လို့လည်းပါတယ်။လောဘ နဲ့ ဒေါသဟာ မှန်ကန်စွာ အာရုံပေါ်တွင် မသုံးသပ်ခြင်း အဝိဇ္ဇာ ကြောင့် ဖြစ်လို့ပါ။
နိဂုံးချုပ်အားဖြင့် ကြံစည်မှုသာရှိပြီး ကြံစည်သူကို ရှာ မရနိုင်ပေ။
No comments:
Post a Comment